Retrograde မှာ အချစ်အရေးတွင် အပြင်းထန်ဆုံး ရိုက်ခတ်ခံရမယ့် ရာသီခွင် (၆)ခု

၂၀၂၆ မှာ Pluto၊ Neptune၊ Saturn နဲ့ Chiron ဂြိုဟ် ၄ လုံး ပြိုင်တူ Retrograde (ဂြိုဟ်သွား ပုံမှန်မဟုတ်ဘဲ နောက်ပြန်ဆုတ်တဲ့ကာလ) ဖြစ်နေတာကြောင့် ဘဝက တော်တော်လေး လှုပ်ခါပြီး ရှုပ်ထွေးနေသလို ခံစားရနိုင်ပါတယ်။ Mercury Retrograde အကြောင်းပဲ ခဏခဏ ကြားဖူးကြပေမဲ့ ခုဂြိုဟ်တွေရဲ့ နောက်ပြန်ဆုတ်မှုကလည်း အားမနည်းပါဘူး။ ဒါပေမဲ့ စကြဝဠာက သင့်ကို ခဏလောက် အောင့်အည်းထားဖို့ ပြောနေပါတယ်။ အပြောင်းအလဲတွေ မြန်မြန်ဆန်ဆန် ဖြစ်ပေါ်နေတာဟာ ရေရှည်မှာ သင့်အတွက် ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ သယ်ဆောင်လာပေးဖို့ပါပဲ။

Taurus

Chiron ရဲ့ Retrograde က သင့်ရာသီထဲမှာ ကျရောက်နေတာမို့ ဒီရာသီရဲ့ ရိုက်ခတ်မှုကို အပြင်းထန်ဆုံး ခံစားရမှာပါ။ စင်ဂယ်လ်ပဲဖြ စ်ဖြစ်၊ ချစ်သူရှိပြီးသားပဲဖြစ်ဖြစ် ဒီနွေရာသီမှာ သင့်ချစ်ရေးက အကြီးအကျယ် ပြောင်းလဲသွားပါလိမ့်မယ်။ သင့်နဲ့ မထိုက်တန်တဲ့ ဆက်ဆံရေးမျိုးမှာ သည်းခံပြီး မျိုသိပ်မနေတော့ပါဘူး။”တစ်စုံတစ် ယောက်က သင့်ကို တန်ဖိုးမထားဘဲ ဆက်ဆံနေခဲ့ရင် သင့်ဘက်က စိတ်ကုန်သွားလိမ့်မယ်။ အရင်က ဆွဲကပ်ထားခဲ့တဲ့ သံယောဇဉ်တွေလည်း ဆက်ရှိတော့မှာ မဟုတ်ပါဘူး။ အကယ်၍ ဆင်ဂယ်လ်ဆိုရင်တော့ သင့်အပေါ် လုံးဝခြားနားစွာ ဆက်ဆံပေးပြီး ချစ်ခြင်းမေတ္တာအပေါ် သင့်ရဲ့ အယူအဆကို အသစ်ပြန်ရေးဆွဲပေးမယ့်သူမျိုး ဝင်လာပါလိမ့်မယ်” လို့ ဗေဒင်ဆရာမ Neda က ရှင်းပြထားပါတယ်။

