2024 ခုနစ်မှာအလုပ်ရချင်တယ်ဆိုရင်
အလုပ်အကိုင်ရှားပါးပြီး အလုပ်လိုချင်သူတွေများပြားနေတဲ့အခုလိုအချိန်မျိုးမှာ ကိုယ့်ရဲ့အလုပ်ရှာဖွေမှုနဲ့ပြင်ဆင်မှုတွေဟာ သမားရိုးကျဖြစ်နေလို့မရပါဘူး။ 2024 မှာအလုပ်ရနိုင်ဖို့ဆိုရင်တော့အလုပ်ရှာဖွေတတ်တဲ့အရည်အချင်းနဲ့ စဥ်ဆက်မပြတ်လေ့လာသင်ယူနေမှု၊ အ ကင်းပါးမှုတွေမဖြစ်မနေလိုအပ်ပါတယ်။ ဒါတွေကတော့ အလုပ်ရှာဖွေသူတစ်ယောက်အနေနဲ့ မဖြစ်မနေရှိထားသင့်တဲ့အရည်အသွေးတွေဖြစ်ပါတယ်။ Job Search Strategy အလုပ်ရှာတတ်လာတာနဲ့အမျှ ကိုယ်နဲ့မသင့်တော် မကိုက်ညီတဲ့အလုပ်တွေ၊အလှမ်းဝေးတဲ့အလုပ်တွေအပေါ်အာရုံမစိုက်ဘဲ ရနိုင်ချေရှိပြီး ကိုယ်နဲ့လည်းသင့်တော်တဲ့အလုပ်တွေအပေါ်ကိုသာ အာရုံစိုက်တတ်လာပါလိမ့်မယ်။အလုပ်အကိုင်ရှာဖွေတဲ့နေရာမှာ ရချင်ရာရဆိုပြီးလျှောက်လိုက်တာမျိုးမဖြစ်စေဖို့၊အလုပ်အင်တာဗျူးတွေသွားရတာနဲ့တင် အချိန်ကုန်လူပန်းမဖြစ်စေဖို့ စနစ်တကျပြင်ဆင်တွက်ဆပြီးမှ အလုပ်ရှာဖွေတတ်ဖို့လိုပါတယ်။ […]