ဘာကြောင့် ရုံးပြန်တက်သင့်သလဲ

လူတွေရဲ့ သဘာဝကိုက လက်ရှိဖြစ်နေတာကိုပဲ ပိုဦးစားပေးတတ်ကြတာ သဘာဝပါပဲ။ ရေတိုအကျိုးကျေးဇူးတွေကိုပဲ ပိုအလေးသာပြီး ရေရှည်မှာ ဖြစ်လာမဲ့ အကျိုး ဆက်တွေကို လျှော့တွက်မိတတ်ကြတယ်။ ဒါကြောင့်လည်း လူသစ်တွေနဲ့ ခင်မင်ရမှာမှန်း သိရဲ့သားနဲ့ ခဏတာ အိမ်မှာနေရတာ ပိုသက်သာလို့ ဆိုပြီး နှစ်ပတ်လည် ဘာဘီကျူးပွဲကို မသွားဘဲ အိမ်မှာပဲ ကွေးနေလိုက်ကြတာမျိုးပေါ့။ အဆင်ပြေလွယ်ကူမှုက လူချင်း ထိတွေ့ဆက်ဆံမှုကို အနိုင်ယူသွားတာမျိုးပါ။အခု အိမ်ကနေ အလုပ်လုပ်တာ (Work-From-Home) နဲ့ ပတ်သက်တဲ့ အငြင်းပွားမှုမှာလည်း ဒီလိုပုံစံမျိုးကိုပဲ တွေ့နေရတယ်လို့ မြင်ပါတယ်။ ဝန်ထမ်းအများစုအတွက် ရေတိုအကျိုး ကျေးဇူးတွေက သိပ်ကောင်းလွန်းနေတာကိုး။ ကားပိတ်တာ တိုးဝှေ့စရာ မလိုဘူး၊ ကြိုက်တဲ့ အဝတ်အစား ဝတ်လို့ရတယ်၊ ရုံးတွင်း နိုင်ငံရေးတွေ ရှောင်လို့ရတယ်။ ရေရှည် အားနည်းချက်တွေကိုကျတော့ ချက်ချင်း သတိမထားမိကြဘူး။ လူတွေက ရေတိုမှာ အိမ်ကနေ အလုပ်လုပ်ရတာကို တကယ် သဘောကျနိုင်ပေမဲ့ တစ်နေရာတည်းမှာ ဆုံပြီး အတူတူ အလုပ်လုပ်တာရဲ့ ရေရှည်တန်ဖိုးကိုတော့ လျှော့တွက်ထားမိကြတာပါ။

အချို့သုတေသနတွေကတော့ အာဏာပြချင်တဲ့ ခေါင်းဆောင်တွေဟာ ဝန်ထမ်းတွေကို သူတို့မျက်စိအောက်မှာ ရှိစေချင်တာနဲ့ ချုပ်ကိုင်ချင်တာကြောင့် ရုံးတက်ခိုင်းကြတာလို့ ထောက်ပြကြတယ်။ ဒါပေမဲ့ ဒါက အကြောင်းရင်း အားလုံးတော့ မဟုတ်ပါဘူး။ ဝန်ထမ်းတွေအပေါ် စာနာတတ်တဲ့ ခေါင်းဆောင်တွေကလည်း ရုံးတက်အလုပ်လုပ်တာကို သဘောကျကြတာပဲ၊ ဒါပေမဲ့ မတူညီတဲ့ အကြောင်းပြချက်နဲ့ပါ။ သူတို့ရဲ့ စိုးရိမ်စိတ်က ချုပ်ကိုင်ချင်လို့ မဟုတ်ပါဘူး။ အလုပ်ဆိုတာ ရာနှုန်းပြည့် အွန်လိုင်းဖြစ်သွားတဲ့အခါ ဝန်ထမ်းတွေနဲ့ ကုမ္ပဏီတွေ ဘာတွေ ဆုံးရှုံးသွားမလဲဆိုတဲ့ အပေါ်မှာပါ။

