လက်ထပ်လိုက်ကြပြီဆိုတဲ့ Millie Bobby Brown နဲ့ Jake Bongiovi တို့စုံတွဲ

Jon Bon Jovi က သူ့ရဲ့သားဖြစ်သူ Jake က ဗြိတိန်မင်းသမီး Millie Bobby Brown နဲ့လက်ထပ်အခမ်းအနားလုပ်ခဲ့ကြောင်း အတည်ပြုပြောခဲ့ပါတယ်။Bon Jovi က အင်္ဂါနေ့မှာလုပ်တဲ့ BBC ရဲ့ “The One Show” မှာပါဝင်ခဲ့စဉ်မှာသူ့ရဲ့သားနဲ့ပတ်သက်ပြီး ကောလာဟလများအကြောင်းကို မေးမြန်းခံခဲ့ရပါတယ်။အဲဒီ Show မှာ မင်္ဂလာပွဲနဲ့ပတ်သက်ပြီး ဟုတ်တယ်လို့ အတည်ပြုပြောဆိုခဲ့တာဖြစ်ပြီးမိသားစုတွေနဲ့သာပြုလုပ်ခဲ့တယ်မင်္ဂလာပွဲဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီမင်္ဂလာပွဲနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ရက်တွေက ပရိသတ်တွေကြားမှာ သို့လောသို့လောနဲ့ကောလာဟလပုံစံမျိုး ပြောဆိုနေကြတာဖြစ်ပြီး အခုတော့ ဒီသတင်းကိုအတည်ပြုလိုက်ပြီဖြစ်ပါတယ်။ Jake နဲ့ Millie Bobby Brown တို့က ၂၀၂၃ခုနှစ် ဧပြီလမှာ စေ့စပ်ခဲ့ကြပြီးအခု တော့မင်္ဂလာပွဲကျင်းပခဲ့ကြတာဖြစ်ပါတယ်။ Millie Bobby Brown ကို Enola Holmes ဇာတ်ကားနဲ့ မြန်မာပရိသတ်တွေ သူမကိုရင်းနှီးပြီးသားဖြစ်ပါတယ်။

MYit

zawgyi



MYit

Be the first to comment

Leave a Reply

Your email address will not be published.


*