n.Sign အဖွဲ့ရဲ Junhyeok နဲ့ Eddie တို့က အဖွဲ့နဲ့ သူတို့ရဲ့အေဂျင်စီကနေလမ်းခွဲလိုက်ပြီဖြစ်ပါတယ်။ဒီဇင်ဘာ ၈ ရက်နေ့မှာတော့ nCH Entertainment က Junhyeok နဲ့ Eddie တို့နှစ်ယောက်လုံးကျန်းမာရေးအခြေအနေကြောင့် ခေတ္တရပ်နားထားရပြီး n.SSign ကနေ
အပြီးအပိုင်ထွက်ခွာတော့မှာဖြစ်ပြီး အေဂျင်စီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ်လို့ကြေညာခဲ့ပါတယ်။ nCH Entertainment ရဲ့ အဆိုအရ n.Sign က အခုကနေစပြီး အဖွဲ့ဝင်ခုနစ်ဦးပါအဖွဲ့အဖြစ်ဖွဲ့စည်းသွားမှာဖြစ်တယ်လို့သိရပါတယ်။ကုမ္ပဏီရဲ့ထုတ်ပြန်ချက်အ ပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
မင်္ဂလာပါ။ ဒါက nCH Entertainment ပါ။ ကျန်းမာရေး အကြောင်းပြချက်များကြောင့် လှုပ်ရှားမှုများကို ခေတ္တရပ်နားခဲ့တဲ့ n.Sign
အဖွဲ့ဝင် Junhyeok နဲ့ Eddie တို့နှစ်ဦးနဲ့ အကြိမ်ကြိမ် ဆွေးနွေးပြီးနောက် သူတို့က ကျွန်ုပ်တို့နဲ့သီးသန့်စာချုပ်များကို ရပ်စဲပြီး သူတို့ရဲ့လှုပ်ရှားမှုများကို အဆုံးသတ်ဖို့အတွက် သူတို့ရဲ့ ဆန္ဒကိုလေးစားမှုနဲ့ ဆုံးဖြတ်လိုက်ပါတယ်။ဒီရုတ်တရက်သတင်းကြောင့် သင့်ကို စိုးရိမ်စရာဖြစ်သွားစေတဲ့အတွက် ကျွန်ုပ်တို့ COSMO(n.Sign fandom) ကို လေးလေးနက်နက် တောင်းပန်ပါတယ်။ Junhyeok နဲ့ Eddie တို့က လမ်းသစ်တစ်ခုရဲ့ အစလမ်းကြောင်းမှာ ရပ်တည်နေတာကြောင့်ကျွန်ုတို့အနေနဲ့ အနာဂတ်မှာ သူတို့ကို အားပေးကြမှာဖြစ်ပြီး COSMO ကနေလည်းအဖွဲ့ဝင်နှစ်ဦးကို အနှိုင်းမဲ့ပံ့ပိုးကူညီမှုနဲ့ နွေးထွေးတဲ့ အားပေးမှုများ ပေးပို့ကြဖို့တောင်းဆိုအပ်ပါတယ်။
n.Sign အနေနဲ့ အနာဂတ်မှာ အဖွဲ့ဝင်ခုနစ်ဦးပါဝင်တဲ့ အဖွဲ့အဖြစ်တက်ကြွစွာဆက်လက်မြှင့်တင်မှာဖြစ်ပြီး မကြာမီမှာ ပရိသတ်ရှေ့မှောက်ကိုရောက်ရှိလာမှာဖြစ်ပါတယ်။သင့်ကို စိုးရိမ်စရာအကြောင်းပြောရတဲ့အတွက် ကျွန်ုပ်တို့အနေနဲ့ COSMO ကိုတောင်းပန်ပါတယ်။
