Asynchronous Communication ရဲ့ စိန်ခေါ်မှုများ

Asynchronous Communication ဆိုတာ ချက်ခြင်းအကြောင်းပြန်စရာမလိုတဲ့ဆက်သွယ်မှုဖြစ်ပါတယ်။ Schedule ပါတဲ့ ဆက်သွယ်မှုတခုဖြစ်ပြီး ကိုယ်အဆင်ပြေတဲ့အချိန်မှာပြန်လည်ဆက်သွယ်နိုင်တဲ့ ဆက်သွယ်ရေးမျိုးဖြစ်ပါတယ်။ Asynchronous အီးမေးလ်၊ Slack နဲ့
Asana လိုမျိုး ပလက်ဖောင်းများကနေ ဆက်သွယ်နိုင်ပါတယ်။ Loom လိုမျိုးကရိယာများကတဆင့်လည်း အသံသွင်းမှုများကို မျှဝေနိုင်ပါတယ်။ ဒီဆက်သွယ်မှုကအချိန်နဲ့တပြေးညီဖြစ်ဖို့ မလိုအပ်ပါဘူး။ ဒါကြောင့် သူ့မှာ ကောင်းကျိုးလည်းရှိသလိုတဖက်မှာလည်း စိန်ခေါ်မှုတွေရှိပါတယ်။ Asynchronous Communication စိန်ခေါ်မှုတွေကဘာတွေဖြစ်မလဲ။

ချက်ချင်းတုံ့ပြန်ချက်မရှိတာ

Asynchronous ဆက်သွယ်ရေးမှာ ဒါကိုတော့နားလည်လက်ခံထားဖို့အထူးပြောစရာမလိုတော့ပါဘူး။ ဒီအချက်ကချက်ခြင်းတုံ့ပြန်ချက်ရယူဖို့ အသုံးပြုလေ့ရှိတဲ့ အဖွဲ့ဝင်များအတွက် စိတ်ပျက်စရာဖြစ်နိုင်ပြီးနားလည်မှုလွဲမှားတာ၊ ဆုံးဖြတ်ချက်ချရာမှာ နှောင့်နှေးတာတွေဖြစ်စေနိုင်ပါတယ်။

ဆက်ဆံရေးထူထောင်ရန် ခက်ခဲတာ

လူကိုယ်တိုင်ဆက်သွယ်ခြင်းက အသင်းဝင်များကြားမှာ ယုံကြည်မှုနဲ့ ဆက်ဆံရေးကိုတည်ဆောက်ရာမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။ Asynchronous ဆက်သွယ်ရေးမှာတော့ ကိုယ်ရေးကိုယ်တာထိတွေ့မှုကင်းမဲ့နိုင်ပါတယ်။ ဒီအချက်ကခိုင်မာတဲ့လုပ်ငန်းခွင်ဆက် ဆံရေးတည်ဆောက်ဖို့ ပိုမိုခက်ခဲစေပါတယ်။

စာရေးဆက်သွယ်မှုအပေါ် အလွန်အမင်း အားကိုးတာ

Asynchronous Communication မှာ မျက်နှာချင်းဆိုင်ပြောဆိုမှုများထက် အဓိပ္ပာယ်လွဲမှားတဲ့ပြောဆိုဆက်သွယ်မှုတွေ မကြာခဏဆိုသလို ရေးထားတဲ့ စာတွေထဲမှာ ပါဝင်နေတတ်ပါတယ်။ဒီအချက်က နားလည်မှုလွဲမှားမှုများအတွက်သိသာထင်ရှားတဲ့အကျိုးဆက်များဖြစ်လာစေနိုင်ပြီး ရှုပ်ထွေးတဲ့ ပရောဂျက်များမှာပြဿနာဖြစ်စေပါနိုင်ပါတယ်။