စိတ်ချမ်းသာ ပျော်ရွှင်မှုတွေ တိုးပွားလာခြင်း

ကပ်ရောဂါကာလတုန်းက ကမ္ဘာတစ်ဝန်းကကုမ္ပဏီတွေ အိမ်ကနေ အလုပ်လုပ်တဲ့စနစ်ကို ပြောင်းခဲ့ရတယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဝန်ထမ်းတွေဟာ သီး သန့်ခွဲနေပြီး အလုပ်လုပ်ရတဲ့ စိန်ခေါ်မှုအသစ်တွေကြောင့် ရုန်းကန်နေရတယ်လို့ ခံစားရတယ်။ ဒါပေမဲ့ အခြားအကြောင်းအရင်းတွေလည်း အများကြီး ပါဝင်နေတော့ အတိအကျ အကြောင်းရင်းကို ပုံဖော်ဖို့ ခက်ခဲ့ပါတယ်။ဒါပေမဲ့ Science ဂျာနယ်မှာ ထုတ်ပြန်ခဲ့တဲ့ နောက်ဆုံးသုတေသနတစ်ခုအရ အိမ်ကနေ အလုပ်လုပ်တာဟာ ၂၀၁၁ ကနေ ၂၀၂၄ အတွင်း စိတ်ကျန်းမာရေး ထိခိုက်ကျဆင်းလာရခြင်းရဲ့ အဓိက အကြောင်းရင်းတစ်ခု ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါဟာ ခေါင်းဆောင်အတော်များများ စိုးရိမ်နေခဲ့ကြတဲ့ အချက်ကို အတည်ပြုပေးလိုက်တာပါပဲ။ အိမ်ကနေ အလုပ်လုပ်တာ ပုံမှန်ဖြစ်လာတာဟာ စိတ်ချမ်းသာ ပျော်ရွှင်မှုအတွက်တော့ မကောင်းလှပါဘူး။

ရိုးရိုးလေးပြောရရင်တော့ တစ်ယောက်တည်း အလုပ်လုပ်ရတာ ပျင်းစရာကောင်းပြီး အထီးကျန်ပါတယ်။ ရုံးမှာ အလုပ်လုပ်တုန်းကလို စိတ်ကူးသစ်တွေ ရဖို့ လုပ် ဖော်ကိုင်ဖက်တွေဆီ ခဏဝင်ပြောတာ၊ မမျှော်လင့်ဘဲ အတူတူ နေ့လယ်စာ စားဖြစ်တာ၊ ပုံမှန် စကားစမြည် ပြောဖြစ်တာမျိုးတွေ မရှိတော့ပါဘူး။ ဒါ့အပြင် အိမ်ကနေ အလုပ်လုပ်တာဟာ ရထားပေါ်မှာ ဘေးနားကလူနဲ့ စကားပြောတာ၊ ရပ်ကွက်ထဲက ကော်ဖီဖျော်ပေးတဲ့သူနဲ့ စကားစမြည်ပြောတာမျိုးစတဲ့ အိမ်ပြင်ပက ကမ္ဘာကြီးထဲမှာ လှုပ်ရှားသွားလာရင်း ရရှိမယ့် သေးငယ်ပေမဲ့ အရေးပါတဲ့ လူမှုဆက်ဆံရေးလေးတွေကိုပါ လျှော့ပါးသွားစေတာကြောင့် စိတ်ဓာတ်ကို ကျဆင်းစေပါတယ်။

