ပိုကောင်းတဲ့လုပ်ငန်းခွင်တွေဆီအခက်အခဲမရှိရောက်သွားနိုင်စေတဲ့ အချက် ၆ချက်

August 2, 2023 Aung Khant Mon 0

အောင်မြင်တဲ့ Career ဆိုတာငါပန်းတိုင်တော့ရောက်နေပြီ၊ နားလိုက်ဦးမယ်ဆိုတာမျိုးလုပ်လို့မရတဲ့အရာပါ။ဒါကအမြဲတမ်းကြိုးစားလျှောက်လှမ်းနေရမယ့်ခရီးရှည်တစ်ခုပါ။ အလုပ်လုပ်နေတဲ့သူတွေတိုင်းအတွက် ပိုမိုကောင်းမွန်တဲ့အခွင့်အလမ်းတွေနဲ့စိန်ခေါ်မှုတွေဆိုတာအမြဲတမ်းပေါ်ပေါက်နေမှာဖြစ်ပြီးဒါတွေကိုဖမ်းဆုပ်ရယူနိုင်ဖို့လည်းလိုပါသေးတယ်။ ကိုယ်ကလက်ရှိအလုပ်မှာအဆင်ပြေနေသေးတယ်ဆိုရင်တောင် ငါရယူနိုင်တဲ့နောက်ထပ်အခွင့်အလမ်းတွေကဘာတွေဖြစ်မလဲ၊ ငါဘယ်နယ်ပယ်ကိုခြေဆန့်လို့ရနိုင်ဦးမလဲဆိုတာကအမြဲတမ်းတွေးနေရမယ့်အရာတွေဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်တတ်ခြင်းက ဘ၀တိုးတက်ရေးမှာအများကြီးအရေးကြီးလှပါတယ်။ တခြားသောအခွင့်အလမ်းတံခါးပေါက်တွေကိုတွန်းဖွင့်နိုင်ဖို့အတွက်ကိုယ့်ကိုယ်ကိုယ်ဒီမေးခွန်းလေးတွေမေးကြည့်ပါ။ ၁. ငါ့ရဲ့အားသာချက်ကဘာဖြစ်မလဲ ကိုယ့်ရဲ့ကျွမ်းကျင်မှု၊ အရည်အချင်း၊ ဝါသနာ၊ တစ်ခါမှအသုံးမချရသေးတဲ့ကိုယ့်ရဲ့စိတ်ဝင်စားမှုတွေ(ဥပမာ Photography ဒါမှမဟုတ် Interior Design)စသဖြင့် စဥ်းစားကြည့်ပါ။ ကိုယ့်အတွက်နောက်ထပ်ရလာတဲ့အခွင့်အလမ်းတွေကကိုယ်ဝါသနာပါတဲ့နယ်ပယ်မျိုးကသာြဖစ်နေခဲ့ရင် အလုပ်လုပ်ရတာပိုပျော်ရွှင်ရမှာဖြစ်သလိုအရင်ကထက်လည်းပိုအောင်မြင်လာမှာပါ။ […]

ကိုယ်ဟာဟယ်လီကော်ပတာမန်နေဂျာဖြစ်နေပြီလားဆိုတာဆန်းစစ်နိုင်မယ့်အချက် (၅) ချက်

August 2, 2023 Aung Khant Mon 0

 ကိုယ်ကဝန်ထမ်းတွေအပေါ်လွှမ်းမိုးလွန်းနေမိသလား၊ ဝန်ထမ်းတွေရဲ့အလုပ် Process ကိုအသေးစိတ်လိုက်ကြည့်ပြီးစီမံမိနေသလား ။ ဒါဆိုရင်တော့ ကိုယ်ဟာဟယ်လီကော်ပတာမန်နေဂျာြဖစ်နေပြီလို့ဆိုရမှာပါ။ မန်နေဂျာတစ်ယောက်ကဝန်ထမ်းတွေကိုယုံကြည်စိတ်ချမှုမရှိဘဲလုပ်ဆောင်နေတာတွေမှန်၊မမှန် တစ်ချိန်လုံးပြန်လှန်စစ်ဆေးချင်နေမိတာ၊ Micromanage လုပ်မိနေတာကဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်ကိုကျဆင်းစေတာအမှန်ပါ။ Helicopter Manager ဆိုတဲ့အသုံးအနှုန်းက ၁၉၆၉ မှာထွက်ပေါ်လာခဲ့တဲ့ Helicopter Parents ဆိုတဲ့အသုံးအနှုန်းကိုတင်စားထားတာြဖစ်ပါတယ်။ Helicopter Parentsဆိုတာကသားသမီးကိုစိတ်ပူလွန်းအားကြီးပြီးတစ်ချိန်လုံးစောင့်ကြည့်ပြောဆိုစီမံနေတတ်တဲ့မိဘမျိုးကိုရည်ညွှန်းပါတယ်။ ဒီအချက် ၅ ချက်အတိုင်းဖြစ်ပေါ်နေပြီဆိုရင်တော့ကိုယ်ဟာဟယ်လီကော်ပတာမန်နေဂျာြဖစ်နေပြီဆိုတာကိုလက်ခံရတော့မှာဖြစ်ပါတယ်။ ၁. […]