Scorpio

ဗြိစ္ဆာရာသီဖွားတွေအတွက် ၂၀၂၆ နွေရာသီ Retrograde က မလွယ်ကူလှပေမဲ့ အနာဂတ်အတွက်တော့ အတော်လေး အနာသက်သာစေမယ့် ကုစားမှုမျိုး ပေးပါလိမ့်မယ်။နောက်လာမယ့် လအနည်းငယ်အတွင်း တည်ဆောက်မယ့် ပတ်သက်မှုတိုင်းဟာ သင့်ရဲ့ ပုံရိပ်ပြန်ပြတဲ့ မှန်တစ်ချပ်လို ဖြစ်နေပါလိမ့်မယ်။ စိတ်ရင်းမပါတဲ့၊ စိတ်ဓာတ်ပိုင်း မနီးစပ်နိုင်တဲ့သူတွေကို သင်တွယ်ကပ်ခဲ့မိရင် ဘာကြောင့်လဲဆိုတာ သဘောပေါက်သွားပြီး အဲ့ဒီ အမှားစက်ဝန်းကို ရပ်တန့်လိုက်နိုင်ပါလိမ့်မယ်။ဒါဟာ လမ်းခွဲတာမျိုးအထိ ဦးတည်သွားနိုင်ပေမဲ့ အနာဂတ်အတွက် ပိုကောင်းဖို့လို့ ယုံကြည်လိုက်ပါ။ အတိတ်ကို စွန့်လွှတ်လိုက်တာနဲ့ ပိုကောင်းတဲ့သူအတွက် နေရာလွတ် ဖြစ်သွားပါလိမ့်မယ်။ သင့်ကို တကယ်မဖြည့်ဆည်းပေးနိုင်တဲ့သူကို စွန့်လွှတ်လိုက်တာနဲ့ သင်လိုချင်တာတွေ အကုန်ပြည့်စုံတဲ့သူတစ်ယောက် ဝင်လာမှာပါ။

Leo

နေမင်းကြီးရော Jupiter ဂြိုဟ်ပါ သင့်ရာသီထဲမှာ ရှိနေတဲ့အတွက် ကိုယ့်ရဲ့ ပင်ကိုယ်စရိုက်အမှန်အတိုင်း ပိုမိုနေထိုင်လာရတဲ့ ခရီးကို လျှောက်လှမ်းနေရပါတယ်။ ဒီနွေရာသီ ရာသီခွင်အပြောင်းအလဲက အဲ့ဒီဖြစ်စဉ်ကို ပိုမြန်စေပါတယ်။နောက်လာမယ့် လအနည်းငယ်မှာ အဆင်ပြေချင်ယောင် ဆောင်နေတာတွေကို ရပ်တန့်လိုက်တော့မှာပါ။ ခံစားချက်ကို ရိုးရိုးသားသား ထုတ်ဖော်ပြသလာတာနဲ့အမျှ တကယ်ကို အဆင့်အတန်းမြင့်ပြီး ကောင်းမွန်တဲ့ လက်တွဲဖော်တွေကို ဆွဲဆောင်နိုင်လာပါလိမ့်မယ်။ဒါဟာ Dating App တွေမှာ တွေ့တဲ့ အစိမ်းသက်သက် လူမျိုး မဟုတ်ပါဘူး။ မမျှော်လင့်ထားတဲ့ တိတ်တခိုး ချစ်ကြိုက်နေသူတစ်ယောက်က ရှေ့ထွက်လာပြီး ဖွင့်ပြောလာတာမျိုး ဖြစ်နိုင်ပါတယ်။ ကိုယ့်စရိုက်အမှန်ကို ထုတ်ပြလိုက်တာနဲ့ အချစ်ရေးက တဟုန်ထိုး တိုးတက်သွားမှာပါ။

Aquarius

ဝန်ခံချင်သည်ဖြစ်စေ၊ မဝန်ခံချင်သည်ဖြစ်စေ ကုံရာသီဖွားတွေဟာ အချစ်ရေးထဲ ကျရောက်သွားမှာကို ကြောက်နေခဲ့တာပါ။ ရွှေလက်တွဲဖို့ လုပ်ခဲ့ရင်တောင် စိတ်ထဲမှာ ထွက်ပြေးဖို့ သတိပေးနေတဲ့ အသံတစ်ခု အမြဲရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ဒီနွေရာသီမှာတော့ လူတွေ ကိုယ့်ကို စွန့်ခွာသွားလိမ့်မယ်ဆိုတဲ့ တွေးကြောက်မှုကို ရပ်တန့်လိုက်နိုင်တော့မှာပါ။အချစ်ရေးအပေါ် ထားရှိတဲ့ စိုးရိမ်စိတ်နဲ့ ပူပန်မှုတွေကို သင့်ကို ပိတ်လှောင်မထားနိုင်တော့ပါဘူး။ စင်ဂယ်လ်တွေအတွက် သတင်းကောင်းပါပဲ။ စတင်ပတ်သက်ကတည်းက စိတ်ဓာတ်ရေးရာ လုံခြုံမှုအပြည့်ပေးနိုင်တဲ့သူကို ဆွဲဆောင်မိသွားမှာဖြစ်ပြီး အဲ့လိုမျိုး တစ်ခါမှ မကြုံဖူးခဲ့တာမို့ သင်ကိုယ်တိုင်တောင် အံ့အားသင့်သွားရပါလိမ့်မယ်။

