၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ကစပြီး ရာသီဖွား ၃ ခုအတွက် အရမ်းကို အစွမ်းထက်တဲ့ ခေတ်သစ်တစ်ခု စတင်တော့မယ်ဆိုတာပါပဲ။ ယူရေးနပ်စ်လို့ခေါ်တဲ့ အပြောင်းအnလဲနဲ့ တော်လှန်ခြင်းကို ကိုယ်စားပြုတဲ့ဂြိုဟ်က လမ်းကြောင်းမှန် ပြန်ဖြစ်သွားပါပြီ။ အဲ့ဒါကြောင့် ပင်ကိုယ်စရိုက်တွေမှာ သိသိသာသာ ပြောင်းလဲမှုတွေ မြင်လာရတော့မယ်။ တကယ်တော့ ဒီရာသီဖွားတွေအတွက် လိုနေတာက သတ္တိလေး နည်းနည်းပါပဲ။ အခုတော့ အခွင့်အရေးတွေကို ကိုယ်တိုင်ဖန်တီးနိုင်မယ့် သတ္တိတွေ ရှိလာပြီ။ စိတ်နေစိတ်ထားလေး နည်းနည်းပြောင်းလိုက်ရုံနဲ့တင် စကြဝဠာကြီးက ကိုယ့်ဘက်ပါလာသလိုမျိုး ခံစားရမယ့် ခေတ်သစ်တစ်ခုထဲ ရောက်သွားမှာပါ။ ယူရေးနပ်စ်စွမ်းအင်က အိပ်မက်တွေကို တကယ်ဖြစ်လာစေနိုင်တယ်လို့ ယုံကြည်လာစေပြီး ကိုယ့်ရဲ့ အကောင်းမြင်စိတ်က အခွင့်အရေးကောင်းတွေကို ဆွဲဆောင်လာလိမ့်မယ်။ ဘယ်ရာသီခွင်တွေလဲဆို ဖတ်ကြည့်ကြရအောင်ပါ။
Gemini
မေထုန်ရာသီဖွားတွေအတွက်ကတော့ စိတ်ကူးသစ်တစ်ခု ရလိုက်တာနဲ့တင် “ဝုန်း” ခနဲ ထလုပ်တတ်ကြပါတယ်။ အစီအစဉ်ကောင်းတစ်ခုရဖို့ အကြာကြီး စောင့်နိုင်ပေမဲ့ “ဒါပဲ” လို့ ဆုံးဖြတ်ပြီးရင်တော့ ဘယ်အရာကမှ တားလို့မရတော့ဘူး။ အခုချိန်မှာ သင်ရဲ့ စိတ်နေစိတ်ထားကပဲ လိုချင်တဲ့နေရာဆီ အမြန်ဆုံး ခေါ်သွားမှာဆိုတာ သင်ကိုယ်တိုင်လည်း သိနေတယ်။ ယူရေးနပ်စ်ရဲ့ အရှိန်ကြောင့် အရာရာ ဖြစ်နိုင်တယ်လို့ ယုံကြည်ရတာ သင့် အတွက် အရမ်းလွယ်နေလိမ့်မယ်။ ဒီအရှိန်နဲ့ဆိုရင် စကြဝဠာကြီးကလည်း သင့်ကို မကူညီဘဲ မနေနိုင်တော့ဘူး။ ကောင်းတဲ့အရာတွေကို အများကြီး ဆွဲဆောင်နေပြီး လိုချင်တဲ့အရာကို ရပါလိမ့်မယ်။
Leo