ဘွဲ့ရပြီးရင်ဘာလုပ်မလဲ

August 1, 2023 Aung Khant Mon 0

ဘွဲ့ရပြီးရင်ဘာလုပ်မလဲဆိုတဲ့အရာဟာဘွဲ့မရသေးတဲ့လူငယ်တွေ၊ဘွဲ့ရပြီးခါစလူငယ်တွေအပြင်းအထန်စဉ်းစားကြရတဲ့အရာဖြစ်ပါတယ်။ဒီမေးခွန်းကိုအကောင်းဆုံးဖြေရှင်းနိုင်ဖို့လုပ်ဆောင်သင့်တဲ့အချက်နှစ်ခုရှိပါတယ်။အဲဒါကတော့ကြိုတင်တွေးတောစဉ်းစားဖို့နဲ့လုပ်ငန်းခွင်အတွက်လက်တွေ့အသုံးတည့်တဲ့ပညာရပ်တွေကိုဆည်းပူးထားဖို့ပဲဖြစ်ပါတယ်။ ၁) ကြိုတင်တွေးတောစဉ်းစားခြင်း အသက်အရွယ်ငယ်ငယ်နဲ့လုပ်ငန်းခွင်မှာနေရာတစ်ခုရနေသူ၊လစာကောင်းကောင်းရနေသူ၊ပျော်ရွှင်အောင်မြင်နေသူတွေကိုကြည့်ရင်သူတို့ဟာကျောင်းသားဘ၀ဘွဲ့မရခင်အချိန်ကတည်းကသူတို့လိုချင်တာ၊လုပ်ချင်တာကိုသိပြီးကြိုတင်ပြင်ဆင်ထားကြသူတွေဖြစ်နေကြပါတယ်။ဒါကြောင့်ဘွဲ့ရပြီးရင်ဘာလုပ်မလဲဆိုတဲ့အချက်ကိုဘွဲ့တစ်ခုမရခင်အချိန်ကျောင်းသားဘဝမှာတည်းကသေသေချာချာစဉ်းစားဖို့လိုအပ်လှပါတယ်။ ဘွဲ့ရပြီးလုပ်ငန်းခွင်ဝင်ချိန်မှာအဆင်ပြေချောမွေ့စေဖို့၊လုပ်ငန်းတစ်ခုမှာအရေးပါသူဖြစ်လာစေဖို့အတွက်ကြိုတင်ပြင်ဆင်ခြင်းဟာရာနှုန်းပြည့်အရေးပါပါတယ်။ ဘွဲ့ရပြီးချိန်ကိုယ်ဝင်သွားမယ့်နယ်ပယ်မှာအရည်အချင်းပြည့်ဝနေဖို့အတွက်ဘာသာစကား၊နည်းပညာနဲ့စီမံခန့်ခွဲမှုစတဲ့လက်နက်ကောင်းတွေတပ်ဆင်ထားဖို့လိုအပ်လှပါတယ်။ ဒီလိုလက်နက်တွေတပ်ဆင်ဖြည့်တင်းနေခြင်းဟာငွေကြေးရှိခြင်းမရှိခြင်းနဲ့မဆိုင်ပါဘူး။လေ့လာသင်ယူချင်စိတ်ရှိဖို့သာလိုပါတယ်။အင်တာနက်ခေတ်ကြီးမှာသင်လိုချင်တဲ့ပညာရပ်တွေအားလုံးဟာသင်နဲ့လက်တစ်ကမ်းအလိုမှာပဲရှိနေလို့ပါ။ ဘွဲ့ရပြီးရင်ဘာလုပ်မလဲဆိုတာကိုကြိုတင်မတွေးထားဘဲရရာအလုပ်အရင်လုပ်ကြည့်မယ်ဆိုရင်တော့သူများတွေထက်ခြေတစ်လှမ်းနောက်ကျနေပါလိမ့်မယ်။ ကိုယ်အလွယ်တကူဝင်လိုက်တဲ့လုပ်ငန်းခွင်ကတခြားကိုယ်စိတ်ဝင်စားတာကတခြားဖြစ်လာမယ်။ဒီလိုနဲ့ကိုယ့် Career ကိုကောင်းကောင်းမတည်ဆောက်နိုင်ဘဲအလုပ်ခွင်အပြောင်းအလဲများတဲ့သူ၊ခုန်ကူးနေရတဲ့သူဖြစ်လာနိုင်ပါတယ်။ကိုယ်နဲ့ရွယ်တူသူငယ်ချင်းကနယ်ပယ်တစ်ခုမှာဆရာတစ်ဆူဖြစ်နေချိန်၊ရာထူးကြီးကြီးရနေချိန်မှာကိုယ်ကလုပ်ငန်းတစ်ခုကနေတစ်ခုကူးလို့ကောင်းတုန်း၊ အောက်ခြေဝန်ထမ်းလုပ်လို့ကောင်းတုန်းဖြစ်နေပါလိမ့်မယ်။ ဒါကြောင့်ဘွဲ့ရပြီးရင်ဘာလုပ်မလဲဆိုတဲ့အချက်ဟာကိုယ့် Career အတွက်၊ ဘဝတစ်လျှောက်လုံးအောင်မြင်ပြည့်စုံစွာနေထိုင်နိုင်ရေးအတွက်မဖြစ်မနေတွေးသင့်တဲ့အတွေးတစ်ချက်ဖြစ်ပါတယ်။   ၂) လက်တွေ့အသုံးတည့်သောပညာရပ်များဆည်းပူးခြင်း   လုပ်ငန်းခွင်တစ်ခုဝင်တဲ့အခါလွန်ခဲ့တဲ့၅နှစ်ကလိုအပ်တဲ့ Skills နဲ့ဒီနေ့လိုအပ်တဲ့ Skills တွေမတူတော့တာကိုသတိပြုရပါမယ်။ဒီနေ့ခေတ်မှာတော့ဘွဲ့တစ်ခု၊ပညာရပ်တစ်ခုနဲ့တင်မလုံလောက်တော့ပါဘူး။ […]

