နှစ်ပေါင်းများစွာ တိုက်ပွဲဝင် ရုန်းကန်ခဲ့ရပြီးတဲ့နောက်မှာတော့ ရာသီခွင် (၄) ခုဟာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလမှာ သူတို့ရဲ့ ဘဝအလှည့်အပြောင်းအကြီးဆုံးနဲ့ အမိုက်စား ပြန်လည်စတင်မှုကို ဖန်တီးတော့မှာ ဖြစ်ပါတယ်။ Uranus ရဲ့ နောက်ကြောင်းပြန်လှည့်လှုပ်ရှားမှု (Retrograde) စတင်လာတာနဲ့အမျှ သူတို့ရဲ့ ဘဝရဲ့ အတက်ကြွဆုံး၊ ကိုယ်ပိုင်စွမ်းအားအပြည့်ရှိဆုံး ကလဲ့စားချေမယ့်ခေတ်ဆီကို ခြေချလိုက်ကြပြီဖြစ်ပါတယ်။ဒါပေမဲ့ နက္ခတ်ပညာရှင် Hathor ရဲ့ အဆိုအရ ဒီတစ်ခေါက်က လူတွေကို ပြန်လက်စားချေဖို့ သက်သက်မဟုတ်ပါဘူး။ “ဒီတစ်ခါဆိုတာ ကိုယ့်ဘဝရဲ့ ဦးတည်ရာကို ဘယ်သူကမှ လာပြီး မထိန်းချုပ်နိုင်တော့လောက်အောင် ကိုယ်ပိုင်စွမ်း အားတွေနဲ့ ပြည့်စုံလာပြီး၊ အမှီအခိုကင်းကာ၊ ဘယ်သူမှန်းခန့်မှန်းလို့မရနိုင်တဲ့အထိ သန်မာလာဖို့ပါပဲ” လို့ သူမက ရှင်းပြခဲ့ပါတယ်။ ဒီလိုမျိုး ပြောင်းလဲလာတဲ့ သင့်ရဲ့ပုံစံသစ်ကတော့ တားဆီးလို့မရနိုင်အောင်ကို အရှိန်အဟုန်ပြင်းနေမှာဖြစ်ပြီး စကြဝဠာကြီးကလည်း ဒီလိုဖြစ်လာဖို့ကိုပဲ လိုလားနေပါတယ်။ ဒီရာသီခွင်တွေက ဘယ်သူတွေဖြစ်မလဲ ကြည့်ကြရအောင်။
Gemini
မေထုန်ရာသီဖွားတွေအနေနဲ့ နှစ်ပေါင်း ၈၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် Uranus ဂြိုဟ်က သင့်ရာသီခွင်ထဲကို ဝင်ရောက်လာခဲ့ပါပြီ။ ရုတ်တရက် အပြောင်း အလဲတွေကို ယူဆောင်လာတတ်တဲ့ ဒီဂြိုဟ်ကြီး နောက်ပြန်လှည့်လှုပ်ရှားချိန်မှာ သင့်ဘဝကြီး တစ်ဆစ်ချိုးပြောင်းလဲသွားတော့မှာက လုံးဝကို အံ့သြစရာမရှိပါဘူး။ “ဒီ ၅ လအတွင်းမှာ မင်းဟာ ဘယ်သူမှန်းတောင် မှတ်မိနိုင်စရာမရှိတော့တဲ့အထိ လုံးဝကို ပြောင်းလဲသွားလိမ့်မယ်” လို့ ဟက်သော်က ဆိုပါတယ်။ “မင်းရဲ့ပုံစံကို ပြောင်းလဲဖို့၊ ကိုယ့်ကိုယ်ကိုယ် အသစ်တဖန်ပြန်တည်ဆောက်ဖို့နဲ့ လမ်းကြောင်းသစ်တစ်ခုကို ရွေးချယ်ဖို့အတွက် ဘယ်သူ့ဆီမှာမှ ခွင့်တောင်းနေတော့မှာ မဟုတ်ဘူး။ “အတိတ်တုန်းကဆိုရင် သင်ဟာ ကိုယ့်ရဲ့စစ်မှန်တဲ့ပုံစံနဲ့ သူများတွေမျှော်လင့်ထားတဲ့ပုံစံကြားမှာ တွေဝေပြီး အကြပ်ရိုက်ခဲ့ရပါတယ်။ ဒါပေမဲ့ စက်တင်ဘာလကစလို့ သင့်ရဲ့စစ်မှန်တဲ့ ပင်ကိုဗီဇအတိုင်း အပြည့်အဝ ရပ်တည်တော့မှာပါ။ ဒီလိုပြောင်းလဲလာမှုကို သင့်ပတ်ဝန်းကျင်က လူတွေက အံ့သြတုန်လှုပ်သွားကြလိမ့်မယ်။ ဒါကြောင့် သူတို့ရဲ့ မေးခွန်းထုတ်မှုတွေ၊ ဝေဖန်မှုအချို့ကိုတောင် သင် ရင်ဆိုင်ရဖို့ ရှိပါတယ်။ ဒါပေမဲ့ အဲဒါတွေက သင့်ကို ဘယ်တော့မှ ဆွဲမချနိုင်စေနဲ့ပေါ့။ လူတိုင်းထက် ပိုပြီးစွမ်းဆောင်နိုင်တဲ့ အစွမ်းအထက်ဆုံး လူတစ်ယောက်ဖြစ်လာတယ်ဆိုတာကို အခုအချိန်မှာ သင်ကိုယ်တိုင် သက်သေပြနေပါပြီ။
Pisces
ယူရေးနတ်ဂြိုဟ် နောက်ပြန်လှည့်လှုပ်ရှားမှုက မိန်ရာသီဖွားတွေရဲ့ မိသားစုဘဝနဲ့ ပတ်သက်လာရင် ကြီးမားတဲ့ အပြောင်းအလဲတွေကို သယ်ဆောင်လာနေပါပြီ။ သင့်ကို ဘယ်သူကမှ နင်းပြားလိုဆက်ဆံတာ၊ အခွင့်ကောင်းယူတာမျိုးကို ဆက်ပြီး သည်းခံတော့မှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ မိသားစုဝင်တွေဆီက ဖြစ်နေရင်တောင် ပစ် ပယ်ထားလိုက်ဖို့ အသင့်ဖြစ်နေပါပြီ။ မသင့်လျော်တဲ့ ဆက်ဆံရေးတွေနဲ့ တပါးသူရဲ့ ဒဏ်ရာဒဏ်ချက်တွေကို သယ်ပိုးပေးနေရတာတွေကိုလည်း ရပ်တန့်လိုက်ပါတော့မယ်။”မင်းရဲ့ အနာဂတ်ဆီကို ဘယ်တော့မှ ပါလာဖို့မသင့်တဲ့ မိသားစုရဲ့ မျိုးဆက်သစ် အမွေဆိုးပုံစံတွေကို မင်း အပြီးတိုင် ဖြတ်တောက်တော့မှာပါ” လို့ ဟက်သော်က ရှင်းပြပါတယ်။ “မိသားစုရဲ့ မျှော်လင့်ချက်တွေ၊ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတွေနဲ့ မင်းနဲ့မဆိုင်တဲ့ တာဝန်ဝတ္တရားတွေကို ဆက်ပြီး ထမ်းပိုးထားတော့မှာ မဟုတ်ဘူး။ ” အတိတ်တုန်းကဆိုရင် သင်လိုချင်တဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံမှုဆိုတာ ဘယ်တော့မှ ရှာတွေ့နိုင်မှာ မဟုတ်ဘူးလို့ တခြားသူတွေက သင့်ကို ဟောကိန်းထုတ်ခဲ့ကြဖူးပါတယ်။ ဒါပေမဲ့ ဒီစက်တင်ဘာမှာတော့ အဲဒီလူတွေအားလုံး မှားနေကြောင်း သင့်လုပ်ရပ်နဲ့ သက်သေပြလိုက်ပါလိမ့်မယ်။
Sagittarius
ဓနုရာသီဖွားတို့ရဲ့ ဘဝအလှည့်အပြောင်းကတော့ ကိုယ့်ရဲ့တန်ဖိုးကို စတင်တောင်းဆိုလာချိန်ကနေ စတင်မှာဖြစ်ပါတယ်။ တစ်ဖက်သတ်ဆန်ပြီး အဆိပ်အတောက်ဖြစ်စေတဲ့ ဆက်ဆံရေးတွေကို သင့်အနေနဲ့ အဆုံးသတ်ဖို့ အသင့်ဖြစ်နေပါပြီ။ မေထုန်ရာသီထဲမှာ ယူရေးနတ်ဂြိုဟ် နောက်ပြန်လှည့်နေချိန်နဲ့အတူ သင်ဟာ သင့်ရဲ့ ဆက်ဆံရေးစည်းမျဉ်းတွေကိုပါ ပြန်လည်ပုံဖော်ပြောင်းလဲနေပြီး၊ ရိုးရိုးသားသားပြောရမယ်ဆိုရင် ဒါဟာ တကယ်တမ်း လုပ်သင့်တာ အကြာကြီးတောင် ရှိပါပြီ။”မင်းအနေနဲ့ နောက်ကနေ လိုက်ပျော့ပျောင်းပြနေတာတွေ၊ အလကားနေရင်း အကျယ်တဝင့် ရှင်းပြနေရတာတွေနဲ့ အခြေခံကျတဲ့ လေးစားမှုလေးရဖို့အတွက် လိုက်ပြီး ညှိနှိုင်းနေရတာတွေကို ရပ်တန့်လိုက်တော့မှာပါ” လို့ နက္ခတ်ပညာရှင်က ဆိုပါတယ်။ “မင်းဆီကို ချဉ်းကပ်လာချင်တဲ့ ဘယ်သူမဆို ဒီစံနှုန်းအသစ်ကို မဖြစ်မနေ လိုက်နာရလိမ့်မယ်။” တချို့လူတွေကတော့ ဒီစံနှုန်းသစ်နဲ့အညီ ဝမ်းမြောက်ဝမ်းသာ လက်ခံလာကြပြီး ပိုပြီးပြည့်စုံတဲ့ ဆက်ဆံရေးကောင်းတွေကို ပိုင်ဆိုင်လာပါလိမ့်မယ်။ ဒါပေမဲ့ မလိုက်နိုင်တဲ့ ဆက်ဆံရေးတချို့ကတော့ ပျက်စီးသွားလိမ့်မယ်၊ ဒါဟာလည်း သင်ပေးဆပ်ဖို့ ဝန်မလေးတဲ့ တန်ဖိုးတစ်ခုပါပဲ။
Virgo
စက်တင်ဘာလကစလို့ ကန်ရာသီဖွားတွေဟာ ကိုယ့်ရဲ့တန်ခိုးအာဏာရှိတဲ့ နေရာကို ခြေချဝင်ရောက်တော့မှာ ဖြစ်ပါတယ်။ အနိုင်ယူဖို့နဲ့ ဘဝရဲ့ အကြီးမားဆုံး အောင် မြင်မှုကို ပြန်လည်ရယူဖို့အတွက် သင် အပြည့်အဝ အသင့်ဖြစ်နေပါပြီ။ “မင်းရဲ့ အောင်မြင်မှုအတွက်ဆိုရင် ဘယ်အရာကိုမှ ရှေ့မတွေးတော့ဘဲ အရင်ကထက် ပိုပြီး ရက်စက်ပြတ်သားလာလိမ့်မယ်” လို့ ဟက်သော်က ဆိုပါတယ်။ “အလုပ်အကိုင်မှာ ဘဝကို အောက်ခြေကနေပဲ ဆက်ဖြတ်သန်းနေတော့မှာ မဟုတ်ဘဲ၊ တခြားသူတွေက မင်းရဲ့ ရည်မှန်းချက်တွေကို လာရောက်သတ်မှတ်ခွင့်ပြုနေတာတွေကို ရပ်တန့်ပစ်လိုက်တော့မယ်။ မင်းရဲ့ အနာဂတ်အပေါ် ချမှတ်ထားတဲ့ ကန့်သတ်ချက်မှန်သမျှကို တော်လှန်ပစ်လိုက်တော့မှာပါ။”သင့်ရဲ့ရှေ့မှာ ကြီးမားတဲ့ ရည်မှန်းချက်ပန်းတိုင်တွေ ရှိနေပြီး ဘယ်သူ့ကိုမှ၊ ဘယ်အရာကိုမှ သင့်လမ်းကြောင်းပေါ်မှာ လာအတား အဆီးလုပ်ခွင့် ပေးမှာမဟုတ်ပါဘူး။ ဒီလိုပြောင်းလဲမှုထဲမှာ အလုပ်အကိုင်အသစ် စတင်တာ ဒါမှမဟုတ် လုပ်ငန်းခွင်ကို အလုံးစုံ ပြောင်းလဲပစ်တာတွေတောင် ပါဝင်လာနိုင်ပါတယ်။ သင်ကိုယ်တိုင်တောင် မထင်ထားမိတဲ့အထိ အောင်မြင်သူတစ်ယောက် ဖြစ်လာတော့မှာဖြစ်ပြီး၊ ဒါဟာ လူတစ်ယောက်အတွက် အကောင်းဆုံးနဲ့ အ ပြင်းထန်ဆုံး လက်စားချေမှုပါပဲ။
ကျော့ကေခိုင်
ႏွစ္ေပါင္းမ်ားစြာ တိုက္ပြဲဝင္ ႐ုန္းကန္ခဲ့ရၿပီးတဲ့ေနာက္မွာေတာ့ ရာသီခြင္ (၄) ခုဟာ ၂၀၂၆ ခုႏွစ္၊ စက္တင္ဘာလမွာ သူတို႔ရဲ႕ ဘဝအလွည့္အေျပာင္းအႀကီးဆုံးနဲ႔ အမိုက္စား ျပန္လည္စတင္မႈကို ဖန္တီးေတာ့မွာ ျဖစ္ပါတယ္။ Uranus ရဲ႕ ေနာက္ေၾကာင္းျပန္လွည့္လႈပ္ရွားမႈ (Retrograde) စတင္လာတာနဲ႔အမွ် သူတို႔ရဲ႕ ဘဝရဲ႕ အတက္ႂကြဆုံး၊ ကိုယ္ပိုင္စြမ္းအားအျပည့္ရွိဆုံး ကလဲ့စားေခ်မယ့္ေခတ္ဆီကို ေျခခ်လိုက္ၾကၿပီျဖစ္ပါတယ္။ဒါေပမဲ့ နကၡတ္ပညာရွင္ Hathor ရဲ႕ အဆိုအရ ဒီတစ္ေခါက္က လူေတြကို ျပန္လက္စားေခ်ဖို႔ သက္သက္မဟုတ္ပါဘူး။ “ဒီတစ္ခါဆိုတာ ကိုယ့္ဘဝရဲ႕ ဦးတည္ရာကို ဘယ္သူကမွ လာၿပီး မထိန္းခ်ဳပ္ႏိုင္ေတာ့ေလာက္ေအာင္ ကိုယ္ပိုင္စြမ္း အားေတြနဲ႔ ျပည့္စုံလာၿပီး၊ အမွီအခိုကင္းကာ၊ ဘယ္သူမွန္းခန႔္မွန္းလို႔မရႏိုင္တဲ့အထိ သန္မာလာဖို႔ပါပဲ” လို႔ သူမက