အပြုအမူမှားတာနဲ့ပွဲကိုရပ်ပစ်မယ်လို့ သတိပေးခံရတဲ့ Coldplay

Coldplay ရဲ့ မလေးရှားနိုင်ငံမှာပြုလုပ်မယ့်ဖျော်ဖြေပွဲမှာအပြုအမူမှားယွင်းခဲ့ရင်ပွဲကိုချက်ချင်းရပ်ပစ်မယ်လို့မလေးရှားဝန်ကြီးသတိပေးခဲ့တယ်လို့သိရပါတယ်။ အစ္စရေး-ဟားမားစ်ပဋိပက္ခမှာပါလက်စတိုင်းတွေအများအပြားသေဆုံးနေပေမယ့် မလေးရှားအစိုးရကတော့
ဖျော်ဖြေပွဲကိုတော့မဖျက်သိမ်းခဲ့ပါဘူး။ Coldplay ရဲ့ ဖျော်ဖြေပွဲကို မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမှာရှိတဲ့ အမျိုးသားကဇာတ်ရုံမှာနိုဝင် ဘာ ၂၂ ရက်နေ့ကျင်းပမှာဖြစ်ပါတယ်။

Coldplay အနေနဲ့မလေးရှားနိုင်ငံမှာပထမဆုံးအကြိမ်ဖျော်ဖြေတာဖြစ်ပြီး မလေးရှားနိုင်ငံဟာ LGBTQ+ Community ကိုအားမပေးတဲ့နိုင်ငံမို့ သူတို့အနေနဲ့အပြုအမူ၊ အပြောအဆိုတွေကိုသတိထားဖို့လိုအပ်တာဖြစ်ပါတယ်။ ၁၉၇၅ ခုနစ်က မလေးရှားနိုင်ငံမှာဖျော်ဖြေခဲ့တဲ့ Matty Healy ဟာသူ့ရဲ့ချစ်သူအမျိုးသားတီးဝိုင်းအဖွဲ့ဝင်တစ်ယောက်ကိုစင်ပေါ်မှာနမ်းခဲ့တာမို့ ပွဲကိုရပ်ပစ်ခဲ့ရဖူးပါတယ်။ဒီဖျော်ဖြေပွဲအ တွက် ခန်းမထဲမှာလူပြည့်တဲ့အပြင် ခန်းမအပြင်ဘက်မှာ လူပေါင်းခုနစ်သောင်းငါးထောင်ကျော်လာရောက်အားပေးနိုင်ခြေရှိတယ်လို့ဆိုပါတယ်။

Ju Ju

zawgyi

Coldplay ရဲ႕ မေလးရွားႏိုင္ငံမွာျပဳလုပ္မယ့္ေဖ်ာ္ေျဖပြဲမွာအျပဳအမူမွားယြင္းခဲ့ရင္ပြဲကိုခ်က္ခ်င္းရပ္ပစ္မယ္လို႔မေလးရွားဝန္ႀကီးသတိေပးခဲ့တယ္လို႔သိရပါတယ္။ အစၥေရး-ဟားမားစ္ပဋိပကၡမွာပါလက္စတိုင္းေတြအမ်ားအျပားေသဆုံးေနေပမယ့္ မေလးရွားအစိုးရကေတာ့
ေဖ်ာ္ေျဖပြဲကိုေတာ့မဖ်က္သိမ္းခဲ့ပါဘူး။ Coldplay ရဲ႕ ေဖ်ာ္ေျဖပြဲကို မေလးရွားႏိုင္ငံ၊ကြာလာလမ္ပူမွာရွိတဲ့ အမ်ိဳးသားကဇာတ္႐ုံမွာႏိုဝင္ ဘာ ၂၂ ရက္ေန႔က်င္းပမွာျဖစ္ပါတယ္။

Coldplay အေနနဲ႔မေလးရွားႏိုင္ငံမွာပထမဆုံးအႀကိမ္ေဖ်ာ္ေျဖတာျဖစ္ၿပီး မေလးရွားႏိုင္ငံဟာ LGBTQ+ Community ကိုအားမေပးတဲ့ႏိုင္ငံမို႔ သူတို႔အေနနဲ႔အျပဳအမူ၊ အေျပာအဆိုေတြကိုသတိထားဖို႔လိုအပ္တာျဖစ္ပါတယ္။ ၁၉၇၅ ခုနစ္က မေလးရွားႏိုင္ငံမွာေဖ်ာ္ေျဖခဲ့တဲ့ Matty Healy ဟာသူ႔ရဲ႕ခ်စ္သူအမ်ိဳးသားတီးဝိုင္းအဖြဲ႕ဝင္တစ္ေယာက္ကိုစင္ေပၚမွာနမ္းခဲ့တာမို႔ ပြဲကိုရပ္ပစ္ခဲ့ရဖူးပါတယ္။ဒီေဖ်ာ္ေျဖပြဲအ တြက္ ခန္းမထဲမွာလူျပည့္တဲ့အျပင္ ခန္းမအျပင္ဘက္မွာ လူေပါင္းခုနစ္ေသာင္းငါးေထာင္ေက်ာ္လာေရာက္အားေပးႏိုင္ေျခရွိတယ္လို႔ဆိုပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*