သိဟ်ရာသီဖွားတို့ရေ… ဒီကာလမှာ သင်တို့က တစ်ခုမဟုတ်တစ်ခုကြောင့် လူအများကြားမှာ ပြန်ပြီး ထင်ပေါ်လာတော့မှာ။ လူကြားထဲ ထင်ပေါ်ရတာ၊ အာရုံစိုက်ခံရတာကို အကြိုက်ဆုံးပဲမလား။ Spotlight အောက် ရောက်လာတာကို မရှောင်နဲ့ဘဲနဲ့ အပြည့်အဝသာ ခံစားလိုက်ပါ။သင်က တခြားသူတွေအတွက် စံပြဖြစ်နေလိမ့်မယ်။ အဲ့ဒါကလည်း အကြောင်းရှိပါတယ်။ သင်ရဲ့ စွမ်းအင်နဲ့ ယူရေးနပ်စ်ရဲ့ အရှိန်ပေါင်းလိုက်တဲ့အခါ ပတ်ဝန်းကျင်မှာ တကယ့်ကို ထူးခြားတဲ့ ဆွဲဆောင်မှုတွေ (Magic) ဖြစ်နေလို့ပဲ။ သင်က အကောင်းမြင်စိတ်နဲ့ တွေးနေတော့ ကောင်းတဲ့ အတွေ့အကြုံတွေပဲ ဆက်တိုက်ဝင်လာနေတာပေါ့။ ဒါက သင့်ဘေး နားက လူတွေအတွက်တောင် စိတ်အားတက်ကြွစရာ ဖြစ်စေတယ်။ အခွင့်အရေးတွေ အများကြီးနဲ့ ခေတ်သစ်တစ်ခု စတင်လိုက်ပြီဖြစ်လို့ အချိန်ကြာလာလေလေ အောင်မြင်မှုတွေ ပိုရလေလေ ဖြစ်မှာပဲ။
Aquarius
သူတို့အတွက်တော့ ရည်မှန်းချက်တွေကို သူများတွေက သံသယမျက်လုံးနဲ့ ကြည့်တာကို အသားကျနေပါပြီ။ သူတို့ကို လိုက်ရှင်းပြနေရတာလည်း ပင်ပန်းလို့ လက်တောင် လျှော့ထားပြီမလား။ အဆင်ပြေပါတယ်။ သင်တို့က ကိုယ့်လမ်းကိုယ်လျှောက်တဲ့သူ (Individualist) ပီပီ ဘယ်သူ့ရဲ့ ထောက်ခံချက်မှ မလိုဘူးလေ။အခု ယူရေးနပ်စ် အပြောင်းအလဲမှာ သင့်ဘဝအတွက် ဘာလိုချင်လဲဆိုတာ အရင်ကထက် ပိုပြီး ပြတ်ပြတ်သားသား သိလာလိမ့်မယ်။ သူများတွေက သံသယဝင်လေ သင်က ပိုပြီး အားတက်လေပါပဲ။ ဒီအချိန်မီာ သင်တို့ ဖြစ်ချင်တာတွေကို လက်တွေ့ဖြစ်လာအောင် ဖန်တီးပြလိုက်တဲ့အခါ ဘေးလူတွေ အံ့ဩသွားရပါလိမ့်မယ်။ အဲ့ဒါက သင်တို့အတွက်နော့ တိတ်တဆိတ် ကျေနပ်စရာပါ။ ဘယ်သူမှ သင်တို့ဘက်မှာ မရှိချိန်မှာတောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ခဲ့တာ မှန်သွားပြီဆိုတာကို ပြလိုက်နိုင်တဲ့ အချိန်ပါပဲ။
ဒီရာသီဖွားတွေထဲမှာ မပါခဲ့ရင်နောင် Uranus ရဲ့ အရှိန်က အားလုံးအပေါ် သက်ရောက်မှုရှိနိုင်လို့ ဒီအချိန်မှာ “ငါလုပ်နိုင်တယ်” ဆိုတဲ့ စိတ်လေးမွေးပြီး အခွင့်အရေးသစ်တွေကို ဖမ်းဆုပ်ဖို့ ပြင်ထားလိုက်ဖို့ပါပဲ။
