Job Hopper တွေကို ဘာကြောင့် အလုပ်ခေါ်ယူသင့်သလဲ

လုပ်ငန်းခွင်မှာ အလုပ်ပြောင်းရွှေ့မှု မကြာခဏရှိခဲ့ဖူးတဲ့ ရာဇဝင် ဒါမှမဟုတ် “Job Hopping” လုပ်တတ်တဲ့ အကျင့်ကို လူကြီးပိုင်းတွေနဲ့ ခန့်အပ်ရေးမန်နေဂျာတွေက အမြဲတမ်း လန့်စရာ Red Flag တစ်ခုလို သဘောထားတတ်ကြပါတယ်။ ဒီလိုလူတွေက ရေရှည်မလုပ်ဘဲ စွန့်ခွာသွားတတ်တယ်၊ ဒါမှမဟုတ် ယုံကြည်စိတ်ချရမှု မရှိဘူးလို့ စိုးရိမ်ကြတာပေါ့။ အရင်က လုပ်ခဲ့တဲ့ သုတေသနတွေကလည်း ဒီအမြင်ကို ထောက်ခံအားပေးနေကြပါတယ်။ အလုပ်မကြာခဏပြောင်းတာဟာ တကယ်တမ်း မဟုတ်ဘဲနဲ့တောင် တာဝန်ယူလိုစိတ်နည်းတာနဲ့ အလုပ်အပေါ် သဘောထားညံ့ဖျင်းတာကို ပြသနေတဲ့ လက္ခဏာတစ်ခုလို့ အဓိပ္ပာယ်ကောက်ယူခံရတတ်ပါတယ်။ဒါပေမဲ့ ဟတ်ဂျ်ဖန်း (Hedge Fund) မန်နေဂျာ ၈,၆၉၃ ဦးရဲ့ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ၁၅ နှစ်စာ အချက်အလက်တွေကို သေချာလေ့လာကြည့်တဲ့အခါမှာတော့ အဲဒီအမြင်က မှားနေနိုင်ပြီး အရေးကြီးတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကိုတောင် လက်လွတ်ဆုံးရှုံးနေရတယ်ဆိုတာကို တွေ့လာရပါတယ်။

အလုပ်ပြောင်းဝါသနာပါသူတွေရဲ့ လျှို့ဝှက်ချက်

အဓိက အချက်က ဘာလဲဆိုတော့ ဝန်ထမ်းအသစ်တွေဟာ ကုမ္ပဏီအသစ်ကို ရောက်တာနဲ့ ပုံမှန်အားဖြင့် စွမ်းဆောင်ရည်က အစပိုင်းမှာ ၇၂ ရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားတတ်ကြပြီး မူလအခြေအနေအတိုင်း ပြန်ဖြစ်ဖို့ ပျမ်းမျှ ၄ လလောက် ကြာတတ်ပါတယ်။ ဒါပေမဲ့ အလုပ်ကို ၄ ကြိမ်နဲ့အထက် မကြာခဏ ပြောင်းဖူးတဲ့သူတွေကျတော့ စွမ်းဆောင်ရည်ကျဆင်းမှုက သေးသေးလေးပဲ ရှိပြီး ၂ လအတွင်းမှာတင် မူလအခြေအနေဆီကို အမြန်ဆုံး ပြန်ရောက်သွားကြပါတယ်။ဘာကြောင့် ဒီလောက်မြန်မြန် ပြန်ထူထောင်နိုင်ကြတာလဲဆိုတော့ သူတို့က ပတ်ဝန်းကျင်အသစ်တွေ၊ စနစ်အသစ်တွေနဲ့ လူမှုဆက်ဆံရေးအသစ်တွေကြားထဲကို ဝင်ရထွက်ရတာ ကျင့်သားရနေပြီးသားဖြစ်လို့ပါပဲ။ အဖွဲ့အစည်းအသစ်တစ်ခုထဲ ဝင်တိုင်း ယဉ်ကျေးမှုကို လေ့လာရတယ်၊ ဆက်ဆံရေး တည်ဆောက်ရတယ်၊ မရေးထားတဲ့ စည်းမျဉ်းတွေကို နားလည်အောင် လုပ်ရတယ်ဆိုတဲ့ အလုပ်တွေကို အကြိမ်ကြိမ် လုပ်ဖူးထားတာကြောင့် သူတို့မှာ အလုပ်ခွင်အသစ်နဲ့ အမြန်ဆုံး အလိုက်သင့်နေထိုင်နိုင်စွမ်း ဆိုတဲ့ ပြောင်းရွှေ့သုံးစွဲလို့ကောင်းတဲ့ အရည်အချင်း (Transferable skills) က အလိုလို တည်ဆောက်ပြီးသား ဖြစ်သွားပါတော့တယ်။