တကယ်တော့ လေ့လာမှုတစ်ခုမှာ ခရီးသွားတွေကို သွားရင်းလာရင်း အပြင်လူတစ်ယောက်နဲ့ စကားစမြည်ပြောဖို့ မှာလိုက်တဲ့အခါ၊ ပုံမှန်လိုပဲ တိတ်တိတ်ဆိတ်ဆိတ် သွားတဲ့သူတွေထက် ပိုပြီး ပျော်ရွှင်ရတယ်လို့ မိန့်ဆိုထားပါတယ်။ရုံးကို သွားရတာ အဆင်မပြေတာမျိုး ရှိနိုင်ပေမဲ့ လူသားတွေအနေနဲ့ လိုအပ်နေတဲ့ လူမှုဆက်ဆံရေး အခွင့်အလမ်းတွေကိုတော့ ဖန်တီးပေးပါတယ်။ ဒါဟာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်သွယ်မှုကို ပိုမိုခိုင်မာစေတယ်။ အတွေ့အကြုံအရ ဝန်ထမ်းတွေကို သီးသန့် အနား ယူချိန် အပြည့်အဝ ပေးထားသရွေ့တော့ ရုံးတက်တာက စိတ်ကျန်းမာရေးနဲ့ ပျော်ရွှင်မှုကို ပိုမိုတိုးတက်စေပါတယ်။ ဘာမှမလုပ်ဘဲ တိတ်ဆိတ်စွာ အနားယူခြင်းရဲ့ စွမ်းအားကိုလည်း တကယ် ယုံကြည်ပါတယ်။ဝန်ထမ်းတွေက အလုပ်လုပ်ရင်း အမြဲတမ်း သီချင်းတအေးအေးနဲ့ ပျော်မနေနိုင်ရင်တောင်မှ၊ သူတို့ စိတ်ချမ်းသာနေကြတဲ့အခါ ပိုပြီး တီထွင်ဖန်တီးနိုင်စွမ်း ရှိလာကြတယ်၊ ပိုဆန်းသစ်လာကြပြီး ကုမ္ပဏီနဲ့ ကုမ္ပဏီရဲ့ ရည်မှန်းချက်တွေအပေါ် ပိုပြီး မြှုပ်နှံလုပ်ကိုင်ကြပါတယ်။

အတူတူရှိနေရင် ပိုမြန်မြန် သင်ယူနိုင်တယ်

ဝန်ထမ်းတွေကို ရုံးပြန်တက်ဖို့ ဆုံးဖြတ်ခဲ့တုန်းက အာဏာပြချင်လို့ မဟုတ်ပါဘူး။ ဝန်ထမ်းတွေရဲ့ ပါဝင်မှုနဲ့ ဆက်ဆံရေးတွေ လျော့နည်းလာလို့ပါ။ ဒါပေမဲ့ အားလုံးထက်ပိုဆိုးတာက ရာနှုန်းပြည့် အိမ်ကနေ အလုပ်လုပ်တာဟာ သင်ယူမှုအပိုင်းမှာ သတိထားမိလောက်အောင် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ရှိနေတာပါပဲ။ အပြင်မှာ တိုက်ရိုက် လမ်းညွှန်မှုနဲ့ ထိရောက်တဲ့ လမ်းပြမှုမျိုး မရှိတဲ့အခါ အလုပ်သစ် ဝင်လာသူတွေ ဒုက္ခရောက်ကြရတယ်။ အရင်ကထက် ပိုပြီး အလုပ်ထွက်ကုန်ကြတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကြည့်ရင်လည်း သင်ယူမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ရပ်တန့်နေပုံရပါတယ်။

သုတေသနတွေကလည်း ဒီအတွေ့အကြုံကို ထောက်ခံထားပါတယ်။ Microsoft ရဲ့ လေ့လာမှုတစ်ခုအရ အိမ်ကနေ အလုပ်လုပ်တာဟာ အသင်းအဖွဲ့တွေကို ပိုပြီး သီးခြားစီ ဖြစ်စေပြီး တက်ကြွမှု လျော့ကျစေတယ်လို့ ဆိုပါတယ်။ ဝန်ထမ်းတွေဟာ အသင်းအဖွဲ့အချင်းချင်း ဆက်သွယ်မှု နည်းသွားပြီး ချိတ်ဆက်မှု အသစ်တွေ နည်းပါးလာပါတယ်။ တရားဝင်မဟုတ်တဲ့ စကားပြောဆိုမှုတွေကနေတစ်ဆင့် ရရှိနိုင်တဲ့ အကြံပြုချက်တွေ၊ သင်ပြပေးမှုတွေနဲ့ စိတ်ကူးသစ်တွေကို ဆုံးရှုံးသွားကြရပါတယ်။Jotform မှာတော့ ရုံးပြန်တက်လိုက်တာနဲ့ ပြန်လည်ကောင်းမွန်လာတာကို သိသိသာသာ တွေ့ခဲ့ရတယ်။ လတ်တလော AI နဲ့ နည်းပညာ တိုးတက်မှုတွေကို ရင်ဘောင်တန်းနိုင်ဖို့နဲ့ ဝန်ထမ်းတွေကို လေ့ကျင့်ပေးဖို့လိုမျိုး အခြား စိန်ခေါ်မှုတွေ ရှိနေသေးပေမဲ့ ရုံးမှာ အတူတူ အလုပ်လုပ်ရတာက ဒီဖြစ်စဉ်ကို ပိုမိုလွယ်ကူသွားစေပါတယ်။ပိုင်စိုးပိုင်နင်း ပြောသလို ဖြစ်သွားရင်လည်း ခွင့်လွှတ်ပါ။ ဝန်ထမ်းတွေကို ရုံးပြန်တက်ခိုင်းတာဟာ သူတို့ရဲ့ စိတ်ကျန်းမာရေးနဲ့ ရေရှည် အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် တကယ်ပဲ အကျိုးရှိမယ်လို့ ယုံကြည်လို့ပါ။ ဝန်ထမ်းတွေ အဆင်ပြေ တိုးတက်လာတဲ့အခါ ကုမ္ပဏီတွေလည်း လိုက်ပြီး တိုးတက်လာတာပါပဲ။