ကျော့ကေခိုင်
zawgyi
၂၀၂၆ ခုႏွစ္၊ ဧၿပီလ ၂၇ ရက္ေန႔ကစၿပီး ရာသီဖြား ၃ ခုအတြက္ အရမ္းကို အစြမ္းထက္တဲ့ ေခတ္သစ္တစ္ခု စတင္ေတာ့မယ္ဆိုတာပါပဲ။ ယူေရးနပ္စ္လို႔ေခၚတဲ့ အေျပာင္းအnလဲနဲ႔ ေတာ္လွန္ျခင္းကို ကိုယ္စားျပဳတဲ့ၿဂိဳဟ္က လမ္းေၾကာင္းမွန္ ျပန္ျဖစ္သြားပါၿပီ။ အဲ့ဒါေၾကာင့္ ပင္ကိုယ္စ႐ိုက္ေတြမွာ သိသိသာသာ ေျပာင္းလဲမႈေတြ ျမင္လာရေတာ့မယ္။ တကယ္ေတာ့ ဒီရာသီဖြားေတြအတြက္ လိုေနတာက သတၱိေလး နည္းနည္းပါပဲ။ အခုေတာ့ အခြင့္အေရးေတြကို ကိုယ္တိုင္ဖန္တီးႏိုင္မယ့္ သတၱိေတြ ရွိလာၿပီ။ စိတ္ေနစိတ္ထားေလး နည္းနည္းေျပာင္းလိုက္႐ုံနဲ႔တင္ စၾကဝဠာႀကီးက ကိုယ့္ဘက္ပါလာသလိုမ်ိဳး ခံစားရမယ့္ ေခတ္သစ္တစ္ခုထဲ ေရာက္သြားမွာပါ။ ယူေရးနပ္စ္စြမ္းအင္က အိပ္မက္ေတြကို တကယ္ျဖစ္လာေစႏိုင္တယ္လို႔ ယုံၾကည္လာေစၿပီး ကိုယ့္ရဲ႕ အေကာင္းျမင္စိတ္က အခြင့္အေရးေကာင္းေတြကို ဆြဲေဆာင္လာလိမ့္မယ္။ ဘယ္ရာသီခြင္ေတြလဲဆို ဖတ္ၾကည့္ၾကရေအာင္ပါ။
Gemini
ေမထုန္ရာသီဖြားေတြအတြက္ကေတာ့ စိတ္ကူးသစ္တစ္ခု ရလိုက္တာနဲ႔တင္ “ဝုန္း” ခနဲ ထလုပ္တတ္ၾကပါတယ္။ အစီအစဥ္ေကာင္းတစ္ခုရဖို႔ အၾကာႀကီး ေစာင့္ႏိုင္ေပမဲ့ “ဒါပဲ” လို႔ ဆုံးျဖတ္ၿပီးရင္ေတာ့ ဘယ္အရာကမွ တားလို႔မရေတာ့ဘူး။ အခုခ်ိန္မွာ သင္ရဲ႕ စိတ္ေနစိတ္ထားကပဲ လိုခ်င္တဲ့ေနရာဆီ အျမန္ဆုံး ေခၚသြားမွာဆိုတာ သင္ကိုယ္တိုင္လည္း သိေနတယ္။ ယူေရးနပ္စ္ရဲ႕ အရွိန္ေၾကာင့္ အရာရာ ျဖစ္ႏိုင္တယ္လို႔ ယုံၾကည္ရတာ သင့္ အတြက္ အရမ္းလြယ္ေနလိမ့္မယ္။ ဒီအရွိန္နဲ႔ဆိုရင္ စၾကဝဠာႀကီးကလည္း သင့္ကို မကူညီဘဲ မေနႏိုင္ေတာ့ဘူး။ ေကာင္းတဲ့အရာေတြကို အမ်ားႀကီး ဆြဲေဆာင္ေနၿပီး လိုခ်င္တဲ့အရာကို ရပါလိမ့္မယ္။
Leo