ဘယ်လိုနေရာတွေမှာ ပိုပြီး အသုံးဝင်လဲ

သုတေသနအရ အလုပ်ပြောင်းဝါသနာပါသူတွေရဲ့ အားသာချက် အထင်ရှားဆုံး ပေါ်လွင်တတ်တဲ့ အဓိက လုပ်ငန်းခွင်အခြေအနေ သုံးခုရှိပါတယ်။ယဉ်ကျေးမှု ခိုင်မာနက်ရှိုင်းတဲ့ အဖွဲ့အစည်းများ- လူတွေက အတူတူ အလုပ်လုပ်လာတာ ကြာတဲ့အခါ မပြောဘဲ နားလည်ထားတဲ့ စံနှုန်းတွေ ရှိလာပြီး အမှားအယွင်း လုံးဝ လက်မခံချင်ကြပါဘူး။ ဒီလိုနေရာမျိုးမှာ လူသစ်တွေအတွက် သင်ယူရတာ မတ်စောက်ပေမဲ့ အလုပ်ပြောင်းဝါသနာပါသူတွေကတော့ ယဉ်ကျေးမှုအသစ်တွေကို အမြန်ဆုံး အဓိပ္ပာယ်ဖော်တတ်တာကြောင့် တကယ့်ကို အဖိုးတန်လာပါတယ်။ရင်းနှီးကျွမ်းဝင်မှု နည်းပါးတဲ့ ပတ်ဝန်းကျင်သစ်များ- ကိုယ်တည်ဆောက်ခဲ့ရာ ပရော်ဖက်ရှင်နယ်နယ်မြေနဲ့ လုံးဝမတူတဲ့ ပတ်ဝန်းကျင်အသစ်သို့ ဝင်ရောက်ရာမှာ မျှော်မှန်းချက်တွေနဲ့ ဆက်ဆံရေးအသစ်တွေကို အမြန်ဆုံး ပြောင်းလဲလိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်စွမ်းရှိပါတယ်။ပူးပေါင်းဆောင်ရွက်မှု အဓိကလိုအပ်သော ရာထူးများ -ဆက်ဆံရေး တည်ဆောက်ခြင်းနဲ့ အခြားသူများနဲ့ ညှိနှိုင်းအလုပ်လုပ်ခြင်းတို့ အလွန်အရေးပါတဲ့ နေရာများမှာ လူမှုပတ်ဝန်းကျင်အသစ်နဲ့ လွယ်ကူစွာ ရောနှောလုပ်ကိုင်နိုင်ကြပါတယ်။

ကုမ္ပဏီတွေ ဘယ်လို အသုံးချသင့်သလဲ

ဒီလိုလူတွေကို မျက်စိစုံမှိတ် ဖယ်ထုတ်မယ့်အစား အောက်ပါ အခြေအနေတွေမှာဆိုရင် အထူးဦးစားပေး စဉ်းစားသင့်ပါတယ်။ကုမ္ပဏီကို အမြန်ဆုံး ပြန်လည်ဦးမော့လာစေရန် လုပ်ဆောင်ရသည့် အချိန်မျိုးနဲ့ အရှိန်အဟုန်နဲ့ ကြီးထွားလာချိန်များ၊ ဖောက်သည်တွေနဲ့ တိုက်ရိုက်ဆက်ဆံရကာ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်က လုပ် ငန်းရလဒ်အပေါ် ချက်ချင်း သက်ရောက်မှုရှိတဲ့ နေရာမျိုးများ၊ ပူးပေါင်းလုပ်ကိုင်မှု အဓိက လိုအပ်တဲ့ ရာထူးနေရာတွေနဲ့ ယဉ်ကျေးမှု ခိုင်မာပြီးသား အဖွဲ့အစည်းများအတွက်ဆိုရင် ဒီလူတွေက အသုံးဝင်ပါတယ်။တစ်ချိန်တည်းမှာပဲ အလုပ်ပြောင်းဝါသနာပါသူတွေမှာ အခြားသူတွေထက် အလုပ်ကနေ ထွက်သွားနိုင်ချေ (Flight risk) ပိုများတယ်ဆိုတဲ့ သမားရိုးကျ စိုးရိမ်ချက်ကတော့ မှန်ကန်ပါတယ်။ ဒါပေမဲ့ ယေဘုယျ ဝန်ထမ်းသက်တမ်းတွေ တိုလာတဲ့ ယနေ့ခေတ်အခြေအနေမှာ ဘယ်သူ့ကိုမှ ရာနှုန်းပြည့် အာမခံချက်တော့ မရှိပါဘူး။ ထို့ကြောင့် ဒီအန္တရာယ်ကို သူတို့ရဲ့ မြန်ဆန်စွာ အလိုက်သင့်နေထိုင်နိုင်စွမ်းနဲ့ ချိန်ဆတွက်ချက်ပြီး ခန့်အပ်သင့်ပါတယ်။

