အလုပ်မှာ လူလျှော့တဲ့စာရင်းထဲပါသွားရင် လုပ်သင့်တဲ့အချက်(၅)ချက်
ကပ်ဘေးကြောင့်ပဲဖြစ်ဖြစ်၊ စီးပွားရေးအခြေအနေကြောင့်ပဲဖြစ်ဖြစ် အလုပ်တွေကလူလျှော့ဖို့လိုတာတဲ့အချိန်တွေရှိတတ်ပါတယ်။ ကိုယ်ကတော့အကောင်းဆုံးကြိုးစားရဲ့သားနဲ့ကံမကောင်းစွာပဲ ကိုယ့်ရဲ့နာမည်က အဲဒီစာရင်းထဲပါသွားခဲ့ရင် မင်းဘက်က ဘာလုပ်မလဲ။ဒီအ ချက်တွေကတော့ ဒီအချိန်မှာလုပ်သင့်တဲ့အချိန်တွေပဲဖြစ်ပါတယ်။
ထိခိုက်မှုနည်းတဲ့စက်မှုလုပ်ငန်းမှာ အလုပ်အကိုင်အခွင့်အလမ်းများကိုရှာဖွေတာ
စီးပွားရေးကပ်ဘေး၊ သဘာဝကပ်ဘေးတွေမှာ ဘယ်လုပ်ငန်းတွေက အထိအခိုက်နည်းမလဲ။ဘယ်လုပ်ငန်းက ရေရှည်တည်မြဲနိုင်မလဲဆိုတာကို ရှာဖွေပါ။ ပြီးတော့သင့်ရဲ့အလုပ်အကိုင်ရှာဖွေမှုကို စတင်လိုက်ပါ။ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေနဲ့အသုံးအဆောင်လုပ် ငန်းတွေက ဒီလိုကပ်ဘေးအခြေအနေတွေမှာလည်း ရှင်သန်နိုင်ပြီးပြတ်တောက်မှုတွေကြုံရနိုင်ချေနည်းပါတယ်။ဒါကြောင့်သင့်ကိုကောင်း မွန်တဲ့အလုပ်အကိုင်လုံခြုံရေးပေးနိုင်ပါတယ်။
Freelance လုပ်တာ
သင့်ရဲ့ကျွမ်းကျင်မှုပေါ်မူတည်ပြီး အလွတ်တန်းလုပ်တာကသင့်အတွက်ရွေးချယ်စရာဖြစ်လာနိုင်ပါတယ်။ အမြဲတမ်းဝန်ထမ်းအဖြစ်ထက်
ရေတိုပရောဂျက်များအတွက် သင့်ကိုငှားရမ်းဖို့ အဖွဲ့အစည်းများအတွက်ဈေးသက်သာနိုင်ပါတယ်။ လုံလောက်တဲ့အလုပ်တွေတွဲလုပ်နိုင်ရင်အမြဲတမ်းအလုပ်တခုမရလည်း ကိစ္စမရှိနိုင်တဲ့အခြေအနေဖြစ်စေပါတယ်။
သင်ရဲ့အရည်အချင်းများကို ချဲ့ထွင်တာ
အလုပ်အကိုင်တွေရှားပါးနေတဲ့အချိန်အတွင်းမှာ သင်အလုပ်လက်မဲဖြစ်နေတာကကျောင်းပြန်တက်ဖို့ ဒါမှမဟုတ်ပရောက်ဖက်ရှင်နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်အကောင်းဆုံးအချိန်ဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ကျွမ်းကျင်မှုအတွက် အခမဲ့လေ့လာနိုင်တဲ့ပညာရေးဝက်ဆိုက်တွေကိုရှာဖွေပြီးလေ့လာနိုင်ပါတယ်။
မျှော်လင့်ချက်မပျက်ပါနဲ့
“စီးပွားရေးကျဆင်းမှုမှာ အလုပ်ပြုတ်သွားမလား” လို့ ကိုယ့်ကိုယ်ကို မေးတာက သင့်ကိုစိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်စေနိုင်ပါတယ်။ ဒါပေမယ့် မလိုပါဘူး။ သတင်းအချက်အလက်ကစွမ်းအားဖြစ်ပြီး စီးပွားရေးကျဆင်းမှုများအကြောင်း သင်ပိုမိုလေ့လာလေလိုက်လျောညီထွေဖြစ်ဖို့ လွယ်ကူလာလေလောပါပဲ။
အလုပ်လက်မဲ့အကျိုးခံစားခွင့်များအတွက် လျှောက်ထားတာ
ဒီအချက်ကတော့ ဘယ်သူနဲ့မှအကျုံးမဝင်နိုင်ပါဘူး။ ဒါပေမဲ့ တချို့နိုင်ငံတွေမှာတော့အစိုးရကနေ သူတို့နိုင်ငံသားတွေအပေါ်မှာ ဒီလိုဥပ ဒေမျိုး၊ မူဝါဒမျိုးနဲ့အလုပ်လက်မဲ့အခြေအနေတွေမှာ ကူညီပေးတာရှိပါတယ်။ဒီလိုအချိန်မှာသင့်အတွက် အကောင်းဆုံးအလောင်းအစားကတော့ သင့်ရဲ့အလုပ်ရှင်အတွက်သင့်ကိုယ်သင့်တန်ဖိုးမဖြတ်နိုင်စေဖို့ပါပဲ။ အပြုသဘောဆောင်တဲ့ သဘောထားနဲ့အရည်အချင်းများကို ချဲ့ထွင်ပြီးလိုက်လျောညီထွေဖြစ်အောင်နေပါ။တကယ်လို့သင့်ရဲ့အလုပ်က အလုပ်ကနေလျှော့ချတာတွေလုပ်ဆောင်မယ်ဆို ဒီအဆင့်များကသင့်ကိုကာကွယ်ပေးနိုင်ပါတယ်။
MYit
zawgyi
Freelance လုပ်တာ
MYit
Be the first to comment
Leave a Reply
Your email address will not be published.
*