Revenantရဲ့မင်းသားကြီး Oh Jung Se ကိုဗစ်ကူးစက်ခံရ

Rating အမြင့်ဆုံးရပြီးပရိသတ်တွေစိတ်မပျက်ရဘဲပြီးဆုံးသွားခဲ့တဲ့ Revenant စီးရီးထဲကမင်းသားကြီး Oh Jung Se တစ်ယောက်ကိုဗစ်ကူးစက်ခံထားရတယ်လို့သိရပါတယ်။
ဒါကြောင့်ပဲRevenantစီးရီးအတွကပြုလုပ်မယ့်အင်တာဗျူးရက်တွေကိုရွှေ့ဆိုင်းထားတာြဖစ်ပါတယ်။
Revenant စီးရီးမှာမင်းသမီး Kim Tae-riမင်းသားကြီးOhJung Se ၊ Lee Hong Saeနဲအခြားသောနာမည်ရအနုပညာရှင်တွေအများကြီးပါဝင်ထားပြီးနတ်ဆိုးဝိဉာဉ်ကိုတိုက်ထုတ်ကြတဲ့ လျှို့ဝှက်သည်းဖို Horror အမျိုးအစားဖြစ်ပါတယ်။အပိုင်း ၁၂ ပိုင်းပါရှိပြီးဒီစီးရီးကနေကိုရီးယားရိုးရာနတ်တွေအကြောင်းကိုအများကြီးသိရှိသွားနိုင်ပါတယ်။
ဒီစီးရီးမှာပရိသတ်တွေကKim Tae-riရဲ့သရုပ်ဆောင်မှုတွေကိုတော်တော်လေးချီးကျူးခဲ့ကြသလိုOhJung Seကလည်းသူ့ဇာတ်ရုပ်ကိုတောက်လျှောက်ထိန်းထားနိုင်ခဲ့တာကြောင့် ကောင်းမွန်တဲ့မှတ်ချက်တွေအများကြီးရရှိခဲ့တာပါ။
Revenantကိုကြိုက်တဲ့ပရိသတ်တွေကတော့ Season 2 ရိုက်ကူးဖို့အထိမျှော်လင့်နေကြတာဖြစ်ပါတယ်။
Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*