One-on-one meeting ခေါ်ဖို့ဘာကြောင့်မတွန့်ဆုတ်သင့်တာလဲ

August 1, 2023 Aung Khant Mon 0

လုပ်ငန်းခွင်အတွင်းGroup Meeting တွေကနေအိုင်ဒီယာတွေဖလှယ်နိုင်၊ Brain Stormingလုပ်နိုင်တာကြောင့်အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုတွေကောင်းစေတာသေချာပါတယ်။ဒါပေမဲ့ မန်နေဂျာအတွက်ရော၊ဝန်ထမ်းအတွက်ပါနှစ်ဦးနှစ်ဖက်အကျိုးများစေတဲ့အရာတွေထဲမှာတစ်ဦးချင်းတွေ့ဆုံတဲ့One-on-one meeting ပြုလုပ်ခြင်းလည်းပါဝင်ပါတယ်။အခုဖော်ပြမယ့်အချက်တွေကတော့ One-on-one meetingပြုလုပ်ခြင်းကနေရရှိမယ့် တန်ဖိုးမဖြတ်နိုင်တဲ့အကျိုးတရားတွေပဲဖြစ်ပါတယ်။ ကိုယ့်အတွက်စိတ်ရောလူပါသက်သာစေနိုင်တယ် One-on-one meetingတွေကဝန်ထမ်းတစ်ဦးချင်းအတွက် တိကျသေချာတဲ့တာဝန်ကိုရှင်းရှင်းလင်းလင်းချမှတ်နိုင်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် ဝန်ထမ်းကိုယ်တိုင်ကသူလုပ်ရမယ့်အလုပ်ကိုစိတ်ပါလက်ပါလုပ်ကိုင်လာစေပါတယ်။Teamတစ်ခုလုံးကိုစွမ်းဆောင်ရည်တိုးစေတာမို့ ကိုယ်ကခေါင်းဆောင်မှုနဲ့ နည်းဗျူဟာပိုင်းကိုပိုမိုအာရုံစိုက်နိုင်မှာပဲဖြစ်ပါတယ်။ Confidence တည်ဆောက်ပေးနိုင်တယ် အောင်မြင်တဲ့ Teamတစ်ခုဆိုတာကဝန်ထမ်းတွေကိုသူ့နေရာနဲ့သူမှန်ကန်အောင်တာဝန်ပေးထားနိုင်ခြင်းကိုဆိုလိုပါတယ်။ မန်နေဂျာတစ်ယောက်အနေနဲ့ ကိုယ်ဆုံးဖြတ်လုပ်ကိုင်တာတွေအောင်မြင်မှုရလာတာနဲ့အမျှ […]

