ကိုယ်ပိုင်လုပ်ငန်းစတင်လုပ်ကိုင်သူတစ်ယောက်၊ ဒါမှမဟုတ်ရာထူးမြင့်တဲ့အလုပ်ရှာဖွေနေသူတစ်ယောက်အနေနဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေနဲ့ချိတ်ဆက်ထားနိုင်ခြင်းဟာ ကိုယ့်အတွက်အခွင့်အ လမ်းကောင်းတွေရရှိဖို့အကောင်းဆုံးနည်းလမ်းတွေထဲကနည်းလမ်းတစ်ခုပါ။ သူက Network ကောင်းတယ်၊အချိတ်အဆက်ကောင်းတယ်၊ ဒါကြောင့်ကိုယ်တွေထက်သာတယ် ဆိုတာမျိုးကြားဖူးကြမှာပါ။ Network ကောင်းကောင်းတည်ဆောက်ထားနိုင်ဖို့က အလုပ်လုပ်နေသူ၊စီးပွားရေးလုပ်နေသူတိုင်းအတွက်မဖြစ်မနေလိုအပ်ချက်တစ်ခုပါ။ဒီလို Network တည်ဆောက်နိုင်ဖို့အတွက် ဘယ်လိုမှန်မှန်ကန်ကန်ချိတ်ဆက်ရမလဲဆိုတာ အချက် ၆ ချက်နဲ့ဖော်ပြပေးချင်ပါတယ်။
၆၀ စက္ကန့်ထက်မကျော်သောမိတ်ဆက်ခြင်း Networking Event တွေသွားရမှာ၊ ကိုယ့်အကြောင်းကိုယ်ပြောဆိုရမှာကို လန့်နေတတ်တယ်၊ပြောဆိုဖို့အသားမကျသေးဘူးဆိုရင် ကြိုတင်ပြင်ဆင်ခြင်းနဲ့ပဲဒါကိုဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ကိုယ့်ရဲ့သမိုင်းကြောင်း၊ လုပ်ငန်းအတွေ့အကြုံ၊ မျှော်မှန်းချက်တွေကို ၆၀ စက္ကန့်ထက်မပိုစေဘဲတစ်ဖက်လူစိတ်ဝင်စားအောင်ပြောဆိုနိုင်ရပါမယ်။ ပွဲတွေသွားတိုင်း ကိုယ်ကဒီလိုစတင်မိတ်ဆက်လေ့ရှိတယ်ဆိုရင် ကြာလာတဲ့အခါသဘာဝကျကျမိတ်ဆက်ပြောဆိုတတ်လာမှာဖြစ်ပါတယ်။စိတ်ဝင်စားဖို့ကောင်းတဲ့မေးခွန်းတွေမေးပါကိုယ့်အနေနဲ့ တခြားသောကျွမ်း ကျင်ပညာရှင်တွေနဲ့ခင်မင်ဖို့အတွက်မေးခွန်းကောင်းလေးတွေမေးတတ်ဖို့လိုအပ်ပါတယ်။ ကိုယ်က ကုမ္ပဏီတစ်ခု၊လုပ်ငန်းတစ်ခုကိုစိတ်ဝင်စားနေပေမယ့် ကိုယ်နဲ့ကိုက်ညီမှုရှိ၊မရှိ သိချင်တယ်ဆိုရင်အဲဒီလုပ်ငန်းမှာလက်ရှိလုပ်နေသူကို မေးမြန်းဆွေးနွေးနိုင်ပါတယ်။ သူတို့အဖြေကိုနားထောင်ပြီးကိုယ်လုပ်နိုင်၊မလုပ်နိုင်ကို ဆုံးဖြတ်နိုင်ပါတယ်။
ဆက်ဆံရေးတည်ဆောက်ဖို့အာရုံစိုက်ပါ
