ခေါင်းဆောင်ကောင်းတယောက်ရဲ့ အဓိကအရည်အချင်း (၂၁)ခု

ဘယ်သူမဆို ကိုယ့်ကိုယ်ကိုယ်ခေါင်းဆောင်လို့ ခေါ်နိုင်ပါတယ်။ ဒါပေမဲ့ သင့်အဖွဲ့အစည်းနဲ့အဖွဲ့အပေါ်သက်ရောက်မှုဖြစ်စေဖို့ မရှိမဖြစ်လိုအပ်တဲ့ ခေါင်းဆောင်မှုအရည်အသွေးတချို့ကိုလေ့လာဖို့ လိုအပ်ပါတယ်။ အောင်မြင်တဲ့ခေါင်းဆောင်တစ်ဦးအတွက်ခေါင်းဆောင်မှုအရည်အသွေးနဲ့ လက္ခဏာတွေကို ဖော်ပြပေးချင်ပါတယ်။

မောင်းနှင်အား

ကြီးမြတ်သောခေါင်းဆောင်များက အလွန်စိတ်အားထက်သန်ကြပြီးမောင်နှင်အားရှိတဲ့ခေါင်းဆောင်များက ဝန်ထမ်းများကို လှုံ့ဆော်ပေးနိုင်ပါတယ်။ခေါင်းဆောင်တယောက်မှာရှိရမယ့်အချက်ထဲမှာ ဒီအချက်က ထိပ်ဆုံးကဖြစ်ပါတယ်။

ခံနိုင်ရည်ရှိတာ

တာဝန်ယူရတာ၊ တာဝန်ခံရတဲ့သူတယောက်ဖြစ်ရတာ မလွယ်ကူပါဘူး။ ဖိအားပေါင်းစုံနဲ့ခံနိုင်ရည်ရှိဖို့လည်း လိုပါတယ်။ ခေါင်းဆောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကအခက်အခဲတွေကြားကနေ ရှေ့ကိုတွန်းအားပေးနိုင်ကြပါတယ်။

သမာဓိနဲ့ ရိုးသားမှု

ခေါင်းဆောင်များက စစ်မှန်မှု၊ ရိုးသားမှု ယုံကြည်စိတ်ချရမှုတို့နဲ့ လုပ်ဆောင်ဖို့အရေးကြီးပါတယ်။ ဒီအရည်အချင်းများနဲ့ အသင်းအဖွဲ့အတွင်းမှာ ယုံကြည်မှုတည်ဆောက်ဖို့မရှိမဖြစ်လိုအပ်ပါတယ်။ ကျင့်ဝတ်ဆိုင်ရာ အပြုအမူနဲပ ဆုံးဖြတ်ချက်များမှာပွင့်လင်းမြင်သာမှုကို သရုပ်ပြသတဲ့ ခေါင်းဆောင်များက အဖွဲ့အစည်းအတွင်းမှာယုံကြည်မှုယဉ်ကျေးမှုကို မွေးမြူကြပါတယ်။

သင်ယူလိုစိတ်

တကယ်လို့ သင်က ခေါင်းဆောင်မှုရာထူးကို တိုးမြှင့်ခံရပါက တော်တော်များများသိပြီးဖြစ်ပါလိမ့်မယ်။ ကိုယ့်ရဲ့နယ်ပယ်မှာ အရည်အ ချင်းတွေဖွံ့ဖြိုးတိုးတက်ပြီးအတွေ့အကြုံလည်း ရှိပြီးသားဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ သင်ယူစရာတွေအမြဲရှိနေတတ်ပါတယ်။ကြီးမြတ်တဲ့ခေါင်းဆောင်တွေက အသိပညာနဲ့ ကိုယ်ရေးကိုယ်တာဖွံ့ဖြိုးတိုးတက်မှုအတွက်အဆက်မပြတ်ရှာဖွေနေကြပါတယ်။