အနှစ်ချုပ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ အလုပ်မကြာခဏပြောင်းရွှေ့ဖူးတာကို အမြဲတမ်း အဆိုးဘက်ကချည်း မမြင်ဘဲ အဖွဲ့အစည်းအသစ်တိုင်းမှာ အတွေ့အကြုံသစ်တွေကို လေ့လာသင်ယူခွင့်နဲ့ ဆက်ဆံရေးအသစ်တွေ တည်ဆောက်ခွင့်အဖြစ် ရှုမြင်သင့်ပါတယ်။ အပြောင်းအလဲတွေကို အကြိမ်ကြိမ် ဖြတ်သန်းခြင်းက ဝန်ထမ်းတွေကို ဘယ်လိုပတ်ဝန်းကျင်မှာမဆို လျင်မြန်စွာ အလုပ်ဖြစ်စေနိုင်တဲ့ အားဖြည့်စွမ်းရည်တစ်ခုကို ပိုင်ဆိုင်စေနိုင်ပါတယ်။

ကျော့ကေခိုင်

zawgyi

လုပ္ငန္းခြင္မွာ အလုပ္ေျပာင္းေ႐ႊ႕မႈ မၾကာခဏရွိခဲ့ဖူးတဲ့ ရာဇဝင္ ဒါမွမဟုတ္ “Job Hopping” လုပ္တတ္တဲ့ အက်င့္ကို လူႀကီးပိုင္းေတြနဲ႔ ခန႔္အပ္ေရးမန္ေနဂ်ာေတြက အၿမဲတမ္း လန႔္စရာ Red Flag တစ္ခုလို သေဘာထားတတ္ၾကပါတယ္။ ဒီလိုလူေတြက ေရရွည္မလုပ္ဘဲ စြန႔္ခြာသြားတတ္တယ္၊ ဒါမွမဟုတ္ ယုံၾကည္စိတ္ခ်ရမႈ မရွိဘူးလို႔ စိုးရိမ္ၾကတာေပါ့။ အရင္က လုပ္ခဲ့တဲ့ သုေတသနေတြကလည္း ဒီအျမင္ကို ေထာက္ခံအားေပးေနၾကပါတယ္။ အလုပ္မၾကာခဏေျပာင္းတာဟာ တကယ္တမ္း မဟုတ္ဘဲနဲ႔ေတာင္ တာဝန္ယူလိုစိတ္နည္းတာနဲ႔ အလုပ္အေပၚ သေဘာထားညံ့ဖ်င္းတာကို ျပသေနတဲ့ လကၡဏာတစ္ခုလို႔ အဓိပၸာယ္ေကာက္ယူခံရတတ္ပါတယ္။ဒါေပမဲ့ ဟတ္ဂ်္ဖန္း (Hedge Fund) မန္ေနဂ်ာ ၈,၆၉၃ ဦးရဲ႕ ၂၀၀၄ ခုႏွစ္ကေန ၂၀၁၉ ခုႏွစ္အထိ ၁၅ ႏွစ္စာ အခ်က္အလက္ေတြကို ေသခ်ာေလ့လာၾကည့္တဲ့အခါမွာေတာ့ အဲဒီအျမင္က မွားေနႏိုင္ၿပီး အေရးႀကီးတဲ့ လူ႔စြမ္းအားအရင္းအျမစ္ေတြကိုေတာင္ လက္လြတ္ဆုံးရႈံးေနရတယ္ဆိုတာကို ေတြ႕လာရပါတယ္။

