သင့်ရဲ့ CV မှာထည့်သွင်းဖို့ အကောင်းဆုံးစွမ်းရည် (၁၃)ခု

ကိုယ့်ရဲ့အလုပ်လျှောက်လွှာမှာ ကျွမ်းကျင်မှုတွေထည့်သွင်းဖို့ကအရေးအကြီးဆုံးအချက်ဖြစ်ပါတယ်။ သင်အလုပ်လျှောက်တဲ့အခါမှာ အ လုပ်လျှောက်လွှာကိုမကြာခဏ update လုပ်ပါ။ သင့်အလုပ်လျှောက်တဲ့ အလုပ်နဲ့သက်ဆိုင်တဲ့အရည်အချင်းများထည့်သွင်းဖို့ သေချာဖို့လိုပါတယ်။ ဒီအချက်တွေကတော့ အလုပ်လျှောက်လွှာမှာထည့်သွင်းဖို့အကောင်းဆုံးစွမ်းရည်တွေပဲဖြစ်ပါတယ်။

ပဋိပက္ခဖြေရှင်းရေး

ပဋိပက္ခဖြေရှင်းရေးစွမ်းရည်ကတော့ အငြင်းပွားမှုများကို ဖျန်ဖြေပေးဖို့နှစ်ဦးနှစ်ဖက်လက်ခံနိုင်တဲ့ ဖြေရှင်းနည်းများကို ရှာဖွေခြင်းတို့ ပါဝင်ပါတယ်။

လိုက်လျောညီထွေရှိမှု

လိုက်လျောညီထွေရှိမှုကလည်း မရှိမဖြစ်ထည့်သင့်တဲ့ စွမ်းရည်တရပ်ဖြစ်ပါတယ်။အခြေအနေသစ်များနဲ့ စိန်ခေါ်မှုများကို ချိန်ညှိနိုင်တဲ့စွမ်းရည်ဖြစ်ပါတယ်။

ညှိနှိုင်းခြင်း

ပါဝင်ပတ်သက်သူအားလုံးအတွက် အကျိုးရှိစေမယ့် သဘောတူညီချက်များရရှိဖို့စေ့စပ်ညှိနှိုင်းရေးစွမ်းရည်ကလည်း မရှိမဖြစ်လိုအပ်ပါတယ်။

တီထွင်ဖန်တီးမှု

တီထွင်ဖန်တီးမှုမှာ ဆန်းသစ်တဲ့ အကြံဥာဏ်များနဲ့ ဖြေရှင်းချက်များကို ဖန်တီးရန်ဘောင်အပြင်ဘက်ကနေ တွေးခေါ်ဖန်တီးမှုမျိုးပါဝင်ပါတယ်။

မဟာဗျူဟာရေးဆွဲခြင်း

မဟာဗျူဟာရေးဆွဲခြင်းဆိုတာက ရေရှည်ရည်မှန်းချက်များချမှတ်တာနဲ့ အောင်မြင်ဖို့အတွက်လမ်းပြမြေပုံတခုရေးဆွဲတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။

ဆက်သွယ်ပြောဆိုခြင်း

ကောင်းမွန်တဲ့စကားပြောဆိုမှုက မရှိမဖြစ်လိုအပ်တဲ့ စွမ်းရည်တရပ်ဖြစ်ပါတယ်။စကားပြောဆိုရာမျာ ယုံကြည်မှုနဲ့ ပြတ်သားမှုကသင့်ရဲ့ပရော်ဖက်ရှင်နယ်ပုံရိပ်ကိုမြှင့်တင်ပေးနိုင်ပါတယ်။

လမ်းညွှန်ခြင်းနဲ့ လေ့ကျင့်ပေးခြင်း

ပရော်ဖက်ရှင်နယ် ဖွံ့ဖြိုးတိုးတက်မှုမှာ တခြားသူများကို လမ်းညွှန်တာနဲ့နည်းပြတဲ့စွမ်းရည်တွေပါဝင်ပါတယ်။ ခေါင်းဆောင်မှုအခန်းကဏ္ဍနဲ့ အပြုသဘောဆောင်တဲ့လုပ်ငန်းခွင်ယဉ်ကျေးမှုကို မွေးမြူရန်အတွက် အဖိုးတန်ပါတယ်။