မိမိကိုယ်ကို သတိရှိတာ

သင်ယူလိုစိတ်နဲ့ ယှဉ်တွဲလျက် မိမိကိုယ်ကို သတိရှိဖို့လိုပါတယ်။ခေါင်းဆောင်မှုအရည်အသွေးများထဲမှာ အရေးကြီးဆုံးက နှိမ့်ချမှုဖြစ်ပါတယ်။ကိုယ့်ရဲ့အားသာချက်ကိုနားလည်ပြီး အားနည်းချက်ကိုလည်းတိုးတက်အောင်လုပ်ဆောင်ကြပါတယ်။ မိမိကိုယ်ကို သတိရှိတဲ့ခေါင်း ဆောင်တဦးကဘယ်တော့မှ မောက်မာတဲ့စိတ်မရှိပါဘူး။

ယုံကြည်မှု

ခေါင်းဆောင်များက ကြီးမားတဲ့ ဆုံးဖြတ်ချက်များချရမှာဖြစ်ပြီး ဒီဆုံးချက်တွေက မကြာခဏကြီးမားတဲ့အန္တရာများနဲ့ လာတတ်ပါတယ်။ ခေါင်းဆောင်ဖြစ်ရတာက ကြောက်စရာကောင်းတဲ့စွန့်စားမှုတွေကိုလည်း ယူနိုင်ရပါတယ်။ အမှားအယွင်းဖြစ်ရင်လည်း အပြစ်တင်ခံရနိုင်ပါတယ်။ဒါပေမဲ့ ခေါင်းဆောင်တယောက်က ပြတ်ပြတ်သားသားလုပ်ဆောင်ဖို့ ယုံကြည်မှုရှိဖို့လိုအပ်ပါတယ်။

အကောင်းမြင်တာ

ခေါင်းဆောင်တစ်ယောက်အနေနဲ့ မင်းရဲ့ဝန်ထမ်းတွေကို အကောင်းမြင်စိတ်တွေ ပေးရမယ်။ဝန်ထမ်းတွေဟာ အကောင်းမြင်တဲ့လူတွေအတွက် အလုပ်လုပ်ရတာကို နှစ်သက်ကြပါတယ်။

ယထာဘူတ

ဝန်ထမ်းများက အပြုသဘောဆောင်တဲ့ သဘောထားကို တန်ဖိုးထားသော်လည်းလက်တွေ့မကျတဲ့ မျှော်လင့်ချက်များကို ကောင်းစွာလက်ခံနိုင်ခြင်းမရှိပါဘူး။ကြီးမြတ်တဲ့ခေါင်းဆောင်တစ်ဦးက သူတို့ရဲ့အဖွဲ့ဝင်များ အောင်မြင်ဖို့ မျှော်လင့်ပြီးတတ်နိုင်သမျှလုပ်ဆောင်ပေးကြပါတယ်။

တီထွင်ဖန်တီးမှုနဲ့ ဆန်းသစ်တီထွင်မှု

Linkedin ရဲ့ လေ့လာမှုတစ်ခုအရ တီထွင်ဖန်တီးနိုင်စွမ်းဟာ လုပ်ငန်းခွင်မှာ ရှားပါးတဲ့ နံပါတ်တစ် Soft Skill ဖြစ်ပါတယ်။ Creative ခေါင်းဆောင်များက ပြဿနာများကို ထူးခြားဆန်းသစ်တဲ့နည်းလမ်းများနဲ့ ဖြေရှင်းကြပါတယ်။ သူတို့က ဘောင်အပြင်ဘက်ကနေတွေး တောလိုစိတ်ရှိကြပါတယ်။
ဆက်ရန်…. အပိုင်း (၂)မှာ ဆက်လက်ဖတ်ရှုပါရန်….