Virgo

အချစ်ဆိုတာ ငါနဲ့ မဆိုင်ပါဘူးလို့ ကိုယ့်ကိုယ်ကိုယ် ရိုက်သွင်းထားတာမျိုး ဖြစ်နေနိုင်ပါတယ်။ လူမှန်နဲ့ ဘယ်တော့မှ ဆုံမှာမဟုတ်တော့ဘူး၊ အခွင့်အရေး လွတ်သွားပြီလို့ ထင်နေတာပါ။ ဒါပေမဲ့ ဒီ Retrograde က အဲ့ဒီ အတွေးတွေကို ရိုက်ချိုးပစ်ပါလိမ့်မယ်။သင့်အယူအဆတွေကို လုံးဝပြောင်းလဲပစ်မယ့်သူတစ်ယောက် ဝင်လာတော့မှာပါ။ အဲ့ဒီသူက မွေးရပ်မြေက မဟုတ်ဘဲ အဝေးရောက် အချစ်ရေး (Long-distance relationship) အဖြစ် စတင်နိုင်ပါတယ်။ အရင်ကဆိုရင် ဒါမျိုးကို ချက် ချင်း ငြင်းပယ်မှာဖြစ်ပေမဲ့ ဒီတစ်ကြိမ်တော့ အခွင့်အရေးပေးကြည့်ပါ။ ရေရှည်တည်တံ့မယ့် အချစ်စစ်ကို တွေ့ရှိသွားရနိုင်ပါတယ်။

Capricorn

အတိတ်က ဆက်ဆံရေးတစ်ခုကြောင့် အကြီးအကျယ် ဒဏ်ရာရခဲ့ဖူးတာမို့ အချစ်ရေးမှာ သတိကြီးကြီး ထားနေမိတာပါ။ နှလုံးသားကို သော့ခတ်ပြီး လူတွေကို တွန်းထုတ်ထားခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီဂြိုဟ်တွေ နောက်ပြန်ဆုတ်တဲ့ ကာလက အဲ့ဒီ ကာရံထားတဲ့ နံရံတွေကို အရည်ပျော်ကျသွားစေပါလိမ့်မယ်။စင်ဂယ်လ်ဆိုရင် အချစ်ရေးနဲ့ စာနာမှုတွေအပေါ် ပိုမို ပွင့်လင်းလာပြီး ပွင့်ပွင့်လင်းလင်း ခံစားပြဖို့ ဝံ့ရဲလာပါလိမ့်မယ်။ ချစ်သူရှိပြီးသားဆိုရင်လည်း ပျောက်ဆုံးနေတဲ့ ပျော်ရွှင်မှုနဲ့ အချစ်စိတ်တွေကို ပြန်လည်ရရှိလာမှာပါ။ တခုခု မှားယွင်းသွားမလားဆိုပြီး ပူပန်နေတော့မှာ မဟုတ်ပါဘူး။ သင့်နှလုံးသားက ယုံကြည်ခြင်းဆိုတာကို ပြန်လည်မှတ်မိလာပြီး အချစ်ရေးရဲ့ အရာရာတိုင်း ပြောင်းလဲသွားပါလိမ့်မယ်။