ရုံးတက်ရတာ ခရီးသွားရတာနဲ့ တန်အောင် လုပ်ပါ

အဖွဲ့အစည်းတိုင်းကတော့ မိမိတို့အသင်းတွေအတွက် အကောင်းဆုံး မူဝါဒကို ရွေးချယ်ရမှာပါ။ ရုံးမှာပဲ အပြည့်အဝ လုပ်ခိုင်းမလား၊ ဒါမှမဟုတ် Hybrid (ရုံးတက်လိုက် အိမ်ကလုပ်လိုက်) စနစ်ပဲ သုံးမလား၊ အတူတူရှိနေတဲ့ အချိန်တွေကို ထိရောက်အောင် ဘယ်လိုလုပ်မလဲဆိုတာကိုတော့ သေချာ စဉ်းစားသင့်ပါတယ်။ လူတွေ တကယ် ဆက်သွယ်မိကြဖို့ ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရပါမယ်။ ရုံးခန်းတွေကို အတူတူ အလုပ်လုပ်နိုင်တဲ့ နေရာတွေအပြင်၊ တစ်ယောက်တည်း သီးသန့် အာရုံ စိုက် အလုပ်လုပ်ချင်တဲ့အခါ သွားလို့ရမယ့် နေရာတွေပါ ပါအောင် ဒီဇိုင်းဆွဲပါ။ အပတ်စဉ် အသင်းအဖွဲ့ နေ့လယ်စာ စားတာ၊ ကော်ဖီသောက် ထွက်တာမျိုး ရုံးတွင်း ဓလေ့လေးတွေ ဖန်တီးပါ။ ပိုကောင်းတာက ဝန်ထမ်းတွေကို ဘယ်လို လှုပ်ရှားမှုမျိုးတွေ ပါဝင်ချင်လဲဆိုတာ မေးမြန်းပြီး အခြားတာဝန်ရှိသူတွေအတွက် အဆင်ပြေအောင် ပွဲတွေကို အတိုအထွာအဖြစ်သာ ထားရှိပေးပါ။ရုံးခန်းကို လူတွေ လာချင်တဲ့ နေရာ၊ ပါဝင်ချင်တဲ့ အတွေ့အကြုံတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုဖြစ်အောင် ဖန်တီးလိုက်ပါ၊ ဒါဆိုရင် ရုံးပြန်တက်ရခြင်းရဲ့ အကျိုးကျေးဇူးတွေက အလိုလို ပါလာပါလိမ့်မယ်။