အချိန်နှင့်တပြေးညီ ပူးပေါင်းဆောင်ရွက်မှု မရှိတာ

Asynchronous ဆက်သွယ်ရေးက အချိန်နဲ့တပြေးညီ ပူးပေါင်းလုပ်ဆောင်ရန် ပိုမိုခက်ခဲစေပြီး၊အချို့အလုပ်များ၊ ပရောဂျက်များမှာ တကူတကွလုပ်ဆောင်ဖို့ လိုအပ်တဲ့အဖွဲ့များအတွက်အားနည်းချက်ဖြစ်စေနိုင်ပါတယ်။ ဥပမာ ဦးနှောက်မုန်တိုင်းဆင်တာ၊ ပြဿနာတွေဖြေရှင်းတာစတဲ့အချိန်နဲ့တပြေးညီလုပ်ရတဲ့အလုပ်တွေမှာ အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။

သတင်းအချက်အလက် လွန်ကဲတာ

Asynchronous ဆက်သွယ်ရေးက များပြားတဲ့ မက်ဆေ့ချ်များနဲ့ အသိပေးချက်များကိုဖြစ်ပေါ်စေနိုင်တဲအပြင် အာရုံထွေပြားစေပြီး အ ရေးကြီးတဲ့အလုပ်များ အာရုံစိုက်ဖို့ခက်ခဲစေနိုင်ပါတယ်။ အဖွဲ့သားများအတွက် သူတို့ရဲ့ဆက်သွယ်ရေးလမ်းကြောင်းများကိုစီမံခန့်ခွဲရန်နဲ့ စနစ်တကျရှိရန် ဗျူဟာများ ရေးဆွဲရန်လိုအပ်ပါတယ်။

လေသံနဲ့ ဆက်စပ်မှု ခက်ခဲတာ

စာရေးသားဆက်သွယ်မှုမှာ နားလည်မှုလွဲမှားတာ ဒါမှမဟုတ် ခံစားချက်များကိုထိခိုက်နစ်နာစေတဲ့ လေသံနဲ့ အကြောင်းအရာများကို ဖော် ပြဖို့ပိုမိုခက်ခဲနိုင်ပါတယ်။တခါတလေမှာ စာရေးတဲ့အခါ အသံအနေအထားက တင်းမာသယောင်ဖြစ်သွားစေတာမျိုးကိုယ်သတိမထားမိလိုက်ဘဲ ဖြစ်သွားစေနိုင်ပါတယ်။ စာအရေးအသားမှာတယောက်ရဲ့ခံစားချက်ကိုတယောက်သိဖို့ ဖော်ပြနိုင်ဖို့က တခါတလေမှာအားနည်းသွားတဲ့အခါမျိုးမှာ အထင်အမြင်မှားတာမျိုးဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် Asynchronous Communication အတွက် ရှင်းလင်းတဲ့အမြင်များသတ်မှတ်တာ၊ကိုယ်ရေးကိုယ်တာထိတွေ့မှုအတွက် ဗီဒီယို၊အသံမက်ဆေ့ချ်များအသုံးပြုတာတွေပြုလုပ်နိုင်ပါတယ်။ ရှုထွေးတဲ့ထိလွယ်ရှလွယ်ပြဿနာများအတွက် ရှင်းလင်းတဲ့ဆက်သွယ်ရေးပရိုတိုကေများချမှတ်ထားတာက ဖြစ်နိုင်ချေရှိတဲ့ ပြဿနာတွေကိုလျှော့ချနိုင်ပါတယ်။

