အခုအချိန်ကနေ ၂၀၂၆ အောက်တိုဘာ ၁၅ ရက်နေ့အထိ Pluto Retrograde (ပလူတိုဂြိုဟ်ရဲ့ နောက်ပြန်သွားခြင်း) ကာလမှာ အရင်က အဆင်မပြေမှုတွေကို ဖယ်ရှားပြီး အသစ်တွေကို လက်ခံဖို့ အခွင့်အရေးကောင်းတစ်ခု ဖြစ်လာပါလိမ့်မယ်။ နက္ခတ်ဗေဒင်ပညာရှင် Helena Hathor ရဲ့အဆိုအရ အောက်ပါ ရာသီခွင် (၄) ခုအတွက် တကယ့်ကို အရေးပါတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့ ရှိပါတယ်။
Capricorn
ငွေကြေးပိုင်းဆိုင်ရာမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခုနဲ့ ကြုံတွေ့ရပါမယ်။ ဒါဟာ ကိုယ့်ရဲ့ပိုင်ဆိုင်မှုနဲ့ ငွေကြေးအပေါ်ထားတဲ့ အမြင်တွေကို ပြန်လည်ဆန်းသစ်မယ့်အချိန်ပါ။ ကိုယ့်အတွက် အကျိုးမရှိတဲ့ အရာတွေ၊ စိတ်ပင်ပန်းစေတဲ့ အလုပ်တွေ ဒါမှမဟုတ် အဆိပ်အတောက်ဖြစ်စေတဲ့ သူငယ်ချင်းတွေကို ဖယ်ရှားလိုက်တာက အကောင်းဆုံးပါပဲ။ ဒါမှသာ ပိုမိုပေါများကြွယ်ဝတဲ့ ဘဝကို ဆွဲဆောင်နိုင်မှာပါ။
Aquarius
Pluto က သင့်ရာသီခွင်ထဲမှာပဲ နောက်ပြန်သွားနေတာကြောင့် ဒီစွမ်းအင်ကို အပြင်းထန်ဆုံး ခံစားရမယ့်သူက သင်ပါပဲ။ သင့်ဘဝကို တိုးတက်မှုမရှိအောင် ပိတ်ပင်ထားသူတွေ၊ သင့်ရဲ့စွမ်းအင်ကို လျော့ကျစေသူတွေကို သင့်ဘဝထဲကနေ ဖယ်ထုတ်လိုက်ဖို့ လိုအပ်ပါတယ်။ ပထမတော့ ခက်ခဲနိုင်ပေမယ့် ဒီလိုရှင်းထုတ်လိုက်ခြင်းအားဖြင့် သင်ဟာ ပိုပြီးတောက်ပလာပါလိမ့်မယ်။
Gemini
သင့်ဘဝမှာ ငြီးငွေ့စရာကောင်းတဲ့ ကာလတွေ ကုန်ဆုံးပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အချိန်တွေ ရောက်လာပါပြီ။ ကမ္ဘာလုံးဆိုင်ရာ အခွင့်အလမ်းသစ်တွေ ပွင့်လာဖို့ရှိပြီး သင်ပြောတဲ့စကား၊ လုပ်တဲ့အလုပ်တွေက လူအများရဲ့ စိတ်ဝင်စားမှုကို ရရှိလာပါလိမ့်မယ်။ အပြောင်းအလဲတွေက မြန်ဆန်နေပေမယ့် ဒါဟာ သင်မျှော်လင့်နေတဲ့ အကောင်းဆုံးသော အပြောင်းအလဲတွေပါပဲ။
Cancer
ဝင်ငွေရလမ်းပိုင်းမှာ မျှော်လင့်ထားတဲ့ အပြောင်းအလဲတွေ ဖြစ်လာပါတော့မယ်။ အထူးသဖြင့် နည်းပညာ နဲ့ AI (Artificial Intelligence) ကို အသုံးချပြီး အလုပ်ကို ပိုမိုထိရောက်အောင် လုပ်ဆောင်နိုင်လာပါလိမ့်မယ်။ မလိုအပ်တဲ့ ကိစ္စတွေကို လျှော့ချပြီး အလုပ်ကို စနစ်တကျ လုပ်ကိုင်မယ်ဆိုရင် ဒီကာလအတွင်း ငွေကြေးဆိုင်ရာ အောင်မြင်မှုတွေ သေချာပေါက် ရရှိလာပါလိမ့်မယ်။