ကျော့ကေခိုင်

zawgyi

လူေတြရဲ႕ သဘာဝကိုက လက္ရွိျဖစ္ေနတာကိုပဲ ပိုဦးစားေပးတတ္ၾကတာ သဘာဝပါပဲ။ ေရတိုအက်ိဳးေက်းဇူးေတြကိုပဲ ပိုအေလးသာၿပီး ေရရွည္မွာ ျဖစ္လာမဲ့ အက်ိဳး ဆက္ေတြကို ေလွ်ာ့တြက္မိတတ္ၾကတယ္။ ဒါေၾကာင့္လည္း လူသစ္ေတြနဲ႔ ခင္မင္ရမွာမွန္း သိရဲ႕သားနဲ႔ ခဏတာ အိမ္မွာေနရတာ ပိုသက္သာလို႔ ဆိုၿပီး ႏွစ္ပတ္လည္ ဘာဘီက်ဴးပြဲကို မသြားဘဲ အိမ္မွာပဲ ေကြးေနလိုက္ၾကတာမ်ိဳးေပါ့။ အဆင္ေျပလြယ္ကူမႈက လူခ်င္း ထိေတြ႕ဆက္ဆံမႈကို အႏိုင္ယူသြားတာမ်ိဳးပါ။အခု အိမ္ကေန အလုပ္လုပ္တာ (Work-From-Home) နဲ႔ ပတ္သက္တဲ့ အျငင္းပြားမႈမွာလည္း ဒီလိုပုံစံမ်ိဳးကိုပဲ ေတြ႕ေနရတယ္လို႔ ျမင္ပါတယ္။ ဝန္ထမ္းအမ်ားစုအတြက္ ေရတိုအက်ိဳး ေက်းဇူးေတြက သိပ္ေကာင္းလြန္းေနတာကိုး။ ကားပိတ္တာ တိုးေဝွ႔စရာ မလိုဘူး၊ ႀကိဳက္တဲ့ အဝတ္အစား ဝတ္လို႔ရတယ္၊ ႐ုံးတြင္း ႏိုင္ငံေရးေတြ ေရွာင္လို႔ရတယ္။ ေရရွည္ အားနည္းခ်က္ေတြကိုက်ေတာ့ ခ်က္ခ်င္း သတိမထားမိၾကဘူး။ လူေတြက ေရတိုမွာ အိမ္ကေန အလုပ္လုပ္ရတာကို တကယ္ သေဘာက်ႏိုင္ေပမဲ့ တစ္ေနရာတည္းမွာ ဆုံၿပီး အတူတူ အလုပ္လုပ္တာရဲ႕ ေရရွည္တန္ဖိုးကိုေတာ့ ေလွ်ာ့တြက္ထားမိၾကတာပါ။

အခ်ိဳ႕သုေတသနေတြကေတာ့ အာဏာျပခ်င္တဲ့ ေခါင္းေဆာင္ေတြဟာ ဝန္ထမ္းေတြကို သူတို႔မ်က္စိေအာက္မွာ ရွိေစခ်င္တာနဲ႔ ခ်ဳပ္ကိုင္ခ်င္တာေၾကာင့္ ႐ုံးတက္ခိုင္းၾကတာလို႔ ေထာက္ျပၾကတယ္။ ဒါေပမဲ့ ဒါက အေၾကာင္းရင္း အားလုံးေတာ့ မဟုတ္ပါဘူး။ ဝန္ထမ္းေတြအေပၚ စာနာတတ္တဲ့ ေခါင္းေဆာင္ေတြကလည္း ႐ုံးတက္အလုပ္လုပ္တာကို သေဘာက်ၾကတာပဲ၊ ဒါေပမဲ့ မတူညီတဲ့ အေၾကာင္းျပခ်က္နဲ႔ပါ။ သူတို႔ရဲ႕ စိုးရိမ္စိတ္က ခ်ဳပ္ကိုင္ခ်င္လို႔ မဟုတ္ပါဘူး။ အလုပ္ဆိုတာ ရာႏႈန္းျပည့္ အြန္လိုင္းျဖစ္သြားတဲ့အခါ ဝန္ထမ္းေတြနဲ႔ ကုမၸဏီေတြ ဘာေတြ ဆုံးရႈံးသြားမလဲဆိုတဲ့ အေပၚမွာပါ။