MYit

zawgyi

ဘယ္သူမဆို ကိုယ့္ကိုယ္ကိုယ္ေခါင္းေဆာင္လို႔ ေခၚႏိုင္ပါတယ္။ ဒါေပမဲ့ သင့္အဖြဲ႕အစည္းနဲ႔အဖြဲ႕အေပၚသက္ေရာက္မႈျဖစ္ေစဖို႔ မရွိမျဖစ္လိုအပ္တဲ့ ေခါင္းေဆာင္မႈအရည္အေသြးတခ်ိဳ႕ကိုေလ့လာဖို႔ လိုအပ္ပါတယ္။ ေအာင္ျမင္တဲ့ေခါင္းေဆာင္တစ္ဦးအတြက္ေခါင္းေဆာင္မႈအရည္အေသြးနဲ႔ လကၡဏာေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

ေမာင္းႏွင္အား

ႀကီးျမတ္ေသာေခါင္းေဆာင္မ်ားက အလြန္စိတ္အားထက္သန္ၾကၿပီးေမာင္ႏွင္အားရွိတဲ့ေခါင္းေဆာင္မ်ားက ဝန္ထမ္းမ်ားကို လႈံ႕ေဆာ္ေပးႏိုင္ပါတယ္။ေခါင္းေဆာင္တေယာက္မွာရွိရမယ့္အခ်က္ထဲမွာ ဒီအခ်က္က ထိပ္ဆုံးကျဖစ္ပါတယ္။

ခံႏိုင္ရည္ရွိတာ

တာဝန္ယူရတာ၊ တာဝန္ခံရတဲ့သူတေယာက္ျဖစ္ရတာ မလြယ္ကူပါဘူး။ ဖိအားေပါင္းစုံနဲ႔ခံႏိုင္ရည္ရွိဖို႔လည္း လိုပါတယ္။ ေခါင္းေဆာင္ေတြရဲ႕ စိတ္ပိုင္းဆိုင္ရာႀကံ့ခိုင္မႈကအခက္အခဲေတြၾကားကေန ေရွ႕ကိုတြန္းအားေပးႏိုင္ၾကပါတယ္။

သမာဓိနဲ႔ ႐ိုးသားမႈ

ေခါင္းေဆာင္မ်ားက စစ္မွန္မႈ၊ ႐ိုးသားမႈ ယုံၾကည္စိတ္ခ်ရမႈတို႔နဲ႔ လုပ္ေဆာင္ဖို႔အေရးႀကီးပါတယ္။ ဒီအရည္အခ်င္းမ်ားနဲ႔ အသင္းအဖြဲ႕အတြင္းမွာ ယုံၾကည္မႈတည္ေဆာက္ဖို႔မရွိမျဖစ္လိုအပ္ပါတယ္။ က်င့္ဝတ္ဆိုင္ရာ အျပဳအမူနဲပ ဆုံးျဖတ္ခ်က္မ်ားမွာပြင့္လင္းျမင္သာမႈကို သ႐ုပ္ျပသတဲ့ ေခါင္းေဆာင္မ်ားက အဖြဲ႕အစည္းအတြင္းမွာယုံၾကည္မႈယဥ္ေက်းမႈကို ေမြးျမဴၾကပါတယ္။

သင္ယူလိုစိတ္

တကယ္လို႔ သင္က ေခါင္းေဆာင္မႈရာထူးကို တိုးျမႇင့္ခံရပါက ေတာ္ေတာ္မ်ားမ်ားသိၿပီးျဖစ္ပါလိမ့္မယ္။ ကိုယ့္ရဲ႕နယ္ပယ္မွာ အရည္အ ခ်င္းေတြဖြံ႕ၿဖိဳးတိုးတက္ၿပီးအေတြ႕အႀကဳံလည္း ရွိၿပီးသားျဖစ္ပါလိမ့္မယ္။ ဒါေပမဲ့ သင္ယူစရာေတြအၿမဲရွိေနတတ္ပါတယ္။ႀကီးျမတ္တဲ့ေခါင္းေဆာင္ေတြက အသိပညာနဲ႔ ကိုယ္ေရးကိုယ္တာဖြံ႕ၿဖိဳးတိုးတက္မႈအတြက္အဆက္မျပတ္ရွာေဖြေနၾကပါတယ္။

