စင်ကာပူမှာ ဖျော်ဖြေပွဲလုပ်မယ့် ပေါ့ပ်စတား Dua Lipa

အဆိုတော် Dua Lipa က စင်ကာပူ မိုးလုံလေလုံအားကစားကွင်းမှာ နိုဝင်ဘာ ၆ရက်နေ့မှာဖျော်ဖြေမယ်လို့ သိရပါတယ်။အဆိုတော်က သူမရဲ့ Radical Optimism Tour ရဲ့ အာရှတစိတ်တပိုင်းအနေနဲ့ နိုဝင်ဘာ ၆ရက်နေ့မှာ စင်ကာပူမိုးလုံလေလုံအားကစားကွင်းမှာ ဖျော် ဖြေမှာဖြစ်ပါတယ်။ နောက်ပြီးဂျာကာတာ၊ မနီလာ၊ တိုကျိုနဲ့ တိုင်ပေမြို့များမှာလည်း ဖျော်ဖြေပွဲများပြုလုပ်သွားမှာဖြစ်ပါတယ်။လက် မှတ်စျေးနှုန်းများကို မကြေငြာရသေးပေမဲ့ Amex ကတ်ကိုင်ဆောင်သူများအတွက် ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီကနေ ဇွန်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအထိကြိုတင်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

Lipa က ၂၀၁၈ ခုနှစ်တုန်းက စင်ကာပူမှာ နှစ်ကြိမ်ဖျော်ဖြေခဲ့ပြီး တစ်ကြိမ်ကတော့ The Star Theatre မှာ တကိုယ်တော်ရှိုးပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ နောက်တကြိမ်ကတော့ Singapore Grand Prix ဖျော်ဖြေရေးအစီအစဉ်မှာ တစိတ်တပိုင်းအဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။အသက်၂၈ နှစ်အရွယ်အဆိုတော်လည်းဖြစ် တေးရေးဆရာလည်းဖြစ်တဲ့ သူမကို Barbie (2023)ရုပ်ရှင်ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ Dance The Night သီချင်းနဲ့ လူသိများပါတယ်။ Lipa က ဂရမ်မီဆု ၃ ဆုရရှိထားသူလည်းဖြစ်ပါတယ်။

MYit

zawgyi

အဆိုေတာ္ Dua Lipa က စင္ကာပူ မိုးလုံေလလုံအားကစားကြင္းမွာ ႏိုဝင္ဘာ ၆ရက္ေန႔မွာေဖ်ာ္ေျဖမယ္လို႔ သိရပါတယ္။အဆိုေတာ္က သူမရဲ႕ Radical Optimism Tour ရဲ႕ အာရွတစိတ္တပိုင္းအေနနဲ႔ ႏိုဝင္ဘာ ၆ရက္ေန႔မွာ စင္ကာပူမိုးလုံေလလုံအားကစားကြင္းမွာ ေဖ်ာ္ ေျဖမွာျဖစ္ပါတယ္။ ေနာက္ၿပီးဂ်ာကာတာ၊ မနီလာ၊ တိုက်ိဳနဲ႔ တိုင္ေပၿမိဳ႕မ်ားမွာလည္း ေဖ်ာ္ေျဖပြဲမ်ားျပဳလုပ္သြားမွာျဖစ္ပါတယ္။လက္ မွတ္ေစ်းႏႈန္းမ်ားကို မေၾကျငာရေသးေပမဲ့ Amex ကတ္ကိုင္ေဆာင္သူမ်ားအတြက္ ဇြန္လ ၁၀ ရက္ေန႔ နံနက္ ၁၀ နာရီကေန ဇြန္လ ၁၁ ရက္ေန႔ နံနက္ ၁၀ နာရီအထိႀကိဳတင္ေရာင္းခ်ေပးသြားမယ္လို႔ သိရပါတယ္။

Lipa က ၂၀၁၈ ခုႏွစ္တုန္းက စင္ကာပူမွာ ႏွစ္ႀကိမ္ေဖ်ာ္ေျဖခဲ့ၿပီး တစ္ႀကိမ္ကေတာ့ The Star Theatre မွာ တကိုယ္ေတာ္ရႈိးပြဲျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ေနာက္တႀကိမ္ကေတာ့ Singapore Grand Prix ေဖ်ာ္ေျဖေရးအစီအစဥ္မွာ တစိတ္တပိုင္းအျဖစ္ ပါဝင္ခဲ့တာျဖစ္ပါတယ္။အသက္၂၈ ႏွစ္အ႐ြယ္အဆိုေတာ္လည္းျဖစ္ ေတးေရးဆရာလည္းျဖစ္တဲ့ သူမကို Barbie (2023)႐ုပ္ရွင္ရဲ႕ သီခ်င္းတပုဒ္ျဖစ္တဲ့ Dance The Night သီခ်င္းနဲ႔ လူသိမ်ားပါတယ္။ Lipa က ဂရမ္မီဆု ၃ ဆုရရွိထားသူလည္းျဖစ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*