အောက်တိုဘာလမှာ comeback ကောလာဟလသတင်များထွက်နေတဲ့ G-Dragon

BIGBANG အဖွဲ့ဝင် G-Dragon က သူ့ရဲ့ comeback နဲ့ပတ်သက်ပြီးကောလာဟလများထွက်ပေါ်လာခဲ့ပါတယ်။ အောက်တိုဘာမှာ တကျော့ပြန်လာမယ်ဆိုတဲ့အပေါ်မှာသူ့ရဲ့အေဂျင်စီက အဲဒီထင်မြင်ချက်များကိုဖြေရှင်းခဲ့ပါတယ်။ဩဂုတ်လ ၁ ရက်နေ့က Park Myung Soo က သူ့ရဲ့ ရေဒီယိုရှိုးမှာ “G-Dragon က နောက်လမှာပြန်လာမယ်လို့ ကြားတယ်” လို့ ပြောခဲ့ပါသေးတယ်။ Infinite Challenge မှာ အတူတူနေချိန်မှာ G-Dragon နဲ့ Park Myung Soo တို့ရဲ့ရင်းနှီးသောဆက်ဆံရေးကြောင့် သူရဲ့မှတ်ချက်က G-Dragon ရဲ့အောက်တို ဘာလ comeback အတွက် ဖြစ်နိုင်ချေရှိတဲ့ spoiler အဖြစ် လူအများက ထင်မြင်ယူဆခဲ့ကြပါတယ်။

ဒီသတင်းကို G-Dragon ရဲ့အေဂျင်စီ Galaxy Corporation က ကိုယ်စားလှယ်တဦးက comeback အတွက် အတိအကျသတ်မှတ်ထားခြင်းမရှိသေးပါဘူး။ အောက်တိုဘာဆိုတာမမှန်ပါဘူး။ ဆွေးနွေးမှုတွေ လုပ်နေတုန်းပါပဲလို့ ဖြေကြားခဲ့ပါတယ်။“ဒါပေမယ့် အရင်က ကြေ ငြာထားတဲ့အတိုင်း ဒီနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ သူ comebackလုပ်မယ်၊ သူက ဒီနှစ်မကုန်ခင် အယ်လ်ဘမ်အသစ်ထွက်တော့မှာပါ” လို့ ပြောကြားခဲ့ပါတယ်။

MYit

zawgyi



MYit

Be the first to comment

Leave a Reply

Your email address will not be published.


*