စိတ္ခ်မ္းသာ ေပ်ာ္႐ႊင္မႈေတြ တိုးပြားလာျခင္း

ကပ္ေရာဂါကာလတုန္းက ကမာၻတစ္ဝန္းကကုမၸဏီေတြ အိမ္ကေန အလုပ္လုပ္တဲ့စနစ္ကို ေျပာင္းခဲ့ရတယ္။ ေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ ဝန္ထမ္းေတြဟာ သီး သန႔္ခြဲေနၿပီး အလုပ္လုပ္ရတဲ့ စိန္ေခၚမႈအသစ္ေတြေၾကာင့္ ႐ုန္းကန္ေနရတယ္လို႔ ခံစားရတယ္။ ဒါေပမဲ့ အျခားအေၾကာင္းအရင္းေတြလည္း အမ်ားႀကီး ပါဝင္ေနေတာ့ အတိအက် အေၾကာင္းရင္းကို ပုံေဖာ္ဖို႔ ခက္ခဲ့ပါတယ္။ဒါေပမဲ့ Science ဂ်ာနယ္မွာ ထုတ္ျပန္ခဲ့တဲ့ ေနာက္ဆုံးသုေတသနတစ္ခုအရ အိမ္ကေန အလုပ္လုပ္တာဟာ ၂၀၁၁ ကေန ၂၀၂၄ အတြင္း စိတ္က်န္းမာေရး ထိခိုက္က်ဆင္းလာရျခင္းရဲ႕ အဓိက အေၾကာင္းရင္းတစ္ခု ျဖစ္ေနတယ္လို႔ ဆိုပါတယ္။ ဒါဟာ ေခါင္းေဆာင္အေတာ္မ်ားမ်ား စိုးရိမ္ေနခဲ့ၾကတဲ့ အခ်က္ကို အတည္ျပဳေပးလိုက္တာပါပဲ။ အိမ္ကေန အလုပ္လုပ္တာ ပုံမွန္ျဖစ္လာတာဟာ စိတ္ခ်မ္းသာ ေပ်ာ္႐ႊင္မႈအတြက္ေတာ့ မေကာင္းလွပါဘူး။

႐ိုး႐ိုးေလးေျပာရရင္ေတာ့ တစ္ေယာက္တည္း အလုပ္လုပ္ရတာ ပ်င္းစရာေကာင္းၿပီး အထီးက်န္ပါတယ္။ ႐ုံးမွာ အလုပ္လုပ္တုန္းကလို စိတ္ကူးသစ္ေတြ ရဖို႔ လုပ္ ေဖာ္ကိုင္ဖက္ေတြဆီ ခဏဝင္ေျပာတာ၊ မေမွ်ာ္လင့္ဘဲ အတူတူ ေန႔လယ္စာ စားျဖစ္တာ၊ ပုံမွန္ စကားစျမည္ ေျပာျဖစ္တာမ်ိဳးေတြ မရွိေတာ့ပါဘူး။ ဒါ့အျပင္ အိမ္ကေန အလုပ္လုပ္တာဟာ ရထားေပၚမွာ ေဘးနားကလူနဲ႔ စကားေျပာတာ၊ ရပ္ကြက္ထဲက ေကာ္ဖီေဖ်ာ္ေပးတဲ့သူနဲ႔ စကားစျမည္ေျပာတာမ်ိဳးစတဲ့ အိမ္ျပင္ပက ကမာၻႀကီးထဲမွာ လႈပ္ရွားသြားလာရင္း ရရွိမယ့္ ေသးငယ္ေပမဲ့ အေရးပါတဲ့ လူမႈဆက္ဆံေရးေလးေတြကိုပါ ေလွ်ာ့ပါးသြားေစတာေၾကာင့္ စိတ္ဓာတ္ကို က်ဆင္းေစပါတယ္။

တကယ္ေတာ့ ေလ့လာမႈတစ္ခုမွာ ခရီးသြားေတြကို သြားရင္းလာရင္း အျပင္လူတစ္ေယာက္နဲ႔ စကားစျမည္ေျပာဖို႔ မွာလိုက္တဲ့အခါ၊ ပုံမွန္လိုပဲ တိတ္တိတ္ဆိတ္ဆိတ္ သြားတဲ့သူေတြထက္ ပိုၿပီး ေပ်ာ္႐ႊင္ရတယ္လို႔ မိန႔္ဆိုထားပါတယ္။႐ုံးကို သြားရတာ အဆင္မေျပတာမ်ိဳး ရွိႏိုင္ေပမဲ့ လူသားေတြအေနနဲ႔ လိုအပ္ေနတဲ့ လူမႈဆက္ဆံေရး အခြင့္အလမ္းေတြကိုေတာ့ ဖန္တီးေပးပါတယ္။ ဒါဟာ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ဆက္သြယ္မႈကို ပိုမိုခိုင္မာေစတယ္။ အေတြ႕အႀကဳံအရ ဝန္ထမ္းေတြကို သီးသန႔္ အနား ယူခ်ိန္ အျပည့္အဝ ေပးထားသေ႐ြ႕ေတာ့ ႐ုံးတက္တာက စိတ္က်န္းမာေရးနဲ႔ ေပ်ာ္႐ႊင္မႈကို ပိုမိုတိုးတက္ေစပါတယ္။ ဘာမွမလုပ္ဘဲ တိတ္ဆိတ္စြာ အနားယူျခင္းရဲ႕ စြမ္းအားကိုလည္း တကယ္ ယုံၾကည္ပါတယ္။ဝန္ထမ္းေတြက အလုပ္လုပ္ရင္း အၿမဲတမ္း သီခ်င္းတေအးေအးနဲ႔ ေပ်ာ္မေနႏိုင္ရင္ေတာင္မွ၊ သူတို႔ စိတ္ခ်မ္းသာေနၾကတဲ့အခါ ပိုၿပီး တီထြင္ဖန္တီးႏိုင္စြမ္း ရွိလာၾကတယ္၊ ပိုဆန္းသစ္လာၾကၿပီး ကုမၸဏီနဲ႔ ကုမၸဏီရဲ႕ ရည္မွန္းခ်က္ေတြအေပၚ ပိုၿပီး ျမႇဳပ္ႏွံလုပ္ကိုင္ၾကပါတယ္။

