အလုပ်ကိစ္စနဲ့ခရီးသွားမယ်ဆိုရင်
ကိုယ့်ရုံးကလွှတ်လို့အလုပ်ကိစ္စနဲ့ ပြည်ပနိုင်ငံတစ်ခုခုကိုခရီးသွားရတဲ့အခါ သတိပြုရမယ့်အရာလေးတွေရှိပါတယ်။အလုပ်ကိစ္စနဲ့ခရီးသွားတာက အပျော်ခရီးနဲ့မတူဘဲ ဆောင်သင့်တာတွေ၊ရှောင်သင့်တာတွေအများကြီးရှိနေတာမို့ ဒီအချက်လေးတွေကိုအခြေခံအနေနဲ့မှတ်သားထားနိုင်ပါတယ်။ – ဘယ်ခရီးကိုပဲသွားသွား အဓိကအရေးကြီးတာက ကျန်းမာရေးကောင်းနေဖို့ပါ။ ကျန်းမာနေမှ အရာရာကိုအဆင်ပြေအောင်လုပ်နိုင်တာမို့ ခရီးမသွားခင်ကျန်းမာရေးကိုအထူးသတိထားပေးဖို့လိုပါတယ်။ – အလုပ်ခရီးသွားရပြီဆိုရင် ကိုယ့်ရဲ့ Last Minute အကျင့်ကိုဖယ်ပြီး လေဆိပ်ကိုအချိန်မီရောက်ဖို့၊ ချိန်းထားတဲ့နေရာကိုအချိန်မီရောက်ဖို့ အရာရာမှာဝီရိယလေးထားသင့်ပါတယ်။ – အလုပ်နဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေကို အမြဲတမ်း […]