ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဘဝကြီးက တော်တော်လေး ရှုပ်ထွေးပွေလီပြီး ပင်ပန်းခဲ့တယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါပေမဲ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လကုန်ပိုင်းရောက်ရင်တော့ ရာသီဖွား ၄ ခုအတွက် ဘဝက အရင်ကထက် အများကြီး ပိုပြီး အေးချမ်းသာယာသွားတော့မှာပါ။ ကြယ်တာရာတွေရဲ့ တည်ရှိမှုက ဒီရာသီဖွားတွေအတွက် တကယ်ကို လိုအပ်နေတဲ့ စိတ်အေးချမ်းမှုကို ယူဆောင်လာပေးဖို့ ဖန်တီးပေးနေပါတယ်။ ဇူလိုင် ၂၆ ရက်နေ့မှာတော့ North Node က မိန်ရာသီကနေ ကုံရာသီထဲကို ကူးပြောင်းသွားမှာဖြစ်ပြီး South Node ကတော့ ကန်ရာသီကနေ သိဟ်ရာသီထဲကို ရွှေ့သွားမှာပါ။ ဗေဒင်ပညာရှင် Helena Hathor ရဲ့ ပြောပြချက်အရဆိုရင်တော့ “၁၈ လကြာ ပြင်းထန်တဲ့ ကံကြမ္မာအလှည့်အပြောင်းတွေ” ကြုံတွေ့ခဲ့ရပြီးတဲ့နောက် နောက်ဆုံးမှာတော့ ကျွန်တော်တို့ ထိုက်ထိုက်တန်တန် ရသင့်ရထိုက်တဲ့ သက်သာရာရမှုကို ခံစားရတော့မယ်လို့ ဆိုပါတယ်။
Pisces
၂၀၂၅ ဇန်နဝါရီကတည်းက North Node က သင့်ရာသီခွင်ထဲမှာ ရှိနေခဲ့တာမို့ သင့်ဘဝထဲမှာ အတော်လေး ကသောင်းကနင်း ဖြစ်ခဲ့ရပါတယ်။ အမှားဟောင်းတွေကို ထပ်ခါတလဲလဲ လုပ်မိနေတာ၊ ကိုယ့်ကိုယ်ကိုယ် ကျော်ဖြတ်နိုင်ခဲ့ပြီလို့ ထင်ထားတဲ့ သင်ခန်းစာတွေကို ပြန်ပြီး သင်ယူနေရတာမျိုးတွေ ကြုံခဲ့ရတာပါ။ ဒါပေမဲ့ ဇူလိုင်လကုန်မှာ North Node က တခြားရာသီတစ်ခုထဲကို ပြောင်းရွှေ့သွားတော့မှာဖြစ်လို့ အရာရာတိုင်းက အရင်ကထက် အများကြီး ပိုပြီး လွယ်ကူချောမွေ့သွားတော့မှာ ဖြစ်ပါတယ်။”North Node က ကုံရာသီထဲကို ကူးပြောင်းသွားတဲ့အခါ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ဝိညာဉ်ရေးရာနယ်ပယ်တွေကို ပြန်ငဲ့ကြည့်ဖို့ အခြေအနေတွေက တောင်းဆိုလာပါလိမ့်မယ်။ ကိုယ့်ဘာကိုယ်ပဲ ဖုံးကွယ်ထားခဲ့တဲ့ အရည်အချင်းကောင်းတွေ၊ ပါရမီတွေကို ရှာဖွေတွေ့ရှိလာလိမ့်မယ်” လို့ Helena Hathor က ပြော ထားပါတယ်။ ဒါကြောင့် သင့်ရဲ့ စိတ်အာရုံခံစားမှုကို သေချာအာရုံစိုက်ထားပါ။ အာရုံထူးတာမျိုး ဒါမှမဟုတ် ဘိုးဘေးတွေနဲ့ ပိုပြီး ဆက်နွှယ်မှုရှိလာသလို ခံစားရတာမျိုးတွေ ကြုံရနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အရင်က ရှုပ်ထွေးခဲ့သမျှတွေ အားလုံး အပြီးတိုင် ပြီးဆုံးသွားပါပြီ။
Gemini
Hathor ရဲ့အဆိုအရ “သင်ဟာ အာရုံပျံ့လွင့်စရာတွေ အများကြီးနဲ့ ကြုံခဲ့ရပြီး အဲဒါကြောင့်ပဲ ကိုယ်သွားရမယ့် လမ်းကြောင်းမှန်ပေါ်ကနေ သွေဖြည်သွားခဲ့ရတာပါ” တဲ့။ ကံကောင်းတာကတော့ မေထုန်ရာသီဖွားတွေအနေနဲ့ ဇူလိုင်လကုန်ပိုင်းရောက်ရင် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီး စိတ်အေးချမ်းမှုကို အပြည့်အဝ ပြန်ရရှိတော့မှာပါ။ပြီးခဲ့တဲ့ တစ်နှစ်ခွဲကျော်အတွင်းမှာ ပုံစံဟောင်းတွေပဲ ထပ်ခါတလဲလဲ ဖြစ်နေပြီး အတားအဆီးတွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ “ကိုယ်တကယ် မပေးဆပ်ချင်တဲ့အရာတွေကိုပါ ပေးဆပ်ခဲ့ရတာမျိုး ရှိခဲ့တယ်” လို့ ဗေဒင်ပညာရှင်က ထပ်ပြောပါတယ်။ သင်ဟာ ကိုယ့်ရဲ့ အကောင်းဆုံးပုံစံတစ်ခုဆီကို ရင့်ကျက်ပြောင်းလဲသွားတော့မှာပါ။ အခုအချိန်မှာ ခရီးသွားခွင့်ရတာမျိုး ဒါမှမဟုတ် အလုပ်အကိုင် တိုးတက်လာတာမျိုးတွေ ကြုံရနိုင်ပါတယ်။ အခွင့်အလမ်းသစ်တွေ ရောက် လာတော့မှာမို့လို့ အဆင်သင့်ပြင်ထားလိုက်ပါ။
Virgo
သူငယ်ချင်းတွေ၊ ချစ်သူတွေကစလို့ လုပ်ဖော်ကိုင်ဖက်တွေအထိ ပြီးခဲ့တဲ့ ၁၈ လအတွင်းမှာ သင့်ရဲ့ ပတ်သက်ဆက်နွှယ်မှုတွေ အားလုံး အဆင်မပြေဘဲ ရုန်းကန်ခဲ့ရပါတယ်။ တကယ်တော့ Hathor က ဒီဂြိုဟ်အပြောင်းအလဲကာလဟာ သင့်ရဲ့ အပေါင်းအသင်း၊ အဆက်အသွယ်တွေအတွက် “ကပ်ဘေးတစ်ခုလို ဆိုးရွားခဲ့တာ” လို့တောင် ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ဇူလိုင်လကုန်မှာ ဂြိုဟ်တွေ ရာသီအသစ်တွေကို ပြောင်းရွှေ့သွားမှာမို့လို့ အခြေအနေတွေက ကောင်းမွန်တဲ့ဘက်ကို ဦးတည်လာတော့မှာပါ။”ဒါက သင့်ရဲ့ အလုပ်အကိုင်၊ ရာထူးနဲ့ လူမှုရေးဂုဏ်သိက္ခာတွေအပေါ် ကောင်းကျိုးသက်ရောက်စေမှာပါ။ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်လာခဲ့တဲ့ ရာထူးတိုးတာမျိုး ဒါမှမဟုတ် ကိုယ်ဖြစ်ချင်တဲ့ အလုပ်အကိုင်နေရာမျိုးကို နောက်ဆုံးမှာ ရရှိတော့မယ့် အခြေအနေပါပဲ။” လို့ Helena Hathor က ပြောထားပါတယ်။သူတစ်ပါးနဲ့ ပူးပေါင်းလုပ်ကိုင်ရတာလည်း ပိုပြီး အဆင်ပြေချောမွေ့လာမှာမို့ သင့်ဘဝထဲက စိတ်ဖိစီးမှုတွေ အများကြီး လျော့ကျသွားပါလိမ့်မယ်။ ရှုပ်ထွေးတဲ့ ဒရာမာတွေအားလုံးကို အပြီးတိုင် နှုတ်ဆက်လိုက်လို့ ရပါပြီ။
Sagittarius
ဒီနွေရာသီနဲ့ ရှေ့ဆက်မယ့် ကာလတွေမှာ မျှော်လင့်စရာတွေ အများကြီး ရှိနေပါတယ် ဓနုရာသီဖွားတို့ရေ။ ပြီးခဲ့တဲ့ တစ်နှစ်ခွဲလောက်အတွင်းမှာ ပြောင်းလဲမှုတွေ အ များကြီးအပြင် စိတ်မကောင်းစရာ ကောင်းတဲ့ ဇာတ်သိမ်းမှုတချို့ကိုလည်း ရင်ဆိုင်ခဲ့ရဖူးပါတယ်။ ဒါပေမဲ့ ဇူလိုင်လကုန်ပိုင်းရောက်တဲ့အခါမှာတော့ နောက်ဆုံးမှာ အေး အေးချမ်းချမ်း ရှိသွားတော့မှာပါ။”North Node နဲ့ South Node တွေက ကုံရာသီနဲ့ သိဟ်ရာသီထဲကို ပြောင်းရွှေ့သွားတဲ့အတွက် ဘဝက အရင်ကထက် ပိုပြီး ဆု လာဘ်တွေ ပြည့်နှက်လာတော့မှာပါ” လို့ Hathor က ဆိုပါတယ်။ ဒီလထဲမှာ သင်ဟာ အကောင်းမြင်စိတ်နဲ့ တိုးတက်လိုစိတ် (Growth Mindset) ကို မွေးမြူနိုင်မှာဖြစ်လို့ ကိုယ့်ရဲ့ပန်းတိုင်တွေဆီ လျှောက်လှမ်းတဲ့နေရာမှာ တိုးတက်မှုတွေရှိလာပြီး လိုချင်တဲ့ အောင်မြင်မှုကို ရရှိစေမှာပါ။ ကိုယ်အိပ်မက်မက်တဲ့ နေရာသစ်တစ်ခုကို ပြောင်းရွှေ့ချင်တာပဲဖြစ်ဖြစ်၊ ကိုယ့်ဖြစ်တည်မှုနဲ့ ကိုက်ညီမယ့် အလုပ်မျိုးကို ရှာချင်တာပဲဖြစ်ဖြစ် ဒါဟာ သင့်အတွက် အခွင့်အရေးကောင်းပါပဲ။