တချို့တွေက လုပ်ငန်းရှင်တွေ၊ ကျွမ်းကျင်သူတွေစုစည်းနေကြတဲ့ပွဲကိုတက်ရောက်ပေမယ့်အခမ်းအ နားအစီအစဉ်ကိုပဲအာရုံစိုက်ထားတတ်ပါတယ်။ ပွဲအစီအစဉ်ကိုထိုင်ကြည့်နေမယ့်အစားလုပ်ငန်းရှင်တွေ၊ ကျွမ်းကျင်သူတွေနဲ့ စကားပြောဖြစ်ဖို့၊ ဆက်ဆံရေးတည်ဆောက်မိဖို့ကိုပိုပြီးတော့အာရုံစိုက်သင့်ပါတယ်။
Social Media မှာလည်းချိတ်ဆက်ထားပါ
အခမ်းအနားမှာတွေ့ရချိန်မှာ စကားတွေအများကြီးပြောဖြစ်ဖို့မလွယ်ပါဘူး။ ဒါကြောင့်ဆိုရှယ်မီဒီယာမှာလည်း မိတ်ဆွေဖွဲ့ထား ၊Connect လုပ်ထားပါ။ အဲဒီကနေသူတို့ရဲ့လုပ်ဆောင်ချက်တွေကိုလည်းစောင့်ကြည့်နိုင်ပါတယ်။ သူတို့ရဲ့ Post တွေအောက်မှာအဓိပ္ပါယ်ရှိတဲ့အကြံ ဉာဏ်လေးတွေပေးလေ့ရှိတယ်ဆိုရင် ကိုယ့်ကိုသတိထားမိလာပါလိမ့်မယ်။ကိုယ့်ရဲ့ကိုယ်ပိုင်လုပ်ငန်း (သို့မဟုတ်) ကိုယ်လုပ်နိုင်တဲ့အရာ၊ စိတ်ဝင်စားတဲ့အရာတွေကို Post တင်တဲ့အခါမှာလည်း သူတို့မြင်တွေ့နိုင်တာမို့ ကိုယ့်ကိုပိုရင်းနှီးသိရှိလာစေနိုင်ပါတယ်။
ဦးတည်ချက်ရှိပါစေ
ကိုယ်က Network တည်ဆောက်ဖို့ ညီလာခံတွေ၊ ကုန်ပစ္စည်းပြပွဲတွေ၊အခမ်းအနားတွေအများကြီးကိုတက်ရောက်နေတယ်ဆိုရင် အချိန်တစ်ခုရောက်လာတဲ့အခါပင်ပန်းလာပြီး ကိုယ့်အတွက်တကယ်အသုံးကျမယ့်ချိတ်ဆက်မှုကထင်သလောက်မရတာတွေ့ရပါလိမ့်မယ်။ဒါကြောင့် ကိုယ်လုပ်တဲ့အ လုပ်နယ်ပယ်နဲ့ သက်ဆိုင်တဲ့၊ ဆက်နွယ်တဲ့အခမ်းအနားတွေကိုပဲ သေချာလေးရွေးချယ်တက်ရောက်စေချင်ပါတယ်။
ဆင့်ပွားချိတ်ဆက်ပေးပါ
ကိုယ့်လိုပဲ Networking အတွက်လာရောက်သူတွေကိုလည်း ကိုယ်သိနှင့်ပြီးသားလုပ်ငန်းရှင်တွေနဲ့မိတ်ဆက်ပေးသင့်ပါတယ်။LinkedIn မှာလည်း ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်ကိုကောင်းတဲ့မှတ်ချက်တွေရေးပေးတာ၊ ကိုယ်သိတဲ့ Professional နှစ်ယောက်လောက်ရှိတယ်ဆိုရင်မိတ်ဆွေကို Connect လုပ်နိုင်ဖို့ညွှန်းပေးတာစတာတွေနဲ့ကူညီနိုင်ပါတယ်။ဒီလိုချိတ်ဆက်ကူညီရင်းနဲ့ ကိုယ့်ရဲ့နာမည်ဂုဏ်သတင်းလည်းတက်လာမှာဖြစ်ပါတယ်နော်။အားလုံးပဲကောင်းမွန်မှန်ကန်တဲ့ချိတ်ဆက်မှုတွေနဲ့ ပန်းတိုင်ဆီအမြန်ဆုံးရောက်ရှိနိုင်ကြပါစေ။