ကျော့ကေခိုင်
zawgyi
အခုအခ်ိန္ကေန ၂၀၂၆ ေအာက္တိုဘာ ၁၅ ရက္ေန႔အထိ Pluto Retrograde (ပလူတိုၿဂိဳဟ္ရဲ႕ ေနာက္ျပန္သြားျခင္း) ကာလမွာ အရင္က အဆင္မေျပမႈေတြကို ဖယ္ရွားၿပီး အသစ္ေတြကို လက္ခံဖို႔ အခြင့္အေရးေကာင္းတစ္ခု ျဖစ္လာပါလိမ့္မယ္။ နကၡတ္ေဗဒင္ပညာရွင္ Helena Hathor ရဲ႕အဆိုအရ ေအာက္ပါ ရာသီခြင္ (၄) ခုအတြက္ တကယ့္ကို အေရးပါတဲ့ အေျပာင္းအလဲေတြ ျဖစ္ေပၚလာဖို႔ ရွိပါတယ္။
Capricorn
ေငြေၾကးပိုင္းဆိုင္ရာမွာ ႀကီးမားတဲ့ အေျပာင္းအလဲတစ္ခုနဲ႔ ႀကဳံေတြ႕ရပါမယ္။ ဒါဟာ ကိုယ့္ရဲ႕ပိုင္ဆိုင္မႈနဲ႔ ေငြေၾကးအေပၚထားတဲ့ အျမင္ေတြကို ျပန္လည္ဆန္းသစ္မယ့္အခ်ိန္ပါ။ ကိုယ့္အတြက္ အက်ိဳးမရွိတဲ့ အရာေတြ၊ စိတ္ပင္ပန္းေစတဲ့ အလုပ္ေတြ ဒါမွမဟုတ္ အဆိပ္အေတာက္ျဖစ္ေစတဲ့ သူငယ္ခ်င္းေတြကို ဖယ္ရွားလိုက္တာက အေကာင္းဆုံးပါပဲ။ ဒါမွသာ ပိုမိုေပါမ်ားႂကြယ္ဝတဲ့ ဘဝကို ဆြဲေဆာင္ႏိုင္မွာပါ။
Aquarius
Pluto က သင့္ရာသီခြင္ထဲမွာပဲ ေနာက္ျပန္သြားေနတာေၾကာင့္ ဒီစြမ္းအင္ကို အျပင္းထန္ဆုံး ခံစားရမယ့္သူက သင္ပါပဲ။ သင့္ဘဝကို တိုးတက္မႈမရွိေအာင္ ပိတ္ပင္ထားသူေတြ၊ သင့္ရဲ႕စြမ္းအင္ကို ေလ်ာ့က်ေစသူေတြကို သင့္ဘဝထဲကေန ဖယ္ထုတ္လိုက္ဖို႔ လိုအပ္ပါတယ္။ ပထမေတာ့ ခက္ခဲႏိုင္ေပမယ့္ ဒီလိုရွင္းထုတ္လိုက္ျခင္းအားျဖင့္ သင္ဟာ ပိုၿပီးေတာက္ပလာပါလိမ့္မယ္။
Gemini
သင့္ဘဝမွာ ၿငီးေငြ႕စရာေကာင္းတဲ့ ကာလေတြ ကုန္ဆုံးၿပီး စိတ္လႈပ္ရွားစရာေကာင္းတဲ့ အခ်ိန္ေတြ ေရာက္လာပါၿပီ။ ကမာၻလုံးဆိုင္ရာ အခြင့္အလမ္းသစ္ေတြ ပြင့္လာဖို႔ရွိၿပီး သင္ေျပာတဲ့စကား၊ လုပ္တဲ့အလုပ္ေတြက လူအမ်ားရဲ႕ စိတ္ဝင္စားမႈကို ရရွိလာပါလိမ့္မယ္။ အေျပာင္းအလဲေတြက ျမန္ဆန္ေနေပမယ့္ ဒါဟာ သင္ေမွ်ာ္လင့္ေနတဲ့ အေကာင္းဆုံးေသာ အေျပာင္းအလဲေတြပါပဲ။
Cancer
ဝင္ေငြရလမ္းပိုင္းမွာ ေမွ်ာ္လင့္ထားတဲ့ အေျပာင္းအလဲေတြ ျဖစ္လာပါေတာ့မယ္။ အထူးသျဖင့္ နည္းပညာ နဲ႔ AI (Artificial Intelligence) ကို အသုံးခ်ၿပီး အလုပ္ကို ပိုမိုထိေရာက္ေအာင္ လုပ္ေဆာင္ႏိုင္လာပါလိမ့္မယ္။ မလိုအပ္တဲ့ ကိစၥေတြကို ေလွ်ာ့ခ်ၿပီး အလုပ္ကို စနစ္တက် လုပ္ကိုင္မယ္ဆိုရင္ ဒီကာလအတြင္း ေငြေၾကးဆိုင္ရာ ေအာင္ျမင္မႈေတြ ေသခ်ာေပါက္ ရရွိလာပါလိမ့္မယ္။
ေက်ာ့ေကခိုင္
Leave a Reply