Solo Album နဲ့အတူပြန်လာမယ့် BTS က Jungkook

အောက်တိုဘာ ၄ ရက်နေ့က Bighit Music ရဲ့ထုတ်ပြန်ချက်အရ Jungkook ဟာ နိုဝင်ဘာလအတွင်းမှာသူ့ရဲ့ပထမဆုံး Solo Album နဲ့အတူ ပရိသတ်ရှေ့ပြန်လည်ရောက်ရှိလာမယ်လို့သိရပါတယ်။သူရဲ့ပထမဆုံး Solo Album ကို Golden လို့နာမည်ပေးထားပြီး ဒီအယ်လ်ဘမ်ဟာ နိုဝင်ဘာလ ၃ ရက်နေ့မှာစတင်ထွက်ရှိမှာဖြစ်ပါတယ်။ သီချင်း ၁၁ ပုဒ်ပါဝင်မယ့်ဒီအယ်လ်ဘမ်ထဲမှာ သူရဲ့ထွက်ရှိပြီးတဲ့ Seven သီချင်းနဲ့ 3D သီချင်းတွေလည်းပါဝင်မှာဖြစ်ပါတယ်။ ဒီသီချင်းနှစ်ပုဒ်ဟာ Digital Single တွေအဖြစ်ထွက်ရှိခဲ့ပြီး Seven သီချင်းမှာတော့ Latto က Featuring အနေနဲ့ပါဝင်ထားပါတယ်။ 3D မှာတော့ Featuring Jack Harlow ဖြစ်ပါတယ်။

Bighit Music ရဲ့ပြောကြားချက်အရ ဒီအယ်လ်ဘမ်ဟာ Jungkook ရဲ့ရွှေရောင်ကာလကိုရည်ညွှန်းတယ်လို့ဆိုပါတယ်။ သူဟာ BTS ရဲ့ အငယ်ဆုံးအဖွဲ့ဝင်လည်းဖြစ်သလို Solo Artist လည်းဖြစ်ပါတယ်။ သူ့ရဲ့ပရိသတ်တွေကတော့ Golden ထွက်ရှိချိန်မှာသူ့ကိုထူးခြားတဲ့အပြင်အဆင်၊ ဆန်းသစ်တဲ့ Performance တွေနဲ့တွေ့မြင်ရဖို့မျှော်လင့်နေကြပါတယ်။အောက်တိုဘာ ၁၃ ရက်နေ့မှာတော့ Jungkook ဟာ Music Bank ကနေ သူ့ရဲ့ 3D သီချင်းကိုပွဲဦးထွက်တင်ဆက်မှာပဲဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*