JuJu
zawgyi
ကိုယ္ပိုင္လုပ္ငန္းစတင္လုပ္ကိုင္သူတစ္ေယာက္၊ ဒါမွမဟုတ္ရာထူးျမင့္တဲ့အလုပ္ရွာေဖြေနသူတစ္ေယာက္အေနနဲ႔ စြန႔္ဦးတီထြင္လုပ္ငန္းရွင္ေတြနဲ႔ခ်ိတ္ဆက္ထားႏိုင္ျခင္းဟာ ကိုယ့္အတြက္အခြင့္အ လမ္းေကာင္းေတြရရွိဖို႔အေကာင္းဆုံးနည္းလမ္းေတြထဲကနည္းလမ္းတစ္ခုပါ။ သူက Network ေကာင္းတယ္၊အခ်ိတ္အဆက္ေကာင္းတယ္၊ ဒါေၾကာင့္ကိုယ္ေတြထက္သာတယ္ ဆိုတာမ်ိဳးၾကားဖူးၾကမွာပါ။ Network ေကာင္းေကာင္းတည္ေဆာက္ထားႏိုင္ဖို႔က အလုပ္လုပ္ေနသူ၊စီးပြားေရးလုပ္ေနသူတိုင္းအတြက္မျဖစ္မေနလိုအပ္ခ်က္တစ္ခုပါ။ဒီလို Network တည္ေဆာက္ႏိုင္ဖို႔အတြက္ ဘယ္လိုမွန္မွန္ကန္ကန္ခ်ိတ္ဆက္ရမလဲဆိုတာ အခ်က္ ၆ ခ်က္နဲ႔ေဖာ္ျပေပးခ်င္ပါတယ္။
၆၀ စကၠန႔္ထက္မေက်ာ္ေသာမိတ္ဆက္ျခင္း Networking Event ေတြသြားရမွာ၊ ကိုယ့္အေၾကာင္းကိုယ္ေျပာဆိုရမွာကို လန႔္ေနတတ္တယ္၊ေျပာဆိုဖို႔အသားမက်ေသးဘူးဆိုရင္ ႀကိဳတင္ျပင္ဆင္ျခင္းနဲ႔ပဲဒါကိုေျဖရွင္းႏိုင္မွာျဖစ္ပါတယ္။ကိုယ့္ရဲ႕သမိုင္းေၾကာင္း၊ လုပ္ငန္းအေတြ႕အႀကဳံ၊ ေမွ်ာ္မွန္းခ်က္ေတြကို ၆၀ စကၠန႔္ထက္မပိုေစဘဲတစ္ဖက္လူစိတ္ဝင္စားေအာင္ေျပာဆိုႏိုင္ရပါမယ္။ ပြဲေတြသြားတိုင္း ကိုယ္ကဒီလိုစတင္မိတ္ဆက္ေလ့ရွိတယ္ဆိုရင္ ၾကာလာတဲ့အခါသဘာဝက်က်မိတ္ဆက္ေျပာဆိုတတ္လာမွာျဖစ္ပါတယ္။စိတ္ဝင္စားဖို႔ေကာင္းတဲ့ေမးခြန္းေတြေမးပါကိုယ့္အေနနဲ႔ တျခားေသာကြၽမ္း က်င္ပညာရွင္ေတြနဲ႔ခင္မင္ဖို႔အတြက္ေမးခြန္းေကာင္းေလးေတြေမးတတ္ဖို႔လိုအပ္ပါတယ္။ ကိုယ္က ကုမၸဏီတစ္ခု၊လုပ္ငန္းတစ္ခုကိုစိတ္ဝင္စားေနေပမယ့္ ကိုယ္နဲ႔ကိုက္ညီမႈရွိ၊မရွိ သိခ်င္တယ္ဆိုရင္အဲဒီလုပ္ငန္းမွာလက္ရွိလုပ္ေနသူကို ေမးျမန္းေဆြးေႏြးႏိုင္ပါတယ္။ သူတို႔အေျဖကိုနားေထာင္ၿပီးကိုယ္လုပ္ႏိုင္၊မလုပ္ႏိုင္ကို ဆုံးျဖတ္ႏိုင္ပါတယ္။
ဆက္ဆံေရးတည္ေဆာက္ဖို႔အာ႐ုံစိုက္ပါ