နောင် (၁၀)နှစ်အထိအေးအေးဆေးဆေးဝင်ငွေကောင်းချင်ရင်

July 29, 2023 Aung Khant Mon 0

 နေ့စဉ်နဲ့အမျှပြောင်းလဲတိုးတက်လာတဲ့နည်းပညာတွေကြောင့် ကိုယ်သင်ယူထားတဲ့ပညာရပ် ၊ရင်းနှီးမြှုပ်နှံထားရတဲ့အလုပ်အကိုင်ကအနာဂတ်မှာခိုင်မာတဲ့အနေအထားတစ်ခုကိုပေးပါ့မလားဆိုတာအလုပ်လုပ်နေသူတိုင်းမဖြစ်မနေစဉ်းစားသင့်တဲ့အရာတစ်ခုပါ။အခုဆိုရင်AIနည်းပညာကဖန်တီးမှုနေရာတော်တော်များများကိုတောင် အစားထိုးဝင်ရောက်နေပြီဖြစ်ပါတယ်။ပညာရှင်တွေရဲ့သုံးသပ်ချက်အရအခုဖော်ပြပေးထားတဲ့အလုပ်အကိုင်တွေကတော့နောင်နှစ်ပေါင်းများစွာအထိခိုင်မာမှုရှိပြီးအစားထိုးဖို့ခက်ခဲတဲ့အလုပ်အကိုင်တွေဖြစ်ပါတယ်။အဲဒါတွေကတော့…   ၁. ဆေးပညာ ဦးနှောက်နဲ့ချစ်ခြင်းမေတ္တာကို အသုံးပြုရတဲ့အလုပ်တွေမှာတော့နည်းပညာနဲ့အစားထိုးဖို့ခက်ခဲနေဦးမှာပါ။ အဲဒီထဲမှာဆေးပညာနဲ့ပတ်သက်တာ၊ ဆရာဝန်၊ သူနာပြု၊ လူမမာနဲ့သက်ကြီးရွယ်အိုတွေကိုပြုစုစောင့်ရှောက်ရတဲ့အလုပ်တွေလည်းပါဝင်ပါတယ်။ ဆေးပညာပိုင်းမှာနည်းပညာအကူအညီနဲ့ခွဲစိပ်ကုသမှုတွေအများကြီးလုပ်နိုင်လာပေမယ့် ဒီMachine တွေကိုကိုင်တွယ်မယ့်နားလည်တတ်ကျွမ်းသူတွေကလိုအပ်နေဦးမှာပါ။နည်းပညာတွေဘယ်လောက်ပဲအဆင့်မြင့်မြင့် လူ့အသိဉာဏ်နဲ့ စိတ်နှလုံးထည့်ပြီးဆုံးဖြတ်လုပ်ကိုင်ရတဲ့အလုပ်တွေမို့ အလွယ်တကူအစားထိုးဖို့ခက်ခဲပါတယ်နော်။   ၂. Sales သမားတွေ အနာဂတ်မှာလည်းအရောင်းသမားတွေကလိုအပ်နေဦးမှာပါ။ အရမ်းကိုတော်တဲ့အရောင်းသမားတွေနေရာမှာတော်တန်ရုံအစားထိုးဖို့ခက်ခဲပါတယ်။အတွေ့အကြုံကနေရရှိလာတဲ့ […]