အကျပ်အတည်းစီမံခန့်ခွဲမှု

အကျပ်အတည်းစီမံခန့်ခွဲမှုကတော့ မမျှော်လင့်ထားတဲ့အခြေအနေများနဲ့ဖိအားမြင့်မားတဲ့အခြေအနေများကို ထိထိရောက်ရောက်တုံ့ပြန်တာ၊ပျက်စီးဆုံးရှုံးမှုနည်းပါးစေဖို့နဲ့လုပ်ငန်းဆက်လက်လည်ပတ်ဖို့အတွက်စတဲ့အချက်တွေပါဝင်ပါတယ်။

အန္တရာယ်စီမံခန့်ခွဲမှု

ဆုံးရှုံးနိုင်ချေများကို ကာကွယ်ရန်အတွက် ဘဏ္ဍာရေး၊ အာမခံနဲ့ ပရောဂျက်စီမံခန့်ခွဲမှုလိုမျိုးနယ်ပယ်များမှာ အန္တရာယ်များကို ခွဲခြားသတ် မှတ်ခြင်းနဲ့ လျော့ပါးသက်သာစေရန်အရေးကြီးပါတယ်။

နိုင်ငံခြားဘာသာစကား ကျွမ်းကျင်မှု

နိုင်ငံခြားဘာသာစကားကျွမ်းကျင်မှုက နိုင်ငံတကာစီးပွားရေး၊ သံခင်းတမန်ခင်းနဲ့ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းများတွင် အခွင့်အလမ်းများပွင့်စေပြီး သင်ရဲ့စျေးကွက်ချဲ့ထွင်မှုကိုမြှင့်တင်ပေးနိုင်ပါတယ်။

အရောင်းနဲ့စျေးကွက်ရှာဖွေရေး

အရောင်းနဲ့ စျေးကွက်ချဲ့ထွင်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုများမှာ ထုတ်ကုန် ဒါမှမဟုတ်ဝန်ဆောင်မှုများကို မြှင့်တင်ခြင်းနဲ့ ဝယ်ယူမှုများပြု လုပ်ဖို့ဖောက်သည်များကိုဆွဲဆောင်တဲ့အချက်တွေပါဝင်ပါတယ်။

သုတေသနနဲ့ဒေတာခွဲခြမ်းစိတ်ဖြာမှု

ခိုင်မာတဲ့ သုတေသနနဲ့ ဒေတာခွဲခြမ်းစိတ်ဖြာမှုစွမ်းရည်များက ဈေးကွက်သုတေသန၊ပညာရပ်ဆိုင်ရာနဲ့ မူဝါဒခွဲခြမ်းစိတ်ဖြာမှုစတဲ့ နယ် ပယ်များမှာ အဖိုးတန်ပါတယ်။

Digital Marketing

SEO၊ ဆိုရှယ်မီဒီယာစီမံခန့်ခွဲမှုနဲ့ အွန်လိုင်းကြော်ငြာများအပါအဝင်ဒစ်ဂျစ်တယ်စျေးကွက်ရှာဖွေရေးစွမ်းရည်များက အွန်လိုင်းချဲ့ထွင်လိုတဲ့စီးပွားရေးလုပ်ငန်းများအတွက် အရေးကြီးပါတယ်။

