Tom Hanks ကသူ့ရဲ့ ရုပ်ပုံများနဲ့ လှည့်စားထားတဲ့ AI ကြော်ငြာများကြောင့် အရူးလုပ်မခံရဖို့ သတိပေး

Tom Hanks ကသူ့ရဲ့ ရုပ်ပုံသဏ္ဍာန်ကို အသုံးပြုပြီး AI ကနေဖန်တီးထားတဲ့ရုပ်ပုံနဲ့လိမ်လည်ထားတဲ့ ကြော်ငြာတွေကို သတိထားဖို့အတွက် ဆိုရှယ်မီဒီယာကနေ သူ့ရဲ့ follower တွေကို တိပေးချက်ထုတ်ပြန်ထားပါတယ်။အင်တာနက်ပေါ်မှာ ကျနော့်နာမည်၊ ပုံသဏ္ဍာန်နဲ့ အံ့ဖွယ်ကုသနည်းတွေ၊အံ့သြဖွယ်ဆေးဝါးတွေကို အတုအယောင်သုံးပြီး ကြော်ငြာတွေ အများကြီးရှိတယ်လို့ Hanksက သူ့ရဲ့ Instagram စာမျက်နှာမှာ ကြာသပတေးနေ့က ရေးသားခဲ့ပါတယ်။ဒီကြော်ငြာများကို ကျွန်ုပ်ရဲ့သဘောဆန္ဒမပါဘဲ လိမ်လည်ပြီး AI ကတစ်ဆင့် ဖန် တီးထားတာပါသူကဒီပို့စ်များ သို့မဟုတ် ထုတ်ကုန်များနဲ့ ကုသနည်းများ ဒါမှမဟုတ် ဒီကုထုံးများအကြောင်းဘာမှမသက်ဆိုင်ကြောင်း” သူက ဆက်ပြောပါတယ်။

အမျိုးအစားနှစ် ဆီးချိုရောဂါရှိကြောင်း ပွင့်ပွင့်လင်းလင်းပြောဖူးတဲ့ မင်းသားကြီးကသူ့ရဲ့ကုသမှုနဲ့ပတ်သက်ပြီး သူ့ရဲ့ဘုတ်အဖွဲ့ကနေအသိ အမှတ်ပြုဆရာဝန်နဲ့သာ ကုသတယ်လို့ဝန်ခံထားပါတယ်။“အလိမ်မခံပါနဲ့။ ခက်ခက်ခဲခဲရထားတဲ့ငွေတွေကို မဆုံးရှုံးပါစေနဲ့” လို့ သတိပေးခဲ့ပါတယ်။ Tennessee ပြည်နယ်မှာတော့ ပြီးခဲ့တဲ့လက စတင်အသက်ဝင်ခဲ့တဲ့ The Ensuring Likeness Voice and Image Security Act, ဒါမှမဟုတ် ELVIS Act လို့ခေါ်တဲ့ ရုပ်ပုံ ဒါမှမဟုတ် အသံတို့ကိုအတုခိုးထားတဲ့ အကြောင်းအရာများကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်းမှကာကွယ်ဖို့ရည်ရည်တယ်တဲ့ ဥပဒေတရပ်ကို မကြာသေးမီက ပြဋ္ဌာန်းခဲ့ပါတယ်။

MYit

zawgyi

Tom Hanks ကသူ႔ရဲ႕ ႐ုပ္ပုံသ႑ာန္ကို အသုံးျပဳၿပီး AI ကေနဖန္တီးထားတဲ့႐ုပ္ပုံနဲ႔လိမ္လည္ထားတဲ့ ေၾကာ္ျငာေတြကို သတိထားဖို႔အတြက္ ဆိုရွယ္မီဒီယာကေန သူ႔ရဲ႕ follower ေတြကို တိေပးခ်က္ထုတ္ျပန္ထားပါတယ္။အင္တာနက္ေပၚမွာ က်ေနာ့္နာမည္၊ ပုံသ႑ာန္နဲ႔ အံ့ဖြယ္ကုသနည္းေတြ၊အံ့ၾသဖြယ္ေဆးဝါးေတြကို အတုအေယာင္သုံးၿပီး ေၾကာ္ျငာေတြ အမ်ားႀကီးရွိတယ္လို႔ Hanksက သူ႔ရဲ႕ Instagram စာမ်က္ႏွာမွာ ၾကာသပေတးေန႔က ေရးသားခဲ့ပါတယ္။ဒီေၾကာ္ျငာမ်ားကို ကြၽႏ္ုပ္ရဲ႕သေဘာဆႏၵမပါဘဲ လိမ္လည္ၿပီး AI ကတစ္ဆင့္ ဖန္ တီးထားတာပါသူကဒီပို႔စ္မ်ား သို႔မဟုတ္ ထုတ္ကုန္မ်ားနဲ႔ ကုသနည္းမ်ား ဒါမွမဟုတ္ ဒီကုထုံးမ်ားအေၾကာင္းဘာမွမသက္ဆိုင္ေၾကာင္း” သူက ဆက္ေျပာပါတယ္။

အမ်ိဳးအစားႏွစ္ ဆီးခ်ိဳေရာဂါရွိေၾကာင္း ပြင့္ပြင့္လင္းလင္းေျပာဖူးတဲ့ မင္းသားႀကီးကသူ႔ရဲ႕ကုသမႈနဲ႔ပတ္သက္ၿပီး သူ႔ရဲ႕ဘုတ္အဖြဲ႕ကေနအသိ အမွတ္ျပဳဆရာဝန္နဲ႔သာ ကုသတယ္လို႔ဝန္ခံထားပါတယ္။“အလိမ္မခံပါနဲ႔။ ခက္ခက္ခဲခဲရထားတဲ့ေငြေတြကို မဆုံးရႈံးပါေစနဲ႔” လို႔ သတိေပးခဲ့ပါတယ္။ Tennessee ျပည္နယ္မွာေတာ့ ၿပီးခဲ့တဲ့လက စတင္အသက္ဝင္ခဲ့တဲ့ The Ensuring Likeness Voice and Image Security Act, ဒါမွမဟုတ္ ELVIS Act လို႔ေခၚတဲ့ ႐ုပ္ပုံ ဒါမွမဟုတ္ အသံတို႔ကိုအတုခိုးထားတဲ့ အေၾကာင္းအရာမ်ားကို ခြင့္ျပဳခ်က္မရွိဘဲ အသုံးျပဳျခင္းမွကာကြယ္ဖို႔ရည္ရည္တယ္တဲ့ ဥပေဒတရပ္ကို မၾကာေသးမီက ျပ႒ာန္းခဲ့ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*