ဦးနှောက်ဗလာနှင့် တက္ကနိုလိုဂျီ

July 26, 2023 Aung Khant Mon 0

တက္ကနိုလိုဂျီအသစ်တွေကို လက်ချိုးရေလို့ရတဲ့ ပါရမီရှင်တွေက တီထွင်ခဲ့ကြပေမဲ့၊ ဒီတက္ကနိုလိုဂျီ တွေကို သုံးစွဲတဲ့ သူတွေကတော့ ပါရမီရှင်မဟုတ်တဲ့ ကမ္ဘာအနှံ့ကလူတွေပဲ ဖြစ်ပါတယ်။ IT နည်းပညာခေတ်ကို ရောက်နေတော့ ဆက်သွယ်ရေးတင်မကဘူး၊ စားလဲ online က၊ ဝယ်လဲ online က၊ ငွေရေးကြေးရေးတွေလဲ online က၊ အလုပ်တွေ […]

ခေါင်းဆောင်-နောက်လိုက် အားပြိုင်ပွဲ

July 26, 2023 Aung Khant Mon 0

ခေါင်းဆောင်ကောင်းမှ နောက်လိုက်ကောင်းမယ်… ခေါင်းဆောင်ညံ့ရင် နောက်လိုက်တွေလဲ ညံ့မယ်… ဒီလိုပဲ နားလည် ထားကြပါတယ်။ ဒါပေမဲ့ ခပ်ညံ့ညံ့ နောက်လိုက်တွေနဲ့ပဲ အမြဲအလုပ်လုပ်နေရတဲ့အတွက် ခေါင်းဆောင်တွေ ကိုယ်တိုင်လဲ တဖြေးဖြေး ခပ်ညံ့ညံ့ ဖြစ်သွားနိုင်တာကို သတိပြုမိခဲပါတယ်။ ခေါင်းဆောင်မှုပြုခြင်းဆိုတာ ခေါင်းဆောင်လုပ်ရမဲ့သူက သူ့ရဲ့ လက်အောက် ငယ်သားတွေကို လွှမ်းမိုးနိုင်အောင် ကြိုးစားရတာပါ။ […]

လုပ်ဖော်ကိုင်ဖက် အလုပ်ထွက်သွားချိန်မှာ ရင်ဆိုင်ဖြတ်သန်းနည်း

July 25, 2023 thansoe 0

လုပ်ဖော်ကိုင်ဖက်တစ်ဦး အလုပ်ထွက်သွားချိန်မှာ ကျန်ရစ်ခဲ့သူတွေအပေါ် တာဝန်ပိလာပြီး အကူးအပြောင်းအတွက် အလုပ်ရှုပ်ရပြီ ဖြစ်ပါတယ်။ အပြောင်းအလဲကို တောင့်ခံပြီး ထိန်းထားနိုင်ဖို့အတွက် စိတ်ဓာတ်ကြံ့ခိုင်ရန် အရေးကြီးပါတယ်။ ရင်းနှီးခဲ့ဖူးသူတစ်ယောက် ဒါမှမဟုတ် အလုပ်မှာ အားထားရသူတစ်ဦး အလုပ်ထွက်ပြီဆိုရင် ကျန်ရစ်ခဲ့သူတွေအတွက် ရင်ဆိုင်ဖြေရှင်းနည်းကို တင်ဆက်ပေးလိုက်ပါတယ်။ ဆက်ဆံရေးအသစ်တစ်ခု တည်ဆောက်ပါ အကျင့်စရိုက် မတူညီသူတွေနဲ့ လက်တွဲအလုပ်လုပ်ချိန်မှာ […]

ရောင်းသူနှင့် ဝယ်သူကြား ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်နည်း (၄) နည်း

July 25, 2023 thansoe 0

ဝယ်သူစိတ်ကြိုက်ဖြစ်ပြီး ဈေးဝယ်မြဲအောင် ထိန်းထားဖို့အတွက် စီးပွားရေး လုပ်ငန်းရှင်များ ကြိုးစားကြပါတယ်။ ဝယ်သူများကြား ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ခြင်းအားဖြင့် ကုန်ပစ္စည်းအမှတ်တံဆိပ်ကို ကြော်ငြာပြီးသားဖြစ်သလို ပြိုင်ဘက်ကုမ္ပဏီထက် တစ်ပန်းသာစေမှာ သေချာပါတယ်။ ဝယ်သူနဲ့ ပြောဆိုရာမှာ အသံအနေအထားမှအစ အရေးကြီးသလို အရောင်းပေ့ချ်မှ တဆင့် ကြော်ငြာမက်ဆေ့ချ်များ ပို့ချိန်မှာ တစ်သမတ်တည်း ရှိနေဖို့လည်း […]