MYit

zawgyi

ကိုယ့္ရဲ႕အလုပ္ေလွ်ာက္လႊာမွာ ကြၽမ္းက်င္မႈေတြထည့္သြင္းဖို႔ကအေရးအႀကီးဆုံးအခ်က္ျဖစ္ပါတယ္။ သင္အလုပ္ေလွ်ာက္တဲ့အခါမွာ အ လုပ္ေလွ်ာက္လႊာကိုမၾကာခဏ update လုပ္ပါ။ သင့္အလုပ္ေလွ်ာက္တဲ့ အလုပ္နဲ႔သက္ဆိုင္တဲ့အရည္အခ်င္းမ်ားထည့္သြင္းဖို႔ ေသခ်ာဖို႔လိုပါတယ္။ ဒီအခ်က္ေတြကေတာ့ အလုပ္ေလွ်ာက္လႊာမွာထည့္သြင္းဖို႔အေကာင္းဆုံးစြမ္းရည္ေတြပဲျဖစ္ပါတယ္။

ပဋိပကၡေျဖရွင္းေရး

ပဋိပကၡေျဖရွင္းေရးစြမ္းရည္ကေတာ့ အျငင္းပြားမႈမ်ားကို ဖ်န္ေျဖေပးဖို႔ႏွစ္ဦးႏွစ္ဖက္လက္ခံႏိုင္တဲ့ ေျဖရွင္းနည္းမ်ားကို ရွာေဖြျခင္းတို႔ ပါဝင္ပါတယ္။

လိုက္ေလ်ာညီေထြရွိမႈ

လိုက္ေလ်ာညီေထြရွိမႈကလည္း မရွိမျဖစ္ထည့္သင့္တဲ့ စြမ္းရည္တရပ္ျဖစ္ပါတယ္။အေျခအေနသစ္မ်ားနဲ႔ စိန္ေခၚမႈမ်ားကို ခ်ိန္ညႇိႏိုင္တဲ့စြမ္းရည္ျဖစ္ပါတယ္။

ညႇိႏႈိင္းျခင္း

ပါဝင္ပတ္သက္သူအားလုံးအတြက္ အက်ိဳးရွိေစမယ့္ သေဘာတူညီခ်က္မ်ားရရွိဖို႔ေစ့စပ္ညႇိႏႈိင္းေရးစြမ္းရည္ကလည္း မရွိမျဖစ္လိုအပ္ပါတယ္။

တီထြင္ဖန္တီးမႈ

တီထြင္ဖန္တီးမႈမွာ ဆန္းသစ္တဲ့ အႀကံဥာဏ္မ်ားနဲ႔ ေျဖရွင္းခ်က္မ်ားကို ဖန္တီးရန္ေဘာင္အျပင္ဘက္ကေန ေတြးေခၚဖန္တီးမႈမ်ိဳးပါဝင္ပါတယ္။

မဟာဗ်ဴဟာေရးဆြဲျခင္း

မဟာဗ်ဴဟာေရးဆြဲျခင္းဆိုတာက ေရရွည္ရည္မွန္းခ်က္မ်ားခ်မွတ္တာနဲ႔ ေအာင္ျမင္ဖို႔အတြက္လမ္းျပေျမပုံတခုေရးဆြဲတဲ့လုပ္ငန္းစဥ္ျဖစ္ပါတယ္။

ဆက္သြယ္ေျပာဆိုျခင္း

ေကာင္းမြန္တဲ့စကားေျပာဆိုမႈက မရွိမျဖစ္လိုအပ္တဲ့ စြမ္းရည္တရပ္ျဖစ္ပါတယ္။စကားေျပာဆိုရာမ်ာ ယုံၾကည္မႈနဲ႔ ျပတ္သားမႈကသင့္ရဲ႕ပေရာ္ဖက္ရွင္နယ္ပုံရိပ္ကိုျမႇင့္တင္ေပးႏိုင္ပါတယ္။

လမ္းၫႊန္ျခင္းနဲ႔ ေလ့က်င့္ေပးျခင္း

ပေရာ္ဖက္ရွင္နယ္ ဖြံ႕ၿဖိဳးတိုးတက္မႈမွာ တျခားသူမ်ားကို လမ္းၫႊန္တာနဲ႔နည္းျပတဲ့စြမ္းရည္ေတြပါဝင္ပါတယ္။ ေခါင္းေဆာင္မႈအခန္းက႑နဲ႔ အျပဳသေဘာေဆာင္တဲ့လုပ္ငန္းခြင္ယဥ္ေက်းမႈကို ေမြးျမဴရန္အတြက္ အဖိုးတန္ပါတယ္။