ရွင္းျပခဲ့ပါတယ္။ ဒီလိုမ်ိဳး ေျပာင္းလဲလာတဲ့ သင့္ရဲ႕ပုံစံသစ္ကေတာ့ တားဆီးလို႔မရႏိုင္ေအာင္ကို အရွိန္အဟုန္ျပင္းေနမွာျဖစ္ၿပီး စၾကဝဠာႀကီးကလည္း ဒီလိုျဖစ္လာဖို႔ကိုပဲ လိုလားေနပါတယ္။ ဒီရာသီခြင္ေတြက ဘယ္သူေတြျဖစ္မလဲ ၾကည့္ၾကရေအာင္။
Gemini
ေမထုန္ရာသီဖြားေတြအေနနဲ႔ ႏွစ္ေပါင္း ၈၀ ေက်ာ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ Uranus ၿဂိဳဟ္က သင့္ရာသီခြင္ထဲကို ဝင္ေရာက္လာခဲ့ပါၿပီ။ ႐ုတ္တရက္ အေျပာင္း အလဲေတြကို ယူေဆာင္လာတတ္တဲ့ ဒီၿဂိဳဟ္ႀကီး ေနာက္ျပန္လွည့္လႈပ္ရွားခ်ိန္မွာ သင့္ဘဝႀကီး တစ္ဆစ္ခ်ိဳးေျပာင္းလဲသြားေတာ့မွာက လုံးဝကို အံ့ၾသစရာမရွိပါဘူး။ “ဒီ ၅ လအတြင္းမွာ မင္းဟာ ဘယ္သူမွန္းေတာင္ မွတ္မိႏိုင္စရာမရွိေတာ့တဲ့အထိ လုံးဝကို ေျပာင္းလဲသြားလိမ့္မယ္” လို႔ ဟက္ေသာ္က ဆိုပါတယ္။ “မင္းရဲ႕ပုံစံကို ေျပာင္းလဲဖို႔၊ ကိုယ့္ကိုယ္ကိုယ္ အသစ္တဖန္ျပန္တည္ေဆာက္ဖို႔နဲ႔ လမ္းေၾကာင္းသစ္တစ္ခုကို ေ႐ြးခ်ယ္ဖို႔အတြက္ ဘယ္သူ႔ဆီမွာမွ ခြင့္ေတာင္းေနေတာ့မွာ မဟုတ္ဘူး။ “အတိတ္တုန္းကဆိုရင္ သင္ဟာ ကိုယ့္ရဲ႕စစ္မွန္တဲ့ပုံစံနဲ႔ သူမ်ားေတြေမွ်ာ္လင့္ထားတဲ့ပုံစံၾကားမွာ ေတြေဝၿပီး အၾကပ္႐ိုက္ခဲ့ရပါတယ္။ ဒါေပမဲ့ စက္တင္ဘာလကစလို႔ သင့္ရဲ႕စစ္မွန္တဲ့ ပင္ကိုဗီဇအတိုင္း အျပည့္အဝ ရပ္တည္ေတာ့မွာပါ။ ဒီလိုေျပာင္းလဲလာမႈကို သင့္ပတ္ဝန္းက်င္က လူေတြက အံ့ၾသတုန္လႈပ္သြားၾကလိမ့္မယ္။ ဒါေၾကာင့္ သူတို႔ရဲ႕ ေမးခြန္းထုတ္မႈေတြ၊ ေဝဖန္မႈအခ်ိဳ႕ကိုေတာင္ သင္ ရင္ဆိုင္ရဖို႔ ရွိပါတယ္။ ဒါေပမဲ့ အဲဒါေတြက သင့္ကို ဘယ္ေတာ့မွ ဆြဲမခ်ႏိုင္ေစနဲ႔ေပါ့။ လူတိုင္းထက္ ပိုၿပီးစြမ္းေဆာင္ႏိုင္တဲ့ အစြမ္းအထက္ဆုံး လူတစ္ေယာက္ျဖစ္လာတယ္ဆိုတာကို အခုအခ်ိန္မွာ သင္ကိုယ္တိုင္ သက္ေသျပေနပါၿပီ။
Pisces
