လျစ်လျူမရှုသင့်တဲ့ Universe က ပေးပို့တဲ့ နမိတ် (၃)ခု

ဘဝမှာမျှော်လင့်ချက်မဲ့ ပြီး ပျောက်ဆုံးနေတယ်လို့ ခံစားနေရသလား။ Universe ကနေပြီးသင့်ကို စစ်မှန်တဲ့လမ်းကြောင်းဆီကိုလမ်းညွှန် ပို့ဆောင်ပေးနိုင်ပါတယ်။ ဘယ်တော့မှလျစ်လျူမရှုသင့်တဲ့ နမိတ်သုံးခုကိုဖော်ပြပေးချင်ပါတယ်။

ထပ်ခါတလဲလဲ ပုံစံများ

သင့်ဘဝမှာ ထပ်ခါထပ်ခါဖြစ်တတ်တဲ့ပုံစံတွေကို သင်သတိထားမိဖူးပါသလား။တူညီတ့နံပါတ်တွေကိုမြင်ရတာ၊ အလားတူအခြေအနေများကိုကြုံတွေ့ရတာ ဒါမှမဟုတ်တူညီတဲ့စရိုက်လက္ခဏာတွေနဲ့လူများနဲ့တွေ့ဆုံရတာ၊ ထပ်တလဲလဲပြောဆိုမှုများကတိုက်ဆိုင်မှုတခုမ ဟုတ်ပါဘူး။ ဒီအချက်တွေက သင့်ကိုအာရုံစိုက်ဖို့အတွက် Universeကပေးနေတဲ့သတင်းစကားများဖြစ်ပါတယ်။ ဒီအဓိပ္ပာယ်တွေကသင့် ဘဝခရီးအတွက်အဖိုးတန်တဲ့ထိုးထွင်းသိမြင်မှုတွေကိုပေးဆောင်နိုင်ပါတယ်။

အလိုလိုသိမြင်မှု

မင်းရဲ့ ပင်ကိုယ်သိမြင်မှုကိုယုံပါ။ စိတ်ထဲကနေ ခံစားချက်တခုခုရှိနေတာ၊စိတ်အားထက်သန်မှုတခုရှိနေတာက မှန်ကန်တဲ့လမ်းကြောင်းကို လမ်းညွှန်ပေးနေတာမျိုးပါ။ဒီခံစားချက်တွေကို လျစ်လျူရှုလိုက်တာက အခွင့်အရေးတွေဆုံးရှုံးသွားစေနိုင်ပါတယ်။မင်းရဲ့မသိစိတ်ကပြော နေတဲ့စကားတွေကို ယုံကြည်ပါ။

အိပ်မက်များနဲ့ အမြင်များ

သင့်အိပ်မက်များနဲ့ အမြင်များကို အာရုံစိုက်ပါ။ ဒီအချက်က Universeကနေ ပေးပို့တဲ့နမိတ်တွေဖြစ်နိုင်ပါတယ်။ အိပ်မက်တွေ အမြင်တွေက သင့်ရဲ့အနက်ရှိုင်းဆုံးဆန္ဒများနဲ့ကြောက်ရွံ့မှုများကို ထိုးထွင်းသိမြင်စေပါတယ်။ သင့်အိပ်မက်များကို ခွဲခြမ်းစိတ်ဖြာပြီးသတိပြုမှတ်သားထားသင့်ပါတယ်။ Universe ကနေပေးတဲ့ ဒီနိမိတ်သုံးခုကို သင်ရပြီဆိုရင် လျစ်လျူမရှုဖို့မရေးကြီးပါတယ်။

MYit

zawgyi


ထပ်ခါတလဲလဲ ပုံစံများ


အလိုလိုသိမြင်မှု




MYit

Be the first to comment

Leave a Reply

Your email address will not be published.


*