အလုပ္ေျပာင္းဝါသနာပါသူေတြရဲ႕ လွ်ိဳ႕ဝွက္ခ်က္

အဓိက အခ်က္က ဘာလဲဆိုေတာ့ ဝန္ထမ္းအသစ္ေတြဟာ ကုမၸဏီအသစ္ကို ေရာက္တာနဲ႔ ပုံမွန္အားျဖင့္ စြမ္းေဆာင္ရည္က အစပိုင္းမွာ ၇၂ ရာခိုင္ႏႈန္းေလာက္အထိ က်ဆင္းသြားတတ္ၾကၿပီး မူလအေျခအေနအတိုင္း ျပန္ျဖစ္ဖို႔ ပ်မ္းမွ် ၄ လေလာက္ ၾကာတတ္ပါတယ္။ ဒါေပမဲ့ အလုပ္ကို ၄ ႀကိမ္နဲ႔အထက္ မၾကာခဏ ေျပာင္းဖူးတဲ့သူေတြက်ေတာ့ စြမ္းေဆာင္ရည္က်ဆင္းမႈက ေသးေသးေလးပဲ ရွိၿပီး ၂ လအတြင္းမွာတင္ မူလအေျခအေနဆီကို အျမန္ဆုံး ျပန္ေရာက္သြားၾကပါတယ္။ဘာေၾကာင့္ ဒီေလာက္ျမန္ျမန္ ျပန္ထူေထာင္ႏိုင္ၾကတာလဲဆိုေတာ့ သူတို႔က ပတ္ဝန္းက်င္အသစ္ေတြ၊ စနစ္အသစ္ေတြနဲ႔ လူမႈဆက္ဆံေရးအသစ္ေတြၾကားထဲကို ဝင္ရထြက္ရတာ က်င့္သားရေနၿပီးသားျဖစ္လို႔ပါပဲ။ အဖြဲ႕အစည္းအသစ္တစ္ခုထဲ ဝင္တိုင္း ယဥ္ေက်းမႈကို ေလ့လာရတယ္၊ ဆက္ဆံေရး တည္ေဆာက္ရတယ္၊ မေရးထားတဲ့ စည္းမ်ဥ္းေတြကို နားလည္ေအာင္ လုပ္ရတယ္ဆိုတဲ့ အလုပ္ေတြကို အႀကိမ္ႀကိမ္ လုပ္ဖူးထားတာေၾကာင့္ သူတို႔မွာ အလုပ္ခြင္အသစ္နဲ႔ အျမန္ဆုံး အလိုက္သင့္ေနထိုင္ႏိုင္စြမ္း ဆိုတဲ့ ေျပာင္းေ႐ႊ႕သုံးစြဲလို႔ေကာင္းတဲ့ အရည္အခ်င္း (Transferable skills) က အလိုလို တည္ေဆာက္ၿပီးသား ျဖစ္သြားပါေတာ့တယ္။

ဘယ္လိုေနရာေတြမွာ ပိုၿပီး အသုံးဝင္လဲ

သုေတသနအရ အလုပ္ေျပာင္းဝါသနာပါသူေတြရဲ႕ အားသာခ်က္ အထင္ရွားဆုံး ေပၚလြင္တတ္တဲ့ အဓိက လုပ္ငန္းခြင္အေျခအေန သုံးခုရွိပါတယ္။ယဥ္ေက်းမႈ ခိုင္မာနက္ရႈိင္းတဲ့ အဖြဲ႕အစည္းမ်ား- လူေတြက အတူတူ အလုပ္လုပ္လာတာ ၾကာတဲ့အခါ မေျပာဘဲ နားလည္ထားတဲ့ စံႏႈန္းေတြ ရွိလာၿပီး အမွားအယြင္း လုံးဝ လက္မခံခ်င္ၾကပါဘူး။ ဒီလိုေနရာမ်ိဳးမွာ လူသစ္ေတြအတြက္ သင္ယူရတာ မတ္ေစာက္ေပမဲ့ အလုပ္ေျပာင္းဝါသနာပါသူေတြကေတာ့ ယဥ္ေက်းမႈအသစ္ေတြကို အျမန္ဆုံး အဓိပၸာယ္ေဖာ္တတ္တာေၾကာင့္ တကယ့္ကို အဖိုးတန္လာပါတယ္။ရင္းႏွီးကြၽမ္းဝင္မႈ နည္းပါးတဲ့ ပတ္ဝန္းက်င္သစ္မ်ား- ကိုယ္တည္ေဆာက္ခဲ့ရာ ပေရာ္ဖက္ရွင္နယ္နယ္ေျမနဲ႔ လုံးဝမတူတဲ့ ပတ္ဝန္းက်င္အသစ္သို႔ ဝင္ေရာက္ရာမွာ ေမွ်ာ္မွန္းခ်က္ေတြနဲ႔ ဆက္ဆံေရးအသစ္ေတြကို အျမန္ဆုံး ေျပာင္းလဲလိုက္ေလ်ာညီေထြျဖစ္ေအာင္ လုပ္ႏိုင္စြမ္းရွိပါတယ္။ပူးေပါင္းေဆာင္႐ြက္မႈ အဓိကလိုအပ္ေသာ ရာထူးမ်ား -ဆက္ဆံေရး တည္ေဆာက္ျခင္းနဲ႔ အျခားသူမ်ားနဲ႔ ညႇိႏႈိင္းအလုပ္လုပ္ျခင္းတို႔ အလြန္အေရးပါတဲ့ ေနရာမ်ားမွာ လူမႈပတ္ဝန္းက်င္အသစ္နဲ႔ လြယ္ကူစြာ ေရာေႏွာလုပ္ကိုင္ႏိုင္ၾကပါတယ္။