သိဟ္ရာသီဖြားတို႔ေရ… ဒီကာလမွာ သင္တို႔က တစ္ခုမဟုတ္တစ္ခုေၾကာင့္ လူအမ်ားၾကားမွာ ျပန္ၿပီး ထင္ေပၚလာေတာ့မွာ။ လူၾကားထဲ ထင္ေပၚရတာ၊ အာ႐ုံစိုက္ခံရတာကို အႀကိဳက္ဆုံးပဲမလား။ Spotlight ေအာက္ ေရာက္လာတာကို မေရွာင္နဲ႔ဘဲနဲ႔ အျပည့္အဝသာ ခံစားလိုက္ပါ။သင္က တျခားသူေတြအတြက္ စံျပျဖစ္ေနလိမ့္မယ္။ အဲ့ဒါကလည္း အေၾကာင္းရွိပါတယ္။ သင္ရဲ႕ စြမ္းအင္နဲ႔ ယူေရးနပ္စ္ရဲ႕ အရွိန္ေပါင္းလိုက္တဲ့အခါ ပတ္ဝန္းက်င္မွာ တကယ့္ကို ထူးျခားတဲ့ ဆြဲေဆာင္မႈေတြ (Magic) ျဖစ္ေနလို႔ပဲ။ သင္က အေကာင္းျမင္စိတ္နဲ႔ ေတြးေနေတာ့ ေကာင္းတဲ့ အေတြ႕အႀကဳံေတြပဲ ဆက္တိုက္ဝင္လာေနတာေပါ့။ ဒါက သင့္ေဘး နားက လူေတြအတြက္ေတာင္ စိတ္အားတက္ႂကြစရာ ျဖစ္ေစတယ္။ အခြင့္အေရးေတြ အမ်ားႀကီးနဲ႔ ေခတ္သစ္တစ္ခု စတင္လိုက္ၿပီျဖစ္လို႔ အခ်ိန္ၾကာလာေလေလ ေအာင္ျမင္မႈေတြ ပိုရေလေလ ျဖစ္မွာပဲ။
Aquarius
သူတို႔အတြက္ေတာ့ ရည္မွန္းခ်က္ေတြကို သူမ်ားေတြက သံသယမ်က္လုံးနဲ႔ ၾကည့္တာကို အသားက်ေနပါၿပီ။ သူတို႔ကို လိုက္ရွင္းျပေနရတာလည္း ပင္ပန္းလို႔ လက္ေတာင္ ေလွ်ာ့ထားၿပီမလား။ အဆင္ေျပပါတယ္။ သင္တို႔က ကိုယ့္လမ္းကိုယ္ေလွ်ာက္တဲ့သူ (Individualist) ပီပီ ဘယ္သူ႔ရဲ႕ ေထာက္ခံခ်က္မွ မလိုဘူးေလ။အခု ယူေရးနပ္စ္ အေျပာင္းအလဲမွာ သင့္ဘဝအတြက္ ဘာလိုခ်င္လဲဆိုတာ အရင္ကထက္ ပိုၿပီး ျပတ္ျပတ္သားသား သိလာလိမ့္မယ္။ သူမ်ားေတြက သံသယဝင္ေလ သင္က ပိုၿပီး အားတက္ေလပါပဲ။ ဒီအခ်ိန္မီာ သင္တို႔ ျဖစ္ခ်င္တာေတြကို လက္ေတြ႕ျဖစ္လာေအာင္ ဖန္တီးျပလိုက္တဲ့အခါ ေဘးလူေတြ အံ့ဩသြားရပါလိမ့္မယ္။ အဲ့ဒါက သင္တို႔အတြက္ေနာ့ တိတ္တဆိတ္ ေက်နပ္စရာပါ။ ဘယ္သူမွ သင္တို႔ဘက္မွာ မရွိခ်ိန္မွာေတာင္ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္ခဲ့တာ မွန္သြားၿပီဆိုတာကို ျပလိုက္ႏိုင္တဲ့ အခ်ိန္ပါပဲ။
ဒီရာသီဖြားေတြထဲမွာ မပါခဲ့ရင္ေနာင္ Uranus ရဲ႕ အရွိန္က အားလုံးအေပၚ သက္ေရာက္မႈရွိႏိုင္လို႔ ဒီအခ်ိန္မွာ “ငါလုပ္ႏိုင္တယ္” ဆိုတဲ့ စိတ္ေလးေမြးၿပီး အခြင့္အေရးသစ္ေတြကို ဖမ္းဆုပ္ဖို႔ ျပင္ထားလိုက္ဖို႔ပါပဲ။
ေက်ာ့ေကခိုင္
Leave a Reply