တခ်ိဳ႕ေတြက လုပ္ငန္းရွင္ေတြ၊ ကြၽမ္းက်င္သူေတြစုစည္းေနၾကတဲ့ပြဲကိုတက္ေရာက္ေပမယ့္အခမ္းအ နားအစီအစဥ္ကိုပဲအာ႐ုံစိုက္ထားတတ္ပါတယ္။ ပြဲအစီအစဥ္ကိုထိုင္ၾကည့္ေနမယ့္အစားလုပ္ငန္းရွင္ေတြ၊ ကြၽမ္းက်င္သူေတြနဲ႔ စကားေျပာျဖစ္ဖို႔၊ ဆက္ဆံေရးတည္ေဆာက္မိဖို႔ကိုပိုၿပီးေတာ့အာ႐ုံစိုက္သင့္ပါတယ္။
Social Media မွာလည္းခ်ိတ္ဆက္ထားပါ
အခမ္းအနားမွာေတြ႕ရခ်ိန္မွာ စကားေတြအမ်ားႀကီးေျပာျဖစ္ဖို႔မလြယ္ပါဘူး။ ဒါေၾကာင့္ဆိုရွယ္မီဒီယာမွာလည္း မိတ္ေဆြဖြဲ႕ထား ၊Connect လုပ္ထားပါ။ အဲဒီကေနသူတို႔ရဲ႕လုပ္ေဆာင္ခ်က္ေတြကိုလည္းေစာင့္ၾကည့္ႏိုင္ပါတယ္။ သူတို႔ရဲ႕ Post ေတြေအာက္မွာအဓိပၸါယ္ရွိတဲ့အႀကံ ဉာဏ္ေလးေတြေပးေလ့ရွိတယ္ဆိုရင္ ကိုယ့္ကိုသတိထားမိလာပါလိမ့္မယ္။ကိုယ့္ရဲ႕ကိုယ္ပိုင္လုပ္ငန္း (သို႔မဟုတ္) ကိုယ္လုပ္ႏိုင္တဲ့အရာ၊ စိတ္ဝင္စားတဲ့အရာေတြကို Post တင္တဲ့အခါမွာလည္း သူတို႔ျမင္ေတြ႕ႏိုင္တာမို႔ ကိုယ့္ကိုပိုရင္းႏွီးသိရွိလာေစႏိုင္ပါတယ္။
ဦးတည္ခ်က္ရွိပါေစ
ကိုယ္က Network တည္ေဆာက္ဖို႔ ညီလာခံေတြ၊ ကုန္ပစၥည္းျပပြဲေတြ၊အခမ္းအနားေတြအမ်ားႀကီးကိုတက္ေရာက္ေနတယ္ဆိုရင္ အခ်ိန္တစ္ခုေရာက္လာတဲ့အခါပင္ပန္းလာၿပီး ကိုယ့္အတြက္တကယ္အသုံးက်မယ့္ခ်ိတ္ဆက္မႈကထင္သေလာက္မရတာေတြ႕ရပါလိမ့္မယ္။ဒါေၾကာင့္ ကိုယ္လုပ္တဲ့အ လုပ္နယ္ပယ္နဲ႔ သက္ဆိုင္တဲ့၊ ဆက္ႏြယ္တဲ့အခမ္းအနားေတြကိုပဲ ေသခ်ာေလးေ႐ြးခ်ယ္တက္ေရာက္ေစခ်င္ပါတယ္။
ဆင့္ပြားခ်ိတ္ဆက္ေပးပါ
ကိုယ့္လိုပဲ Networking အတြက္လာေရာက္သူေတြကိုလည္း ကိုယ္သိႏွင့္ၿပီးသားလုပ္ငန္းရွင္ေတြနဲ႔မိတ္ဆက္ေပးသင့္ပါတယ္။LinkedIn မွာလည္း ကိုယ့္ရဲ႕လုပ္ေဖာ္ကိုင္ဖက္ကိုေကာင္းတဲ့မွတ္ခ်က္ေတြေရးေပးတာ၊ ကိုယ္သိတဲ့ Professional ႏွစ္ေယာက္ေလာက္ရွိတယ္ဆိုရင္မိတ္ေဆြကို Connect လုပ္ႏိုင္ဖို႔ၫႊန္းေပးတာစတာေတြနဲ႔ကူညီႏိုင္ပါတယ္။ဒီလိုခ်ိတ္ဆက္ကူညီရင္းနဲ႔ ကိုယ့္ရဲ႕နာမည္ဂုဏ္သတင္းလည္းတက္လာမွာျဖစ္ပါတယ္ေနာ္။အားလုံးပဲေကာင္းမြန္မွန္ကန္တဲ့ခ်ိတ္ဆက္မႈေတြနဲ႔ ပန္းတိုင္ဆီအျမန္ဆုံးေရာက္ရွိႏိုင္ၾကပါေစ။
JuJu
Leave a Reply