အက်ပ္အတည္းစီမံခန႔္ခြဲမႈ

အက်ပ္အတည္းစီမံခန႔္ခြဲမႈကေတာ့ မေမွ်ာ္လင့္ထားတဲ့အေျခအေနမ်ားနဲ႔ဖိအားျမင့္မားတဲ့အေျခအေနမ်ားကို ထိထိေရာက္ေရာက္တုံ႔ျပန္တာ၊ပ်က္စီးဆုံးရႈံးမႈနည္းပါးေစဖို႔နဲ႔လုပ္ငန္းဆက္လက္လည္ပတ္ဖို႔အတြက္စတဲ့အခ်က္ေတြပါဝင္ပါတယ္။

အႏၲရာယ္စီမံခန႔္ခြဲမႈ

ဆုံးရႈံးႏိုင္ေခ်မ်ားကို ကာကြယ္ရန္အတြက္ ဘ႑ာေရး၊ အာမခံနဲ႔ ပေရာဂ်က္စီမံခန႔္ခြဲမႈလိုမ်ိဳးနယ္ပယ္မ်ားမွာ အႏၲရာယ္မ်ားကို ခြဲျခားသတ္ မွတ္ျခင္းနဲ႔ ေလ်ာ့ပါးသက္သာေစရန္အေရးႀကီးပါတယ္။

ႏိုင္ငံျခားဘာသာစကား ကြၽမ္းက်င္မႈ

ႏိုင္ငံျခားဘာသာစကားကြၽမ္းက်င္မႈက ႏိုင္ငံတကာစီးပြားေရး၊ သံခင္းတမန္ခင္းနဲ႔ကမာၻလုံးဆိုင္ရာအဖြဲ႕အစည္းမ်ားတြင္ အခြင့္အလမ္းမ်ားပြင့္ေစၿပီး သင္ရဲ႕ေစ်းကြက္ခ်ဲ႕ထြင္မႈကိုျမႇင့္တင္ေပးႏိုင္ပါတယ္။

အေရာင္းနဲ႔ေစ်းကြက္ရွာေဖြေရး

အေရာင္းနဲ႔ ေစ်းကြက္ခ်ဲ႕ထြင္ျခင္းဆိုင္ရာ ကြၽမ္းက်င္မႈမ်ားမွာ ထုတ္ကုန္ ဒါမွမဟုတ္ဝန္ေဆာင္မႈမ်ားကို ျမႇင့္တင္ျခင္းနဲ႔ ဝယ္ယူမႈမ်ားျပဳ လုပ္ဖို႔ေဖာက္သည္မ်ားကိုဆြဲေဆာင္တဲ့အခ်က္ေတြပါဝင္ပါတယ္။

သုေတသနနဲ႔ေဒတာခြဲျခမ္းစိတ္ျဖာမႈ

ခိုင္မာတဲ့ သုေတသနနဲ႔ ေဒတာခြဲျခမ္းစိတ္ျဖာမႈစြမ္းရည္မ်ားက ေဈးကြက္သုေတသန၊ပညာရပ္ဆိုင္ရာနဲ႔ မူဝါဒခြဲျခမ္းစိတ္ျဖာမႈစတဲ့ နယ္ ပယ္မ်ားမွာ အဖိုးတန္ပါတယ္။

Digital Marketing

SEO၊ ဆိုရွယ္မီဒီယာစီမံခန႔္ခြဲမႈနဲ႔ အြန္လိုင္းေၾကာ္ျငာမ်ားအပါအဝင္ဒစ္ဂ်စ္တယ္ေစ်းကြက္ရွာေဖြေရးစြမ္းရည္မ်ားက အြန္လိုင္းခ်ဲ႕ထြင္လိုတဲ့စီးပြားေရးလုပ္ငန္းမ်ားအတြက္ အေရးႀကီးပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*