MYit

zawgyi

Asynchronous Communication ဆိုတာ ခ်က္ျခင္းအေၾကာင္းျပန္စရာမလိုတဲ့ဆက္သြယ္မႈျဖစ္ပါတယ္။ Schedule ပါတဲ့ ဆက္သြယ္မႈတခုျဖစ္ၿပီး ကိုယ္အဆင္ေျပတဲ့အခ်ိန္မွာျပန္လည္ဆက္သြယ္ႏိုင္တဲ့ ဆက္သြယ္ေရးမ်ိဳးျဖစ္ပါတယ္။ Asynchronous အီးေမးလ္၊ Slack နဲ႔
Asana လိုမ်ိဳး ပလက္ေဖာင္းမ်ားကေန ဆက္သြယ္ႏိုင္ပါတယ္။ Loom လိုမ်ိဳးကရိယာမ်ားကတဆင့္လည္း အသံသြင္းမႈမ်ားကို မွ်ေဝႏိုင္ပါတယ္။ ဒီဆက္သြယ္မႈကအခ်ိန္နဲ႔တေျပးညီျဖစ္ဖို႔ မလိုအပ္ပါဘူး။ ဒါေၾကာင့္ သူ႔မွာ ေကာင္းက်ိဳးလည္းရွိသလိုတဖက္မွာလည္း စိန္ေခၚမႈေတြရွိပါတယ္။ Asynchronous Communication စိန္ေခၚမႈေတြကဘာေတြျဖစ္မလဲ။

ခ်က္ခ်င္းတုံ႔ျပန္ခ်က္မရွိတာ

Asynchronous ဆက္သြယ္ေရးမွာ ဒါကိုေတာ့နားလည္လက္ခံထားဖို႔အထူးေျပာစရာမလိုေတာ့ပါဘူး။ ဒီအခ်က္ကခ်က္ျခင္းတုံ႔ျပန္ခ်က္ရယူဖို႔ အသုံးျပဳေလ့ရွိတဲ့ အဖြဲ႕ဝင္မ်ားအတြက္ စိတ္ပ်က္စရာျဖစ္ႏိုင္ၿပီးနားလည္မႈလြဲမွားတာ၊ ဆုံးျဖတ္ခ်က္ခ်ရာမွာ ေႏွာင့္ေႏွးတာေတြျဖစ္ေစႏိုင္ပါတယ္။

ဆက္ဆံေရးထူေထာင္ရန္ ခက္ခဲတာ

လူကိုယ္တိုင္ဆက္သြယ္ျခင္းက အသင္းဝင္မ်ားၾကားမွာ ယုံၾကည္မႈနဲ႔ ဆက္ဆံေရးကိုတည္ေဆာက္ရာမွာ အေထာက္အကူျဖစ္ေစႏိုင္ပါတယ္။ Asynchronous ဆက္သြယ္ေရးမွာေတာ့ ကိုယ္ေရးကိုယ္တာထိေတြ႕မႈကင္းမဲ့ႏိုင္ပါတယ္။ ဒီအခ်က္ကခိုင္မာတဲ့လုပ္ငန္းခြင္ဆက္ ဆံေရးတည္ေဆာက္ဖို႔ ပိုမိုခက္ခဲေစပါတယ္။

စာေရးဆက္သြယ္မႈအေပၚ အလြန္အမင္း အားကိုးတာ

Asynchronous Communication မွာ မ်က္ႏွာခ်င္းဆိုင္ေျပာဆိုမႈမ်ားထက္ အဓိပၸာယ္လြဲမွားတဲ့ေျပာဆိုဆက္သြယ္မႈေတြ မၾကာခဏဆိုသလို ေရးထားတဲ့ စာေတြထဲမွာ ပါဝင္ေနတတ္ပါတယ္။ဒီအခ်က္က နားလည္မႈလြဲမွားမႈမ်ားအတြက္သိသာထင္ရွားတဲ့အက်ိဳးဆက္မ်ားျဖစ္လာေစႏိုင္ၿပီး ရႈပ္ေထြးတဲ့ ပေရာဂ်က္မ်ားမွာျပႆနာျဖစ္ေစပါႏိုင္ပါတယ္။