ယူေရးနတ္ၿဂိဳဟ္ ေနာက္ျပန္လွည့္လႈပ္ရွားမႈက မိန္ရာသီဖြားေတြရဲ႕ မိသားစုဘဝနဲ႔ ပတ္သက္လာရင္ ႀကီးမားတဲ့ အေျပာင္းအလဲေတြကို သယ္ေဆာင္လာေနပါၿပီ။ သင့္ကို ဘယ္သူကမွ နင္းျပားလိုဆက္ဆံတာ၊ အခြင့္ေကာင္းယူတာမ်ိဳးကို ဆက္ၿပီး သည္းခံေတာ့မွာ မဟုတ္ပါဘူး။ ကိုယ့္ရဲ႕ မိသားစုဝင္ေတြဆီက ျဖစ္ေနရင္ေတာင္ ပစ္ ပယ္ထားလိုက္ဖို႔ အသင့္ျဖစ္ေနပါၿပီ။ မသင့္ေလ်ာ္တဲ့ ဆက္ဆံေရးေတြနဲ႔ တပါးသူရဲ႕ ဒဏ္ရာဒဏ္ခ်က္ေတြကို သယ္ပိုးေပးေနရတာေတြကိုလည္း ရပ္တန႔္လိုက္ပါေတာ့မယ္။”မင္းရဲ႕ အနာဂတ္ဆီကို ဘယ္ေတာ့မွ ပါလာဖို႔မသင့္တဲ့ မိသားစုရဲ႕ မ်ိဳးဆက္သစ္ အေမြဆိုးပုံစံေတြကို မင္း အၿပီးတိုင္ ျဖတ္ေတာက္ေတာ့မွာပါ” လို႔ ဟက္ေသာ္က ရွင္းျပပါတယ္။ “မိသားစုရဲ႕ ေမွ်ာ္လင့္ခ်က္ေတြ၊ စိတ္ပိုင္းဆိုင္ရာ ဝန္ထုပ္ဝန္ပိုးေတြနဲ႔ မင္းနဲ႔မဆိုင္တဲ့ တာဝန္ဝတၱရားေတြကို ဆက္ၿပီး ထမ္းပိုးထားေတာ့မွာ မဟုတ္ဘူး။ ” အတိတ္တုန္းကဆိုရင္ သင္လိုခ်င္တဲ့ ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံမႈဆိုတာ ဘယ္ေတာ့မွ ရွာေတြ႕ႏိုင္မွာ မဟုတ္ဘူးလို႔ တျခားသူေတြက သင့္ကို ေဟာကိန္းထုတ္ခဲ့ၾကဖူးပါတယ္။ ဒါေပမဲ့ ဒီစက္တင္ဘာမွာေတာ့ အဲဒီလူေတြအားလုံး မွားေနေၾကာင္း သင့္လုပ္ရပ္နဲ႔ သက္ေသျပလိုက္ပါလိမ့္မယ္။
Sagittarius
ဓႏုရာသီဖြားတို႔ရဲ႕ ဘဝအလွည့္အေျပာင္းကေတာ့ ကိုယ့္ရဲ႕တန္ဖိုးကို စတင္ေတာင္းဆိုလာခ်ိန္ကေန စတင္မွာျဖစ္ပါတယ္။ တစ္ဖက္သတ္ဆန္ၿပီး အဆိပ္အေတာက္ျဖစ္ေစတဲ့ ဆက္ဆံေရးေတြကို သင့္အေနနဲ႔ အဆုံးသတ္ဖို႔ အသင့္ျဖစ္ေနပါၿပီ။ ေမထုန္ရာသီထဲမွာ ယူေရးနတ္ၿဂိဳဟ္ ေနာက္ျပန္လွည့္ေနခ်ိန္နဲ႔အတူ သင္ဟာ သင့္ရဲ႕ ဆက္ဆံေရးစည္းမ်ဥ္းေတြကိုပါ ျပန္လည္ပုံေဖာ္ေျပာင္းလဲေနၿပီး၊ ႐ိုး႐ိုးသားသားေျပာရမယ္ဆိုရင္ ဒါဟာ တကယ္တမ္း လုပ္သင့္တာ အၾကာႀကီးေတာင္ ရွိပါၿပီ။”မင္းအေနနဲ႔ ေနာက္ကေန လိုက္ေပ်ာ့ေပ်ာင္းျပေနတာေတြ၊ အလကားေနရင္း အက်ယ္တဝင့္ ရွင္းျပေနရတာေတြနဲ႔ အေျခခံက်တဲ့ ေလးစားမႈေလးရဖို႔အတြက္ လိုက္ၿပီး ညႇိႏႈိင္းေနရတာေတြကို ရပ္တန႔္လိုက္ေတာ့မွာပါ” လို႔ နကၡတ္ပညာရွင္က ဆိုပါတယ္။ “မင္းဆီကို ခ်ဥ္းကပ္လာခ်င္တဲ့ ဘယ္သူမဆို ဒီစံႏႈန္းအသစ္ကို မျဖစ္မေန လိုက္နာရလိမ့္မယ္။” တခ်ိဳ႕လူေတြကေတာ့ ဒီစံႏႈန္းသစ္နဲ႔အညီ ဝမ္းေျမာက္ဝမ္းသာ လက္ခံလာၾကၿပီး ပိုၿပီးျပည့္စုံတဲ့ ဆက္ဆံေရးေကာင္းေတြကို ပိုင္ဆိုင္လာပါလိမ့္မယ္။ ဒါေပမဲ့ မလိုက္ႏိုင္တဲ့ ဆက္ဆံေရးတခ်ိဳ႕ကေတာ့ ပ်က္စီးသြားလိမ့္မယ္၊ ဒါဟာလည္း သင္ေပးဆပ္ဖို႔ ဝန္မေလးတဲ့ တန္ဖိုးတစ္ခုပါပဲ။
Virgo
စက္တင္ဘာလကစလို႔ ကန္ရာသီဖြားေတြဟာ ကိုယ့္ရဲ႕တန္ခိုးအာဏာရွိတဲ့ ေနရာကို ေျခခ်ဝင္ေရာက္ေတာ့မွာ ျဖစ္ပါတယ္။ အႏိုင္ယူဖို႔နဲ႔ ဘဝရဲ႕ အႀကီးမားဆုံး ေအာင္ ျမင္မႈကို ျပန္လည္ရယူဖို႔အတြက္ သင္ အျပည့္အဝ အသင့္ျဖစ္ေနပါၿပီ။ “မင္းရဲ႕ ေအာင္ျမင္မႈအတြက္ဆိုရင္ ဘယ္အရာကိုမွ ေရွ႕မေတြးေတာ့ဘဲ အရင္ကထက္ ပိုၿပီး ရက္စက္ျပတ္သားလာလိမ့္မယ္” လို႔ ဟက္ေသာ္က ဆိုပါတယ္။ “အလုပ္အကိုင္မွာ ဘဝကို ေအာက္ေျခကေနပဲ ဆက္ျဖတ္သန္းေနေတာ့မွာ မဟုတ္ဘဲ၊ တျခားသူေတြက မင္းရဲ႕ ရည္မွန္းခ်က္ေတြကို လာေရာက္သတ္မွတ္ခြင့္ျပဳေနတာေတြကို ရပ္တန႔္ပစ္လိုက္ေတာ့မယ္။ မင္းရဲ႕ အနာဂတ္အေပၚ ခ်မွတ္ထားတဲ့ ကန႔္သတ္ခ်က္မွန္သမွ်ကို ေတာ္လွန္ပစ္လိုက္ေတာ့မွာပါ။”သင့္ရဲ႕ေရွ႕မွာ ႀကီးမားတဲ့ ရည္မွန္းခ်က္ပန္းတိုင္ေတြ ရွိေနၿပီး ဘယ္သူ႔ကိုမွ၊ ဘယ္အရာကိုမွ သင့္လမ္းေၾကာင္းေပၚမွာ လာအတား အဆီးလုပ္ခြင့္ ေပးမွာမဟုတ္ပါဘူး။ ဒီလိုေျပာင္းလဲမႈထဲမွာ အလုပ္အကိုင္အသစ္ စတင္တာ ဒါမွမဟုတ္ လုပ္ငန္းခြင္ကို အလုံးစုံ ေျပာင္းလဲပစ္တာေတြေတာင္ ပါဝင္လာႏိုင္ပါတယ္။ သင္ကိုယ္တိုင္ေတာင္ မထင္ထားမိတဲ့အထိ ေအာင္ျမင္သူတစ္ေယာက္ ျဖစ္လာေတာ့မွာျဖစ္ၿပီး၊ ဒါဟာ လူတစ္ေယာက္အတြက္ အေကာင္းဆုံးနဲ႔ အ ျပင္းထန္ဆုံး လက္စားေခ်မႈပါပဲ။
ေက်ာ့ေကခိုင္
Leave a Reply