ကျော့ကေခိုင်

zawgyi

၂၀၂၆ မွာ Pluto၊ Neptune၊ Saturn နဲ႔ Chiron ၿဂိဳဟ္ ၄ လုံး ၿပိဳင္တူ Retrograde (ၿဂိဳဟ္သြား ပုံမွန္မဟုတ္ဘဲ ေနာက္ျပန္ဆုတ္တဲ့ကာလ) ျဖစ္ေနတာေၾကာင့္ ဘဝက ေတာ္ေတာ္ေလး လႈပ္ခါၿပီး ရႈပ္ေထြးေနသလို ခံစားရႏိုင္ပါတယ္။ Mercury Retrograde အေၾကာင္းပဲ ခဏခဏ ၾကားဖူးၾကေပမဲ့ ခုၿဂိဳဟ္ေတြရဲ႕ ေနာက္ျပန္ဆုတ္မႈကလည္း အားမနည္းပါဘူး။ ဒါေပမဲ့ စၾကဝဠာက သင့္ကို ခဏေလာက္ ေအာင့္အည္းထားဖို႔ ေျပာေနပါတယ္။ အေျပာင္းအလဲေတြ ျမန္ျမန္ဆန္ဆန္ ျဖစ္ေပၚေနတာဟာ ေရရွည္မွာ သင့္အတြက္ ေကာင္းမြန္တဲ့ အက်ိဳးေက်းဇူးေတြ သယ္ေဆာင္လာေပးဖို႔ပါပဲ။

Taurus

Chiron ရဲ႕ Retrograde က သင့္ရာသီထဲမွာ က်ေရာက္ေနတာမို႔ ဒီရာသီရဲ႕ ႐ိုက္ခတ္မႈကို အျပင္းထန္ဆုံး ခံစားရမွာပါ။ စင္ဂယ္လ္ပဲျဖ စ္ျဖစ္၊ ခ်စ္သူရွိၿပီးသားပဲျဖစ္ျဖစ္ ဒီေႏြရာသီမွာ သင့္ခ်စ္ေရးက အႀကီးအက်ယ္ ေျပာင္းလဲသြားပါလိမ့္မယ္။ သင့္နဲ႔ မထိုက္တန္တဲ့ ဆက္ဆံေရးမ်ိဳးမွာ သည္းခံၿပီး မ်ိဳသိပ္မေနေတာ့ပါဘူး။”တစ္စုံတစ္ ေယာက္က သင့္ကို တန္ဖိုးမထားဘဲ ဆက္ဆံေနခဲ့ရင္ သင့္ဘက္က စိတ္ကုန္သြားလိမ့္မယ္။ အရင္က ဆြဲကပ္ထားခဲ့တဲ့ သံေယာဇဥ္ေတြလည္း ဆက္ရွိေတာ့မွာ မဟုတ္ပါဘူး။ အကယ္၍ ဆင္ဂယ္လ္ဆိုရင္ေတာ့ သင့္အေပၚ လုံးဝျခားနားစြာ ဆက္ဆံေပးၿပီး ခ်စ္ျခင္းေမတၱာအေပၚ သင့္ရဲ႕ အယူအဆကို အသစ္ျပန္ေရးဆြဲေပးမယ့္သူမ်ိဳး ဝင္လာပါလိမ့္မယ္” လို႔ ေဗဒင္ဆရာမ Neda က ရွင္းျပထားပါတယ္။

Scorpio

ၿဗိစာၦရာသီဖြားေတြအတြက္ ၂၀၂၆ ေႏြရာသီ Retrograde က မလြယ္ကူလွေပမဲ့ အနာဂတ္အတြက္ေတာ့ အေတာ္ေလး အနာသက္သာေစမယ့္ ကုစားမႈမ်ိဳး ေပးပါလိမ့္မယ္။ေနာက္လာမယ့္ လအနည္းငယ္အတြင္း တည္ေဆာက္မယ့္ ပတ္သက္မႈတိုင္းဟာ သင့္ရဲ႕ ပုံရိပ္ျပန္ျပတဲ့ မွန္တစ္ခ်ပ္လို ျဖစ္ေနပါလိမ့္မယ္။ စိတ္ရင္းမပါတဲ့၊ စိတ္ဓာတ္ပိုင္း မနီးစပ္ႏိုင္တဲ့သူေတြကို သင္တြယ္ကပ္ခဲ့မိရင္ ဘာေၾကာင့္လဲဆိုတာ သေဘာေပါက္သြားၿပီး အဲ့ဒီ အမွားစက္ဝန္းကို ရပ္တန႔္လိုက္ႏိုင္ပါလိမ့္မယ္။ဒါဟာ လမ္းခြဲတာမ်ိဳးအထိ ဦးတည္သြားႏိုင္ေပမဲ့ အနာဂတ္အတြက္ ပိုေကာင္းဖို႔လို႔ ယုံၾကည္လိုက္ပါ။ အတိတ္ကို စြန႔္လႊတ္လိုက္တာနဲ႔ ပိုေကာင္းတဲ့သူအတြက္ ေနရာလြတ္ ျဖစ္သြားပါလိမ့္မယ္။ သင့္ကို တကယ္မျဖည့္ဆည္းေပးႏိုင္တဲ့သူကို စြန႔္လႊတ္လိုက္တာနဲ႔ သင္လိုခ်င္တာေတြ အကုန္ျပည့္စုံတဲ့သူတစ္ေယာက္ ဝင္လာမွာပါ။

Leo

ေနမင္းႀကီးေရာ Jupiter ၿဂိဳဟ္ပါ သင့္ရာသီထဲမွာ ရွိေနတဲ့အတြက္ ကိုယ့္ရဲ႕ ပင္ကိုယ္စ႐ိုက္အမွန္အတိုင္း ပိုမိုေနထိုင္လာရတဲ့ ခရီးကို ေလွ်ာက္လွမ္းေနရပါတယ္။ ဒီေႏြရာသီ ရာသီခြင္အေျပာင္းအလဲက အဲ့ဒီျဖစ္စဥ္ကို ပိုျမန္ေစပါတယ္။ေနာက္လာမယ့္ လအနည္းငယ္မွာ အဆင္ေျပခ်င္ေယာင္ ေဆာင္ေနတာေတြကို ရပ္တန႔္လိုက္ေတာ့မွာပါ။ ခံစားခ်က္ကို ႐ိုး႐ိုးသားသား ထုတ္ေဖာ္ျပသလာတာနဲ႔အမွ် တကယ္ကို အဆင့္အတန္းျမင့္ၿပီး ေကာင္းမြန္တဲ့ လက္တြဲေဖာ္ေတြကို ဆြဲေဆာင္ႏိုင္လာပါလိမ့္မယ္။ဒါဟာ Dating App ေတြမွာ ေတြ႕တဲ့ အစိမ္းသက္သက္ လူမ်ိဳး မဟုတ္ပါဘူး။ မေမွ်ာ္လင့္ထားတဲ့ တိတ္တခိုး ခ်စ္ႀကိဳက္ေနသူတစ္ေယာက္က ေရွ႕ထြက္လာၿပီး ဖြင့္ေျပာလာတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ ကိုယ့္စ႐ိုက္အမွန္ကို ထုတ္ျပလိုက္တာနဲ႔ အခ်စ္ေရးက တဟုန္ထိုး တိုးတက္သြားမွာပါ။

Aquarius

ဝန္ခံခ်င္သည္ျဖစ္ေစ၊ မဝန္ခံခ်င္သည္ျဖစ္ေစ ကုံရာသီဖြားေတြဟာ အခ်စ္ေရးထဲ က်ေရာက္သြားမွာကို ေၾကာက္ေနခဲ့တာပါ။ ေ႐ႊလက္တြဲဖို႔ လုပ္ခဲ့ရင္ေတာင္ စိတ္ထဲမွာ ထြက္ေျပးဖို႔ သတိေပးေနတဲ့ အသံတစ္ခု အၿမဲရွိေနခဲ့ပါတယ္။ ဒါေပမဲ့ ဒီေႏြရာသီမွာေတာ့ လူေတြ ကိုယ့္ကို စြန႔္ခြာသြားလိမ့္မယ္ဆိုတဲ့ ေတြးေၾကာက္မႈကို ရပ္တန႔္လိုက္ႏိုင္ေတာ့မွာပါ။အခ်စ္ေရးအေပၚ ထားရွိတဲ့ စိုးရိမ္စိတ္နဲ႔ ပူပန္မႈေတြကို သင့္ကို ပိတ္ေလွာင္မထားႏိုင္ေတာ့ပါဘူး။ စင္ဂယ္လ္ေတြအတြက္ သတင္းေကာင္းပါပဲ။ စတင္ပတ္သက္ကတည္းက စိတ္ဓာတ္ေရးရာ လုံၿခဳံမႈအျပည့္ေပးႏိုင္တဲ့သူကို ဆြဲေဆာင္မိသြားမွာျဖစ္ၿပီး အဲ့လိုမ်ိဳး တစ္ခါမွ မႀကဳံဖူးခဲ့တာမို႔ သင္ကိုယ္တိုင္ေတာင္ အံ့အားသင့္သြားရပါလိမ့္မယ္။