အခ်ိန္ႏွင့္တေျပးညီ ပူးေပါင္းေဆာင္႐ြက္မႈ မရွိတာ

Asynchronous ဆက္သြယ္ေရးက အခ်ိန္နဲ႔တေျပးညီ ပူးေပါင္းလုပ္ေဆာင္ရန္ ပိုမိုခက္ခဲေစၿပီး၊အခ်ိဳ႕အလုပ္မ်ား၊ ပေရာဂ်က္မ်ားမွာ တကူတကြလုပ္ေဆာင္ဖို႔ လိုအပ္တဲ့အဖြဲ႕မ်ားအတြက္အားနည္းခ်က္ျဖစ္ေစႏိုင္ပါတယ္။ ဥပမာ ဦးေႏွာက္မုန္တိုင္းဆင္တာ၊ ျပႆနာေတြေျဖရွင္းတာစတဲ့အခ်ိန္နဲ႔တေျပးညီလုပ္ရတဲ့အလုပ္ေတြမွာ အက်ိဳးသက္ေရာက္မႈရွိႏိုင္ပါတယ္။

သတင္းအခ်က္အလက္ လြန္ကဲတာ

Asynchronous ဆက္သြယ္ေရးက မ်ားျပားတဲ့ မက္ေဆ့ခ်္မ်ားနဲ႔ အသိေပးခ်က္မ်ားကိုျဖစ္ေပၚေစႏိုင္တဲအျပင္ အာ႐ုံေထြျပားေစၿပီး အ ေရးႀကီးတဲ့အလုပ္မ်ား အာ႐ုံစိုက္ဖို႔ခက္ခဲေစႏိုင္ပါတယ္။ အဖြဲ႕သားမ်ားအတြက္ သူတို႔ရဲ႕ဆက္သြယ္ေရးလမ္းေၾကာင္းမ်ားကိုစီမံခန႔္ခြဲရန္နဲ႔ စနစ္တက်ရွိရန္ ဗ်ဴဟာမ်ား ေရးဆြဲရန္လိုအပ္ပါတယ္။

ေလသံနဲ႔ ဆက္စပ္မႈ ခက္ခဲတာ

စာေရးသားဆက္သြယ္မႈမွာ နားလည္မႈလြဲမွားတာ ဒါမွမဟုတ္ ခံစားခ်က္မ်ားကိုထိခိုက္နစ္နာေစတဲ့ ေလသံနဲ႔ အေၾကာင္းအရာမ်ားကို ေဖာ္ ျပဖို႔ပိုမိုခက္ခဲႏိုင္ပါတယ္။တခါတေလမွာ စာေရးတဲ့အခါ အသံအေနအထားက တင္းမာသေယာင္ျဖစ္သြားေစတာမ်ိဳးကိုယ္သတိမထားမိလိုက္ဘဲ ျဖစ္သြားေစႏိုင္ပါတယ္။ စာအေရးအသားမွာတေယာက္ရဲ႕ခံစားခ်က္ကိုတေယာက္သိဖို႔ ေဖာ္ျပႏိုင္ဖို႔က တခါတေလမွာအားနည္းသြားတဲ့အခါမ်ိဳးမွာ အထင္အျမင္မွားတာမ်ိဳးျဖစ္ေစႏိုင္ပါတယ္။

ဒါေၾကာင့္ Asynchronous Communication အတြက္ ရွင္းလင္းတဲ့အျမင္မ်ားသတ္မွတ္တာ၊ကိုယ္ေရးကိုယ္တာထိေတြ႕မႈအတြက္ ဗီဒီယို၊အသံမက္ေဆ့ခ်္မ်ားအသုံးျပဳတာေတြျပဳလုပ္ႏိုင္ပါတယ္။ ရႈေထြးတဲ့ထိလြယ္ရွလြယ္ျပႆနာမ်ားအတြက္ ရွင္းလင္းတဲ့ဆက္သြယ္ေရးပ႐ိုတိုေကမ်ားခ်မွတ္ထားတာက ျဖစ္ႏိုင္ေခ်ရွိတဲ့ ျပႆနာေတြကိုေလွ်ာ့ခ်ႏိုင္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*