ကုမၸဏီေတြ ဘယ္လို အသုံးခ်သင့္သလဲ

ဒီလိုလူေတြကို မ်က္စိစုံမွိတ္ ဖယ္ထုတ္မယ့္အစား ေအာက္ပါ အေျခအေနေတြမွာဆိုရင္ အထူးဦးစားေပး စဥ္းစားသင့္ပါတယ္။ကုမၸဏီကို အျမန္ဆုံး ျပန္လည္ဦးေမာ့လာေစရန္ လုပ္ေဆာင္ရသည့္ အခ်ိန္မ်ိဳးနဲ႔ အရွိန္အဟုန္နဲ႔ ႀကီးထြားလာခ်ိန္မ်ား၊ ေဖာက္သည္ေတြနဲ႔ တိုက္႐ိုက္ဆက္ဆံရကာ ဝန္ထမ္းေတြရဲ႕ စြမ္းေဆာင္ရည္က လုပ္ ငန္းရလဒ္အေပၚ ခ်က္ခ်င္း သက္ေရာက္မႈရွိတဲ့ ေနရာမ်ိဳးမ်ား၊ ပူးေပါင္းလုပ္ကိုင္မႈ အဓိက လိုအပ္တဲ့ ရာထူးေနရာေတြနဲ႔ ယဥ္ေက်းမႈ ခိုင္မာၿပီးသား အဖြဲ႕အစည္းမ်ားအတြက္ဆိုရင္ ဒီလူေတြက အသုံးဝင္ပါတယ္။တစ္ခ်ိန္တည္းမွာပဲ အလုပ္ေျပာင္းဝါသနာပါသူေတြမွာ အျခားသူေတြထက္ အလုပ္ကေန ထြက္သြားႏိုင္ေခ် (Flight risk) ပိုမ်ားတယ္ဆိုတဲ့ သမား႐ိုးက် စိုးရိမ္ခ်က္ကေတာ့ မွန္ကန္ပါတယ္။ ဒါေပမဲ့ ေယဘုယ် ဝန္ထမ္းသက္တမ္းေတြ တိုလာတဲ့ ယေန႔ေခတ္အေျခအေနမွာ ဘယ္သူ႔ကိုမွ ရာႏႈန္းျပည့္ အာမခံခ်က္ေတာ့ မရွိပါဘူး။ ထို႔ေၾကာင့္ ဒီအႏၲရာယ္ကို သူတို႔ရဲ႕ ျမန္ဆန္စြာ အလိုက္သင့္ေနထိုင္ႏိုင္စြမ္းနဲ႔ ခ်ိန္ဆတြက္ခ်က္ၿပီး ခန႔္အပ္သင့္ပါတယ္။

အႏွစ္ခ်ဳပ္အေနနဲ႔ ေျပာရမယ္ဆိုရင္ေတာ့ အလုပ္မၾကာခဏေျပာင္းေ႐ႊ႕ဖူးတာကို အၿမဲတမ္း အဆိုးဘက္ကခ်ည္း မျမင္ဘဲ အဖြဲ႕အစည္းအသစ္တိုင္းမွာ အေတြ႕အႀကဳံသစ္ေတြကို ေလ့လာသင္ယူခြင့္နဲ႔ ဆက္ဆံေရးအသစ္ေတြ တည္ေဆာက္ခြင့္အျဖစ္ ရႈျမင္သင့္ပါတယ္။ အေျပာင္းအလဲေတြကို အႀကိမ္ႀကိမ္ ျဖတ္သန္းျခင္းက ဝန္ထမ္းေတြကို ဘယ္လိုပတ္ဝန္းက်င္မွာမဆို လ်င္ျမန္စြာ အလုပ္ျဖစ္ေစႏိုင္တဲ့ အားျဖည့္စြမ္းရည္တစ္ခုကို ပိုင္ဆိုင္ေစႏိုင္ပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*