Virgo

အခ်စ္ဆိုတာ ငါနဲ႔ မဆိုင္ပါဘူးလို႔ ကိုယ့္ကိုယ္ကိုယ္ ႐ိုက္သြင္းထားတာမ်ိဳး ျဖစ္ေနႏိုင္ပါတယ္။ လူမွန္နဲ႔ ဘယ္ေတာ့မွ ဆုံမွာမဟုတ္ေတာ့ဘူး၊ အခြင့္အေရး လြတ္သြားၿပီလို႔ ထင္ေနတာပါ။ ဒါေပမဲ့ ဒီ Retrograde က အဲ့ဒီ အေတြးေတြကို ႐ိုက္ခ်ိဳးပစ္ပါလိမ့္မယ္။သင့္အယူအဆေတြကို လုံးဝေျပာင္းလဲပစ္မယ့္သူတစ္ေယာက္ ဝင္လာေတာ့မွာပါ။ အဲ့ဒီသူက ေမြးရပ္ေျမက မဟုတ္ဘဲ အေဝးေရာက္ အခ်စ္ေရး (Long-distance relationship) အျဖစ္ စတင္ႏိုင္ပါတယ္။ အရင္ကဆိုရင္ ဒါမ်ိဳးကို ခ်က္ ခ်င္း ျငင္းပယ္မွာျဖစ္ေပမဲ့ ဒီတစ္ႀကိမ္ေတာ့ အခြင့္အေရးေပးၾကည့္ပါ။ ေရရွည္တည္တံ့မယ့္ အခ်စ္စစ္ကို ေတြ႕ရွိသြားရႏိုင္ပါတယ္။

Capricorn

အတိတ္က ဆက္ဆံေရးတစ္ခုေၾကာင့္ အႀကီးအက်ယ္ ဒဏ္ရာရခဲ့ဖူးတာမို႔ အခ်စ္ေရးမွာ သတိႀကီးႀကီး ထားေနမိတာပါ။ ႏွလုံးသားကို ေသာ့ခတ္ၿပီး လူေတြကို တြန္းထုတ္ထားခဲ့ဖူးပါတယ္။ ဒါေပမဲ့ ဒီၿဂိဳဟ္ေတြ ေနာက္ျပန္ဆုတ္တဲ့ ကာလက အဲ့ဒီ ကာရံထားတဲ့ နံရံေတြကို အရည္ေပ်ာ္က်သြားေစပါလိမ့္မယ္။စင္ဂယ္လ္ဆိုရင္ အခ်စ္ေရးနဲ႔ စာနာမႈေတြအေပၚ ပိုမို ပြင့္လင္းလာၿပီး ပြင့္ပြင့္လင္းလင္း ခံစားျပဖို႔ ဝံ့ရဲလာပါလိမ့္မယ္။ ခ်စ္သူရွိၿပီးသားဆိုရင္လည္း ေပ်ာက္ဆုံးေနတဲ့ ေပ်ာ္႐ႊင္မႈနဲ႔ အခ်စ္စိတ္ေတြကို ျပန္လည္ရရွိလာမွာပါ။ တခုခု မွားယြင္းသြားမလားဆိုၿပီး ပူပန္ေနေတာ့မွာ မဟုတ္ပါဘူး။ သင့္ႏွလုံးသားက ယုံၾကည္ျခင္းဆိုတာကို ျပန္လည္မွတ္မိလာၿပီး အခ်စ္ေရးရဲ႕ အရာရာတိုင္း ေျပာင္းလဲသြားပါလိမ့္မယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*