မိမိကိုယ္ကို သတိရွိတာ

သင္ယူလိုစိတ္နဲ႔ ယွဥ္တြဲလ်က္ မိမိကိုယ္ကို သတိရွိဖို႔လိုပါတယ္။ေခါင္းေဆာင္မႈအရည္အေသြးမ်ားထဲမွာ အေရးႀကီးဆုံးက ႏွိမ့္ခ်မႈျဖစ္ပါတယ္။ကိုယ့္ရဲ႕အားသာခ်က္ကိုနားလည္ၿပီး အားနည္းခ်က္ကိုလည္းတိုးတက္ေအာင္လုပ္ေဆာင္ၾကပါတယ္။ မိမိကိုယ္ကို သတိရွိတဲ့ေခါင္း ေဆာင္တဦးကဘယ္ေတာ့မွ ေမာက္မာတဲ့စိတ္မရွိပါဘူး။

ယုံၾကည္မႈ

ေခါင္းေဆာင္မ်ားက ႀကီးမားတဲ့ ဆုံးျဖတ္ခ်က္မ်ားခ်ရမွာျဖစ္ၿပီး ဒီဆုံးခ်က္ေတြက မၾကာခဏႀကီးမားတဲ့အႏၲရာမ်ားနဲ႔ လာတတ္ပါတယ္။ ေခါင္းေဆာင္ျဖစ္ရတာက ေၾကာက္စရာေကာင္းတဲ့စြန႔္စားမႈေတြကိုလည္း ယူႏိုင္ရပါတယ္။ အမွားအယြင္းျဖစ္ရင္လည္း အျပစ္တင္ခံရႏိုင္ပါတယ္။ဒါေပမဲ့ ေခါင္းေဆာင္တေယာက္က ျပတ္ျပတ္သားသားလုပ္ေဆာင္ဖို႔ ယုံၾကည္မႈရွိဖို႔လိုအပ္ပါတယ္။

အေကာင္းျမင္တာ

ေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ မင္းရဲ႕ဝန္ထမ္းေတြကို အေကာင္းျမင္စိတ္ေတြ ေပးရမယ္။ဝန္ထမ္းေတြဟာ အေကာင္းျမင္တဲ့လူေတြအတြက္ အလုပ္လုပ္ရတာကို ႏွစ္သက္ၾကပါတယ္။

ယထာဘူတ

ဝန္ထမ္းမ်ားက အျပဳသေဘာေဆာင္တဲ့ သေဘာထားကို တန္ဖိုးထားေသာ္လည္းလက္ေတြ႕မက်တဲ့ ေမွ်ာ္လင့္ခ်က္မ်ားကို ေကာင္းစြာလက္ခံႏိုင္ျခင္းမရွိပါဘူး။ႀကီးျမတ္တဲ့ေခါင္းေဆာင္တစ္ဦးက သူတို႔ရဲ႕အဖြဲ႕ဝင္မ်ား ေအာင္ျမင္ဖို႔ ေမွ်ာ္လင့္ၿပီးတတ္ႏိုင္သမွ်လုပ္ေဆာင္ေပးၾကပါတယ္။

တီထြင္ဖန္တီးမႈနဲ႔ ဆန္းသစ္တီထြင္မႈ

Linkedin ရဲ႕ ေလ့လာမႈတစ္ခုအရ တီထြင္ဖန္တီးႏိုင္စြမ္းဟာ လုပ္ငန္းခြင္မွာ ရွားပါးတဲ့ နံပါတ္တစ္ Soft Skill ျဖစ္ပါတယ္။ Creative ေခါင္းေဆာင္မ်ားက ျပႆနာမ်ားကို ထူးျခားဆန္းသစ္တဲ့နည္းလမ္းမ်ားနဲ႔ ေျဖရွင္းၾကပါတယ္။ သူတို႔က ေဘာင္အျပင္ဘက္ကေနေတြး ေတာလိုစိတ္ရွိၾကပါတယ္။
ဆက္ရန္…. အပိုင္း (၂)မွာ ဆက္လက္ဖတ္ရႈပါရန္….

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*