အတူတူရွိေနရင္ ပိုျမန္ျမန္ သင္ယူႏိုင္တယ္

ဝန္ထမ္းေတြကို ႐ုံးျပန္တက္ဖို႔ ဆုံးျဖတ္ခဲ့တုန္းက အာဏာျပခ်င္လို႔ မဟုတ္ပါဘူး။ ဝန္ထမ္းေတြရဲ႕ ပါဝင္မႈနဲ႔ ဆက္ဆံေရးေတြ ေလ်ာ့နည္းလာလို႔ပါ။ ဒါေပမဲ့ အားလုံးထက္ပိုဆိုးတာက ရာႏႈန္းျပည့္ အိမ္ကေန အလုပ္လုပ္တာဟာ သင္ယူမႈအပိုင္းမွာ သတိထားမိေလာက္ေအာင္ ဆိုး႐ြားတဲ့ သက္ေရာက္မႈေတြ ရွိေနတာပါပဲ။ အျပင္မွာ တိုက္႐ိုက္ လမ္းၫႊန္မႈနဲ႔ ထိေရာက္တဲ့ လမ္းျပမႈမ်ိဳး မရွိတဲ့အခါ အလုပ္သစ္ ဝင္လာသူေတြ ဒုကၡေရာက္ၾကရတယ္။ အရင္ကထက္ ပိုၿပီး အလုပ္ထြက္ကုန္ၾကတယ္။ တစ္ကမာၻလုံးအတိုင္းအတာနဲ႔ ၾကည့္ရင္လည္း သင္ယူမႈနဲ႔ ဖြံ႕ၿဖိဳးတိုးတက္မႈေတြ ရပ္တန႔္ေနပုံရပါတယ္။

သုေတသနေတြကလည္း ဒီအေတြ႕အႀကဳံကို ေထာက္ခံထားပါတယ္။ Microsoft ရဲ႕ ေလ့လာမႈတစ္ခုအရ အိမ္ကေန အလုပ္လုပ္တာဟာ အသင္းအဖြဲ႕ေတြကို ပိုၿပီး သီးျခားစီ ျဖစ္ေစၿပီး တက္ႂကြမႈ ေလ်ာ့က်ေစတယ္လို႔ ဆိုပါတယ္။ ဝန္ထမ္းေတြဟာ အသင္းအဖြဲ႕အခ်င္းခ်င္း ဆက္သြယ္မႈ နည္းသြားၿပီး ခ်ိတ္ဆက္မႈ အသစ္ေတြ နည္းပါးလာပါတယ္။ တရားဝင္မဟုတ္တဲ့ စကားေျပာဆိုမႈေတြကေနတစ္ဆင့္ ရရွိႏိုင္တဲ့ အႀကံျပဳခ်က္ေတြ၊ သင္ျပေပးမႈေတြနဲ႔ စိတ္ကူးသစ္ေတြကို ဆုံးရႈံးသြားၾကရပါတယ္။Jotform မွာေတာ့ ႐ုံးျပန္တက္လိုက္တာနဲ႔ ျပန္လည္ေကာင္းမြန္လာတာကို သိသိသာသာ ေတြ႕ခဲ့ရတယ္။ လတ္တေလာ AI နဲ႔ နည္းပညာ တိုးတက္မႈေတြကို ရင္ေဘာင္တန္းႏိုင္ဖို႔နဲ႔ ဝန္ထမ္းေတြကို ေလ့က်င့္ေပးဖို႔လိုမ်ိဳး အျခား စိန္ေခၚမႈေတြ ရွိေနေသးေပမဲ့ ႐ုံးမွာ အတူတူ အလုပ္လုပ္ရတာက ဒီျဖစ္စဥ္ကို ပိုမိုလြယ္ကူသြားေစပါတယ္။ပိုင္စိုးပိုင္နင္း ေျပာသလို ျဖစ္သြားရင္လည္း ခြင့္လႊတ္ပါ။ ဝန္ထမ္းေတြကို ႐ုံးျပန္တက္ခိုင္းတာဟာ သူတို႔ရဲ႕ စိတ္က်န္းမာေရးနဲ႔ ေရရွည္ အသက္ေမြးဝမ္းေက်ာင္း ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ တကယ္ပဲ အက်ိဳးရွိမယ္လို႔ ယုံၾကည္လို႔ပါ။ ဝန္ထမ္းေတြ အဆင္ေျပ တိုးတက္လာတဲ့အခါ ကုမၸဏီေတြလည္း လိုက္ၿပီး တိုးတက္လာတာပါပဲ။