ကျော့ကေခိုင်
zawgyi
ၿပီးခဲ့တဲ့ရက္ပိုင္းေတြက ဘဝႀကီးက ေတာ္ေတာ္ေလး ရႈပ္ေထြးေပြလီၿပီး ပင္ပန္းခဲ့တယ္ဆိုတာ ျငင္းလို႔မရပါဘူး။ ဒါေပမဲ့ ၂၀၂၆ ခုႏွစ္၊ ဇူလိုင္လကုန္ပိုင္းေရာက္ရင္ေတာ့ ရာသီဖြား ၄ ခုအတြက္ ဘဝက အရင္ကထက္ အမ်ားႀကီး ပိုၿပီး ေအးခ်မ္းသာယာသြားေတာ့မွာပါ။ ၾကယ္တာရာေတြရဲ႕ တည္ရွိမႈက ဒီရာသီဖြားေတြအတြက္ တကယ္ကို လိုအပ္ေနတဲ့ စိတ္ေအးခ်မ္းမႈကို ယူေဆာင္လာေပးဖို႔ ဖန္တီးေပးေနပါတယ္။ ဇူလိုင္ ၂၆ ရက္ေန႔မွာေတာ့ North Node က မိန္ရာသီကေန ကုံရာသီထဲကို ကူးေျပာင္းသြားမွာျဖစ္ၿပီး South Node ကေတာ့ ကန္ရာသီကေန သိဟ္ရာသီထဲကို ေ႐ႊ႕သြားမွာပါ။ ေဗဒင္ပညာရွင္ Helena Hathor ရဲ႕ ေျပာျပခ်က္အရဆိုရင္ေတာ့ “၁၈ လၾကာ ျပင္းထန္တဲ့ ကံၾကမၼာအလွည့္အေျပာင္းေတြ” ႀကဳံေတြ႕ခဲ့ရၿပီးတဲ့ေနာက္ ေနာက္ဆုံးမွာေတာ့ ကြၽန္ေတာ္တို႔ ထိုက္ထိုက္တန္တန္ ရသင့္ရထိုက္တဲ့ သက္သာရာရမႈကို ခံစားရေတာ့မယ္လို႔ ဆိုပါတယ္။
Pisces
၂၀၂၅ ဇန္နဝါရီကတည္းက North Node က သင့္ရာသီခြင္ထဲမွာ ရွိေနခဲ့တာမို႔ သင့္ဘဝထဲမွာ အေတာ္ေလး ကေသာင္းကနင္း ျဖစ္ခဲ့ရပါတယ္။ အမွားေဟာင္းေတြကို ထပ္ခါတလဲလဲ လုပ္မိေနတာ၊ ကိုယ့္ကိုယ္ကိုယ္ ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီလို႔ ထင္ထားတဲ့ သင္ခန္းစာေတြကို ျပန္ၿပီး သင္ယူေနရတာမ်ိဳးေတြ ႀကဳံခဲ့ရတာပါ။ ဒါေပမဲ့ ဇူလိုင္လကုန္မွာ North Node က တျခားရာသီတစ္ခုထဲကို ေျပာင္းေ႐ႊ႕သြားေတာ့မွာျဖစ္လို႔ အရာရာတိုင္းက အရင္ကထက္ အမ်ားႀကီး ပိုၿပီး လြယ္ကူေခ်ာေမြ႕သြားေတာ့မွာ ျဖစ္ပါတယ္။”North Node က ကုံရာသီထဲကို ကူးေျပာင္းသြားတဲ့အခါ သင့္ရဲ႕ စိတ္ပိုင္းဆိုင္ရာ၊ ဝိညာဥ္ေရးရာနယ္ပယ္ေတြကို ျပန္ငဲ့ၾကည့္ဖို႔ အေျခအေနေတြက ေတာင္းဆိုလာပါလိမ့္မယ္။ ကိုယ့္ဘာကိုယ္ပဲ ဖုံးကြယ္ထားခဲ့တဲ့ အရည္အခ်င္းေကာင္းေတြ၊ ပါရမီေတြကို ရွာေဖြေတြ႕ရွိလာလိမ့္မယ္” လို႔ Helena Hathor က ေျပာ ထားပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕ စိတ္အာ႐ုံခံစားမႈကို ေသခ်ာအာ႐ုံစိုက္ထားပါ။ အာ႐ုံထူးတာမ်ိဳး ဒါမွမဟုတ္ ဘိုးေဘးေတြနဲ႔ ပိုၿပီး ဆက္ႏႊယ္မႈရွိလာသလို ခံစားရတာမ်ိဳးေတြ ႀကဳံရႏိုင္ပါတယ္။ ဘာပဲျဖစ္ျဖစ္ အရင္က ရႈပ္ေထြးခဲ့သမွ်ေတြ အားလုံး အၿပီးတိုင္ ၿပီးဆုံးသြားပါၿပီ။
Gemini
Hathor ရဲ႕အဆိုအရ “သင္ဟာ အာ႐ုံပ်ံ႕လြင့္စရာေတြ အမ်ားႀကီးနဲ႔ ႀကဳံခဲ့ရၿပီး အဲဒါေၾကာင့္ပဲ ကိုယ္သြားရမယ့္ လမ္းေၾကာင္းမွန္ေပၚကေန ေသြျဖည္သြားခဲ့ရတာပါ” တဲ့။ ကံေကာင္းတာကေတာ့ ေမထုန္ရာသီဖြားေတြအေနနဲ႔ ဇူလိုင္လကုန္ပိုင္းေရာက္ရင္ လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္လာၿပီး စိတ္ေအးခ်မ္းမႈကို အျပည့္အဝ ျပန္ရရွိေတာ့မွာပါ။ၿပီးခဲ့တဲ့ တစ္ႏွစ္ခြဲေက်ာ္အတြင္းမွာ ပုံစံေဟာင္းေတြပဲ ထပ္ခါတလဲလဲ ျဖစ္ေနၿပီး အတားအဆီးေတြ အမ်ားႀကီးနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ “ကိုယ္တကယ္ မေပးဆပ္ခ်င္တဲ့အရာေတြကိုပါ ေပးဆပ္ခဲ့ရတာမ်ိဳး ရွိခဲ့တယ္” လို႔ ေဗဒင္ပညာရွင္က ထပ္ေျပာပါတယ္။ သင္ဟာ ကိုယ့္ရဲ႕ အေကာင္းဆုံးပုံစံတစ္ခုဆီကို ရင့္က်က္ေျပာင္းလဲသြားေတာ့မွာပါ။ အခုအခ်ိန္မွာ ခရီးသြားခြင့္ရတာမ်ိဳး ဒါမွမဟုတ္ အလုပ္အကိုင္ တိုးတက္လာတာမ်ိဳးေတြ ႀကဳံရႏိုင္ပါတယ္။ အခြင့္အလမ္းသစ္ေတြ ေရာက္ လာေတာ့မွာမို႔လို႔ အဆင္သင့္ျပင္ထားလိုက္ပါ။
Virgo
သူငယ္ခ်င္းေတြ၊ ခ်စ္သူေတြကစလို႔ လုပ္ေဖာ္ကိုင္ဖက္ေတြအထိ ၿပီးခဲ့တဲ့ ၁၈ လအတြင္းမွာ သင့္ရဲ႕ ပတ္သက္ဆက္ႏႊယ္မႈေတြ အားလုံး အဆင္မေျပဘဲ ႐ုန္းကန္ခဲ့ရပါတယ္။ တကယ္ေတာ့ Hathor က ဒီၿဂိဳဟ္အေျပာင္းအလဲကာလဟာ သင့္ရဲ႕ အေပါင္းအသင္း၊ အဆက္အသြယ္ေတြအတြက္ “ကပ္ေဘးတစ္ခုလို ဆိုး႐ြားခဲ့တာ” လို႔ေတာင္ ေဖာ္ျပခဲ့ပါတယ္။ ဒါေပမဲ့ ဇူလိုင္လကုန္မွာ ၿဂိဳဟ္ေတြ ရာသီအသစ္ေတြကို ေျပာင္းေ႐ႊ႕သြားမွာမို႔လို႔ အေျခအေနေတြက ေကာင္းမြန္တဲ့ဘက္ကို ဦးတည္လာေတာ့မွာပါ။”ဒါက သင့္ရဲ႕ အလုပ္အကိုင္၊ ရာထူးနဲ႔ လူမႈေရးဂုဏ္သိကၡာေတြအေပၚ ေကာင္းက်ိဳးသက္ေရာက္ေစမွာပါ။ ႏွစ္ေပါင္းမ်ားစြာ ႀကိဳးစားအားထုတ္လာခဲ့တဲ့ ရာထူးတိုးတာမ်ိဳး ဒါမွမဟုတ္ ကိုယ္ျဖစ္ခ်င္တဲ့ အလုပ္အကိုင္ေနရာမ်ိဳးကို ေနာက္ဆုံးမွာ ရရွိေတာ့မယ့္ အေျခအေနပါပဲ။” လို႔ Helena Hathor က ေျပာထားပါတယ္။သူတစ္ပါးနဲ႔ ပူးေပါင္းလုပ္ကိုင္ရတာလည္း ပိုၿပီး အဆင္ေျပေခ်ာေမြ႕လာမွာမို႔ သင့္ဘဝထဲက စိတ္ဖိစီးမႈေတြ အမ်ားႀကီး ေလ်ာ့က်သြားပါလိမ့္မယ္။ ရႈပ္ေထြးတဲ့ ဒရာမာေတြအားလုံးကို အၿပီးတိုင္ ႏႈတ္ဆက္လိုက္လို႔ ရပါၿပီ။
Sagittarius
ဒီေႏြရာသီနဲ႔ ေရွ႕ဆက္မယ့္ ကာလေတြမွာ ေမွ်ာ္လင့္စရာေတြ အမ်ားႀကီး ရွိေနပါတယ္ ဓႏုရာသီဖြားတို႔ေရ။ ၿပီးခဲ့တဲ့ တစ္ႏွစ္ခြဲေလာက္အတြင္းမွာ ေျပာင္းလဲမႈေတြ အ မ်ားႀကီးအျပင္ စိတ္မေကာင္းစရာ ေကာင္းတဲ့ ဇာတ္သိမ္းမႈတခ်ိဳ႕ကိုလည္း ရင္ဆိုင္ခဲ့ရဖူးပါတယ္။ ဒါေပမဲ့ ဇူလိုင္လကုန္ပိုင္းေရာက္တဲ့အခါမွာေတာ့ ေနာက္ဆုံးမွာ ေအး ေအးခ်မ္းခ်မ္း ရွိသြားေတာ့မွာပါ။”North Node နဲ႔ South Node ေတြက ကုံရာသီနဲ႔ သိဟ္ရာသီထဲကို ေျပာင္းေ႐ႊ႕သြားတဲ့အတြက္ ဘဝက အရင္ကထက္ ပိုၿပီး ဆု လာဘ္ေတြ ျပည့္ႏွက္လာေတာ့မွာပါ” လို႔ Hathor က ဆိုပါတယ္။ ဒီလထဲမွာ သင္ဟာ အေကာင္းျမင္စိတ္နဲ႔ တိုးတက္လိုစိတ္ (Growth Mindset) ကို ေမြးျမဴႏိုင္မွာျဖစ္လို႔ ကိုယ့္ရဲ႕ပန္းတိုင္ေတြဆီ ေလွ်ာက္လွမ္းတဲ့ေနရာမွာ တိုးတက္မႈေတြရွိလာၿပီး လိုခ်င္တဲ့ ေအာင္ျမင္မႈကို ရရွိေစမွာပါ။ ကိုယ္အိပ္မက္မက္တဲ့ ေနရာသစ္တစ္ခုကို ေျပာင္းေ႐ႊ႕ခ်င္တာပဲျဖစ္ျဖစ္၊ ကိုယ့္ျဖစ္တည္မႈနဲ႔ ကိုက္ညီမယ့္ အလုပ္မ်ိဳးကို ရွာခ်င္တာပဲျဖစ္ျဖစ္ ဒါဟာ သင့္အတြက္ အခြင့္အေရးေကာင္းပါပဲ။
ေက်ာ့ေကခိုင္
Leave a Reply