ကိုယ့်အကြောင်းကို elevator pitch လုပ်ဖို့ ဘယ်လိုရေးမလဲ

တစ်ခါတရံမှာ ကိုယ့်ကိုကိုယ် ပေါ်လွင်အောင်လုပ်ဖို့ စက္ကန့်သုံးဆယ်ပဲအချိန်ရနိုင်ပါတယ်။ဒီနေရာမှာ elevator pitch ဆိုတာကို အနည်း ငယ်ပြောပြချင်ပါတယ်။ ဓာတ်လှေကားထဲမှာလူတယောက်နဲ့ တွေ့တဲ့အချိန်မှာ၊ အလုပ်ရှင်တယောက်နဲ့တွေ့တဲ့အချိန်မှာ၊စီးပွားရေးသမားတယောက်နဲ့တွေ့တဲ့အချိန်မှာ ကိုယ့်က သူ့ကိုချဉ်းကပ်ဖို့အတွက်စကားစမြည်ပြောဖို့ အတွက် အချိန်ကလည်း ဓာတ်လှေကားတထောက် စာလောက်စက္ကန့်ပိုင်းလောက် အချိန်ရမယ်ဆိုရင် ကိုယ့်အကြောင်းကိုယ် ဘယ်လိုပြောမလဲ။လိုရင်တိုရှင်းထပ်တောင် တိုတိုကျစ်ကျစ်ဖြစ်ဖို့နဲ့ ထိထိရောက်ရောက်ဖြစ်ဖို့ကို elevator pitch လို့သုံးကြပါတယ်။ ပထမဆုံးစတွေ့တဲ့အချိန်မှာ first impression ကောင်းဖို့အတွက်နဲ့
စိတ်ဝင်စားအောင်ပြောတတ်ဖို့က elevator pitch နည်းလမ်းကိုသုံးရပါမယ်။အခုဖော်ပြမယ့်အချက်တွေကတော့ ကိုယ့်အကြောင်းကို elevator pitch နည်းလမ်းသုံးပြီး ဘယ်လိုရေးမလဲဆိုတာပါပဲ။သင့်ကိုယ်ရေးကိုယ်တာအဆိုပြုချက်ကို ဖန်တီးရန် ဤအဆင့်ငါးဆင့်ကို လိုက်နာပါ။

သင်ဘယ်သူလဲဆိုတာရှင်းပြပါ

သင့်ကိုယ်သင် မိတ်ဆက်ခြင်းနဲ့(သင့်အမည်နဲ့ လက်ရှိအလုပ်အကိုင်) စတင်ပါ။ ပြီးရင်တော့သင့်ကိုယ်သင် ထပ်လောင်းဖော်ပြဖို့အတွက် အဓိကရှင်းလင်းချက်စကားလုံးတချို့ကို ရှာဖွေပါ။သင့်ရဲ့စကားလုံးရွေးချယ်မှုက အပြောင်းအလဲဖြစ်စေနိုင်ပါတယ်။

သင်ဘာလိုချင်လဲဆိုတာရှင်းပြပါ

ပြီးရင်တော့ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင်သွားပါ။ မင်းရဲ့ startup အတွက်ရန်ပုံငွေရှာနေတာဖြစ်စေ၊ အလုပ်ထဲရာထူးတက်ဖို့အတွက် ပြောတာဖြစ်စေ လူတွေကပွင့်လင်းမြင်သာမှုကို သဘောကျကြတယ်၊ ဒါကြောင့် ရိုးရိုးသားသားရှိခြင်းကသင့်ကိုချက်ချင်းပဲ သတိပြုမိစေပါတယ်။

သင့်ကိုထူးခြားစေတဲ့အရာကို ရှင်းပြပါ

သင်ရဲ့ထူးခြားတဲ့အချက်က ဘာလဲဆိုတာကို သင်ကိုယ်တိုင်သိမြင်နိုင်ပါမှကိုယ့်ကိုယ်ကိုယ်ရောင်းတဲ့အခါမှာ သင်ရောင်းချနေတဲ့အရာရဲ့ အားသာချက်၊ အားနည်းချက်ကိုသင်သိနိုင်ပါလိမ့်မယ်။ သင်ဖန်တီးလုပ်ဆောင်ခဲ့တဲ့ ထူးခြားတဲ့ ထုတ်ကုန်တခုခု၊ပရောဂျက်တခုခုစတဲ့ စိတ်ဝင်စားစရာကောင်းတဲ့အချက်တခုကိုထုတ်ဖော်ပြောပါ။

သင်ရေးထားတာကို တည်းဖြတ်ပါ

တည်းဖြတ်ခြင်းက သင့်အချက်အလက်များကို စုစည်းစေပြီး အရေးကြီးဆုံးအပိုင်းများသာကျန်ရှိတော့ကြောင်း သေချာစေပါတယ်။ သဒ္ဒါနဲ့ စာလုံးပေါင်းအမှားများကလည်းပရော်ဖက်ရှင်နယ်မပီသဘူးလို့ ထင်ရတာကြောင့် သင့်အလုပ်မှာ အမှားအယွင်းမရှိရင်ပိုမိုကောင်း မွန်ပါတယ်။ အထင်ကြီးမှုလည်း ရရှိနိုင်ပါတယ်။ဒီအကြောင်းအရာတွေကို နှုတ်နဲ့ပြောရမယ်ဆိုပါက ဒီအချက်တွေက ထောက်မနေစေဖို့
အသံထွက်ဖတ်ကြည့်ဖို့လိုပါတယ်။ ရှုပ်ထွေးတဲ့စာကြောင်းများနဲ့ ရှုပ်ထွေးနေတဲ့ ဆိုလိုရှင်းတွေမဖြစ်စေဖို့အတွက် အကြိမ်များစွာ အသံ ထွက်ဖတ်ဖို့လိုပါတယ်။

MYit

zawgyi










MYit

Be the first to comment

Leave a Reply

Your email address will not be published.


*