႐ုံးတက္ရတာ ခရီးသြားရတာနဲ႔ တန္ေအာင္ လုပ္ပါ

အဖြဲ႕အစည္းတိုင္းကေတာ့ မိမိတို႔အသင္းေတြအတြက္ အေကာင္းဆုံး မူဝါဒကို ေ႐ြးခ်ယ္ရမွာပါ။ ႐ုံးမွာပဲ အျပည့္အဝ လုပ္ခိုင္းမလား၊ ဒါမွမဟုတ္ Hybrid (႐ုံးတက္လိုက္ အိမ္ကလုပ္လိုက္) စနစ္ပဲ သုံးမလား၊ အတူတူရွိေနတဲ့ အခ်ိန္ေတြကို ထိေရာက္ေအာင္ ဘယ္လိုလုပ္မလဲဆိုတာကိုေတာ့ ေသခ်ာ စဥ္းစားသင့္ပါတယ္။ လူေတြ တကယ္ ဆက္သြယ္မိၾကဖို႔ ပတ္ဝန္းက်င္ေကာင္း ဖန္တီးေပးရပါမယ္။ ႐ုံးခန္းေတြကို အတူတူ အလုပ္လုပ္ႏိုင္တဲ့ ေနရာေတြအျပင္၊ တစ္ေယာက္တည္း သီးသန႔္ အာ႐ုံ စိုက္ အလုပ္လုပ္ခ်င္တဲ့အခါ သြားလို႔ရမယ့္ ေနရာေတြပါ ပါေအာင္ ဒီဇိုင္းဆြဲပါ။ အပတ္စဥ္ အသင္းအဖြဲ႕ ေန႔လယ္စာ စားတာ၊ ေကာ္ဖီေသာက္ ထြက္တာမ်ိဳး ႐ုံးတြင္း ဓေလ့ေလးေတြ ဖန္တီးပါ။ ပိုေကာင္းတာက ဝန္ထမ္းေတြကို ဘယ္လို လႈပ္ရွားမႈမ်ိဳးေတြ ပါဝင္ခ်င္လဲဆိုတာ ေမးျမန္းၿပီး အျခားတာဝန္ရွိသူေတြအတြက္ အဆင္ေျပေအာင္ ပြဲေတြကို အတိုအထြာအျဖစ္သာ ထားရွိေပးပါ။႐ုံးခန္းကို လူေတြ လာခ်င္တဲ့ ေနရာ၊ ပါဝင္ခ်င္တဲ့ အေတြ႕အႀကဳံေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ေနရာတစ္ခုျဖစ္ေအာင္ ဖန္တီးလိုက္ပါ၊ ဒါဆိုရင္ ႐ုံးျပန္တက္ရျခင္းရဲ႕ အက်ိဳးေက်းဇူးေတြက အလိုလို ပါလာပါလိမ့္မယ္။

ေက်ာ့ေကခိုင္

 

 

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*