Leadership Training ရဲ့ အကျိုးကျေးဇူး (၅)ခု

Leadership Training ဆိုတာက ဆုံးဖြတ်ချက်ချတဲ့အခါ၊ ဆက်သွယ်တာ၊ ပြဿနာဖြေရှင်းတာနဲ့လိုက်လျောညီထွေရှိမှုစတဲ့ ဝန်ထမ်းများအတွက် ခေါင်းဆောင်မှုစွမ်းရည်ကိုမြှင့်တင်ပေးတဲ့ပရိုဂရမ်များ၊ သင်တန်းများကို ရည်ညွှန်းတာဖြစ်ပါတယ်။ ဒီ Leadership Training ရဲ့အကျိုးကျေးဇူး ငါးခုကို ပြန်လည်မျှဝေပေးချင်ပါတယ်။

ဝန်ထမ်းအား ထိန်းသိမ်းရာမှာ ကူညီပေးတာ

Leadership Training ရဲ့ အကျိုးကျေးဇူး နံပါတ်တစ်ကတော့ ဝန်ထမ်းတွေကိုအလုပ်မှာမြဲအောင် ထိန်းသိမ်းရာမှာ အကူအညီဖြစ်စေတာပါ။ လုပ်ငန်းတစ်ခုက ဝန်ထမ်းမရှိရင်လုပ်ငန်းမလည်ပတ်နိုင်ပါဘူး။ စိတ်အားထက်သန်သန်မာတဲ့ ခေါင်းဆောင်များနဲ့လက်တွဲလုပ် ဆောင်တဲ့ အဖွဲ့၀င်များက လက်ရှိအလုပ်မှာ ဆက်နေဖို့အတွက်ကခေါင်းဆောင်မှုကလည်း အရေးကြီးပါတယ်။

စိန်ခေါ်မှုအခြေအနေများကို စီမံခန့်ခွဲနိုင်တာ

ဘယ်လိုလုပ်ငန်းခွင်မှာမဆို ပြဿနာများ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကိုစီမံခန့်ခွဲဖို့အတွက်ကိုယ့်မှာ အရည်အချင်းရှိဖို့လိုပါတယ်။ Leadership Training တွေကတော့ဒီလိုစိန်ခေါ်မှုအခြေအနေတွေကို စီမံခန့်ခွဲဖို့အတွက် သင်ကြားပေးပါတယ်။ စိန်ခေါ်မှုတွေကိုဘယ် လိုကိုင်တွယ်ရမလဲမသိတဲ့အခါ သေးငယ်တဲ့ စိန်ခေါ်မှုများက ကိုယ့်အဖွဲ့အစည်းကိုလမ်းလွဲသွားစေပါတယ်။ ဒါပေမဲ့ ထိရောက်တဲ့ ခေါင်း ဆောင်မှုရှိမယ်ဆိုရင်တော့ ပြဿနာကပြဿနာတရပ်မဟုတ်တော့ပါဘူး။

အလုံးစုံတိုးတက်မှု

အလုပ်အတွက် ခေါင်းဆောင်တယောက်ရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ အလုပ်မှာကိုယ့်ရဲ့ တန်ဖိုးတွေကို အလုံးစုံထုတ်ပြဖို့လိုပါတယ်။ Leadership Training တွေမှာသင်ရဲ့စိတ်ခံစားမှုဆိုင်ရာ စည်းမျဉ်းများ၊ အခြားသူများနဲ့ ဆက်ဆံပုံတွေနဲ့သင့်ကိုယ်ရည်ကိုယ်သွေးနယ်ပယ်များကို အလုံးစုံတိုးတက်စေပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်မှာသင်လေ့လာသင်ယူထားတဲ့ အရာများက သင့်ကိုယ်ပိုင်ဘဝဆီကို
ကူးပြောင်းသွားနိုင်မှာဖြစ်ပါတယ်။ သူငယ်ချင်းများ၊ မိသားစုများနဲ့ ပဋိပက္ခများကြုံလာရတဲ့အခါမှာ စိတ်ရှည်မှု၊ စာနာမှုနဲ့ပြဿနာဖြေရှင်းနိုင်မှုစွမ်းရည်များတိုးတက်စေနိုင်ပါတယ်။

ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေးတာ

ခေါင်းဆောင်ကောင်းတစ်ဦးက လူတိုင်း ကိုယ့်အလုပ်ကို ကောင်းစွာလုပ်ဆောင်နိုင်တာကိုသေချာစေပါတယ်။ ခေါင်းဆောင်တယောက်ရဲ့ အဖွဲ့ကို စိတ်ဓာတ်နဲ့ခွန်အားပေးနိုင်ရပါမယ်။လှုံ့ဆော်ပေးနိုင်ရပါမယ်။ တက်ကြွမှုပေးနိုင်ရပါမယ်။ Leadership Training တွေမှာဒီအ ချက်တွေ ပါဝင်တာကြောင့် သင်က လက်တွေ့အသုံးချဖို့လိုအပ်ပါတယ်။

လူတိုင်းရဲ့ ယုံကြည်မှုကို တိုးစေတာ

ညံ့ဖျင်းတဲ့ခေါင်းဆောင်များက မိမိကိုယ်ကိုယ် သံသယစိတ်များ ပြည့်နှက်နေပြီးကိုယ့်ကိုယ်ကိုယ် လေးစားမှု လျော့နည်းစေပါတယ်။ ဒီခေါင်းဆောင်များက အဖွဲ့ဝင်များကိုစွမ်းဆောင်ရည်နဲ့ အောင်မြင်မှုများ ပေးနိုင်တယ်လို့ မခံစားရစေပါဘး။ ထက်မြက်တဲ့ခေါင်းဆောင်တယောက်အနေနဲ့ သင်က တခြားသူများကို ခွန်အားပေးပြီး လုပ်ငန်းခွင်မှာအပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေကို ဖန်တီးပေးနိုင်ပါတယ်။

MYit

zawgyi

Leadership Training ဆိုတာက ဆုံးျဖတ္ခ်က္ခ်တဲ့အခါ၊ ဆက္သြယ္တာ၊ ျပႆနာေျဖရွင္းတာနဲ႔လိုက္ေလ်ာညီေထြရွိမႈစတဲ့ ဝန္ထမ္းမ်ားအတြက္ ေခါင္းေဆာင္မႈစြမ္းရည္ကိုျမႇင့္တင္ေပးတဲ့ပ႐ိုဂရမ္မ်ား၊ သင္တန္းမ်ားကို ရည္ၫႊန္းတာျဖစ္ပါတယ္။ ဒီ Leadership Training ရဲ႕အက်ိဳးေက်းဇူး ငါးခုကို ျပန္လည္မွ်ေဝေပးခ်င္ပါတယ္။

ဝန္ထမ္းအား ထိန္းသိမ္းရာမွာ ကူညီေပးတာ

Leadership Training ရဲ႕ အက်ိဳးေက်းဇူး နံပါတ္တစ္ကေတာ့ ဝန္ထမ္းေတြကိုအလုပ္မွာၿမဲေအာင္ ထိန္းသိမ္းရာမွာ အကူအညီျဖစ္ေစတာပါ။ လုပ္ငန္းတစ္ခုက ဝန္ထမ္းမရွိရင္လုပ္ငန္းမလည္ပတ္ႏိုင္ပါဘူး။ စိတ္အားထက္သန္သန္မာတဲ့ ေခါင္းေဆာင္မ်ားနဲ႔လက္တြဲလုပ္ ေဆာင္တဲ့ အဖြဲ႕၀င္မ်ားက လက္ရွိအလုပ္မွာ ဆက္ေနဖို႔အတြက္ကေခါင္းေဆာင္မႈကလည္း အေရးႀကီးပါတယ္။

စိန္ေခၚမႈအေျခအေနမ်ားကို စီမံခန႔္ခြဲႏိုင္တာ

ဘယ္လိုလုပ္ငန္းခြင္မွာမဆို ျပႆနာမ်ား ျဖစ္ေပၚလာႏိုင္ပါတယ္။ ဒါကိုစီမံခန႔္ခြဲဖို႔အတြက္ကိုယ့္မွာ အရည္အခ်င္းရွိဖို႔လိုပါတယ္။ Leadership Training ေတြကေတာ့ဒီလိုစိန္ေခၚမႈအေျခအေနေတြကို စီမံခန႔္ခြဲဖို႔အတြက္ သင္ၾကားေပးပါတယ္။ စိန္ေခၚမႈေတြကိုဘယ္ လိုကိုင္တြယ္ရမလဲမသိတဲ့အခါ ေသးငယ္တဲ့ စိန္ေခၚမႈမ်ားက ကိုယ့္အဖြဲ႕အစည္းကိုလမ္းလြဲသြားေစပါတယ္။ ဒါေပမဲ့ ထိေရာက္တဲ့ ေခါင္း ေဆာင္မႈရွိမယ္ဆိုရင္ေတာ့ ျပႆနာကျပႆနာတရပ္မဟုတ္ေတာ့ပါဘူး။