MYit
zawgyi
n.Sign အဖြဲ႕ရဲ Junhyeok နဲ႔ Eddie တို႔က အဖြဲ႕နဲ႔ သူတို႔ရဲ႕ေအဂ်င္စီကေနလမ္းခြဲလိုက္ၿပီျဖစ္ပါတယ္။ဒီဇင္ဘာ ၈ ရက္ေန႔မွာေတာ့ nCH Entertainment က Junhyeok နဲ႔ Eddie တို႔ႏွစ္ေယာက္လုံးက်န္းမာေရးအေျခအေနေၾကာင့္ ေခတၱရပ္နားထားရၿပီး n.SSign ကေန
အၿပီးအပိုင္ထြက္ခြာေတာ့မွာျဖစ္ၿပီး ေအဂ်င္စီနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ္လို႔ေၾကညာခဲ့ပါတယ္။ nCH Entertainment ရဲ႕ အဆိုအရ n.Sign က အခုကေနစၿပီး အဖြဲ႕ဝင္ခုနစ္ဦးပါအဖြဲ႕အျဖစ္ဖြဲ႕စည္းသြားမွာျဖစ္တယ္လို႔သိရပါတယ္။ကုမၸဏီရဲ႕ထုတ္ျပန္ခ်က္အ ျပည့္အစုံမွာ ေအာက္ပါအတိုင္းျဖစ္ပါတယ္။
မဂၤလာပါ။ ဒါက nCH Entertainment ပါ။ က်န္းမာေရး အေၾကာင္းျပခ်က္မ်ားေၾကာင့္ လႈပ္ရွားမႈမ်ားကို ေခတၱရပ္နားခဲ့တဲ့ n.Sign
အဖြဲ႕ဝင္ Junhyeok နဲ႔ Eddie တို႔ႏွစ္ဦးနဲ႔ အႀကိမ္ႀကိမ္ ေဆြးေႏြးၿပီးေနာက္ သူတို႔က ကြၽႏ္ုပ္တို႔နဲ႔သီးသန႔္စာခ်ဳပ္မ်ားကို ရပ္စဲၿပီး သူတို႔ရဲ႕လႈပ္ရွားမႈမ်ားကို အဆုံးသတ္ဖို႔အတြက္ သူတို႔ရဲ႕ ဆႏၵကိုေလးစားမႈနဲ႔ ဆုံးျဖတ္လိုက္ပါတယ္။ဒီ႐ုတ္တရက္သတင္းေၾကာင့္ သင့္ကို စိုးရိမ္စရာျဖစ္သြားေစတဲ့အတြက္ ကြၽႏ္ုပ္တို႔ COSMO(n.Sign fandom) ကို ေလးေလးနက္နက္ ေတာင္းပန္ပါတယ္။ Junhyeok နဲ႔ Eddie တို႔က လမ္းသစ္တစ္ခုရဲ႕ အစလမ္းေၾကာင္းမွာ ရပ္တည္ေနတာေၾကာင့္ကြၽႏ္ုတို႔အေနနဲ႔ အနာဂတ္မွာ သူတို႔ကို အားေပးၾကမွာျဖစ္ၿပီး COSMO ကေနလည္းအဖြဲ႕ဝင္ႏွစ္ဦးကို အႏႈိင္းမဲ့ပံ့ပိုးကူညီမႈနဲ႔ ေႏြးေထြးတဲ့ အားေပးမႈမ်ား ေပးပို႔ၾကဖို႔ေတာင္းဆိုအပ္ပါတယ္။
n.Sign အေနနဲ႔ အနာဂတ္မွာ အဖြဲ႕ဝင္ခုနစ္ဦးပါဝင္တဲ့ အဖြဲ႕အျဖစ္တက္ႂကြစြာဆက္လက္ျမႇင့္တင္မွာျဖစ္ၿပီး မၾကာမီမွာ ပရိသတ္ေရွ႕ေမွာက္ကိုေရာက္ရွိလာမွာျဖစ္ပါတယ္။သင့္ကို စိုးရိမ္စရာအေၾကာင္းေျပာရတဲ့အတြက္ ကြၽႏ္ုပ္တို႔အေနနဲ႔ COSMO ကိုေတာင္းပန္ပါတယ္။
MYit
Leave a Reply