အလုံးစုံတိုးတက္မႈ

အလုပ္အတြက္ ေခါင္းေဆာင္တေယာက္ရဲ႕ အခန္းက႑က အေရးႀကီးပါတယ္။ အလုပ္မွာကိုယ့္ရဲ႕ တန္ဖိုးေတြကို အလုံးစုံထုတ္ျပဖို႔လိုပါတယ္။ Leadership Training ေတြမွာသင္ရဲ႕စိတ္ခံစားမႈဆိုင္ရာ စည္းမ်ဥ္းမ်ား၊ အျခားသူမ်ားနဲ႔ ဆက္ဆံပုံေတြနဲ႔သင့္ကိုယ္ရည္ကိုယ္ေသြးနယ္ပယ္မ်ားကို အလုံးစုံတိုးတက္ေစပါတယ္။ ဒါ့အျပင္ လုပ္ငန္းခြင္မွာသင္ေလ့လာသင္ယူထားတဲ့ အရာမ်ားက သင့္ကိုယ္ပိုင္ဘဝဆီကို
ကူးေျပာင္းသြားႏိုင္မွာျဖစ္ပါတယ္။ သူငယ္ခ်င္းမ်ား၊ မိသားစုမ်ားနဲ႔ ပဋိပကၡမ်ားႀကဳံလာရတဲ့အခါမွာ စိတ္ရွည္မႈ၊ စာနာမႈနဲ႔ျပႆနာေျဖရွင္းႏိုင္မႈစြမ္းရည္မ်ားတိုးတက္ေစႏိုင္ပါတယ္။

ကုန္ထုတ္စြမ္းအားကို ျမႇင့္တင္ေပးတာ

ေခါင္းေဆာင္ေကာင္းတစ္ဦးက လူတိုင္း ကိုယ့္အလုပ္ကို ေကာင္းစြာလုပ္ေဆာင္ႏိုင္တာကိုေသခ်ာေစပါတယ္။ ေခါင္းေဆာင္တေယာက္ရဲ႕ အဖြဲ႕ကို စိတ္ဓာတ္နဲ႔ခြန္အားေပးႏိုင္ရပါမယ္။လႈံ႕ေဆာ္ေပးႏိုင္ရပါမယ္။ တက္ႂကြမႈေပးႏိုင္ရပါမယ္။ Leadership Training ေတြမွာဒီအ ခ်က္ေတြ ပါဝင္တာေၾကာင့္ သင္က လက္ေတြ႕အသုံးခ်ဖို႔လိုအပ္ပါတယ္။

လူတိုင္းရဲ႕ ယုံၾကည္မႈကို တိုးေစတာ

ညံ့ဖ်င္းတဲ့ေခါင္းေဆာင္မ်ားက မိမိကိုယ္ကိုယ္ သံသယစိတ္မ်ား ျပည့္ႏွက္ေနၿပီးကိုယ့္ကိုယ္ကိုယ္ ေလးစားမႈ ေလ်ာ့နည္းေစပါတယ္။ ဒီေခါင္းေဆာင္မ်ားက အဖြဲ႕ဝင္မ်ားကိုစြမ္းေဆာင္ရည္နဲ႔ ေအာင္ျမင္မႈမ်ား ေပးႏိုင္တယ္လို႔ မခံစားရေစပါဘး။ ထက္ျမက္တဲ့ေခါင္းေဆာင္တေယာက္အေနနဲ႔ သင္က တျခားသူမ်ားကို ခြန္အားေပးၿပီး လုပ္ငန္းခြင္မွာအျပဳသေဘာေဆာင္တဲ့ သက္ေရာက္မႈေတြကို ဖန္တီးေပးႏိုင္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*