Queen of Tears ရဲ့မင်းသမီးနေရာအတွက် ပထမဆုံးကမ်းလှမ်းခံခဲ့ရတဲ့ IU

Queen of Tears ရဲ့ဇာတ်ကောင် ဟယ်အင်းနေရာမှာ သရုပ်ဆောင်ဖို့အတွက် အဆိုတော်နဲ့သရုပ်ဆောင် IU က ပထမဆုံးကမ်းလှမ်းခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာ Queen of Tears ဟာ လူကြည့်အများဆုံးစီးရီးထဲမှာပါဝင်နေပြီး ကြည့်ရှုသူ 1.88 ဘီလျံအထိ
ရှိနေတာဖြစ်ပါတယ်။ လက်ရှိမှာ ဟယ်အင်းနေရာမှာသရုပ်ဆောင်တဲ့မင်းသမီး ကင်မ်ဂျီဝမ်ဟာပေါ်ြပူလာအဖြစ်ဆုံးအနုပညာရှင်အဖြစ်ရပ်တည်နေပါတယ်။ ကိုရီးယားမီဒီယာတွေရဲ့ဖော်ပြချက်အရ 2022 ခုနစ်၊ ဧပြီမှာ Queen of Tears ရိုက်ကူးဖို့အစပျိုးခဲ့ပြီး ဇာတ်ညွှန်းဆရာမဘတ်ဂျီအမ်ကဇာတ်ဆောင်မင်းသမီးနေရာမှာ IU ကိုရည်မှန်းထားခဲ့တာဖြစ်တယ်လို့ဖော်ပြကြပါတယ်။

IU အနေနဲ့ဒါကိုလက်ခံခဲ့ရင် မင်းသားကင်မ်ဆိုဟွန်း၊ ဇာတ်ညွှန်းဆရာမဘတ်ဂျီအမ်တို့နဲ့ဒုတိယအကြိမ်တွေ့ဆုံမှု ဖြစ်သွားမှာပါ။ သူတို့ဟာ The Producers မှာတုန်းကအတူအလုပ်လုပ်ခဲ့ကြဖူးပါတယ်။ IU က ဒီဇာတ်ကားကိုငြင်းလိုက်တဲ့အတွက်ကင်မ်ဂျီဝမ်နဲ့ရိုက်ကူးဖြစ်ခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ကင်မ်ဂျီဝမ်ရဲ့ပီပြင်တဲ့သရုပ်ဆောင်ချက်တွေက ဟယ်အင်းဇာတ်ကောင်ကို အပြည့်အဝလွှမ်းမိုးအရယူသွားနိုင်ပြီ ဖြစ်ပါတယ်။

Ju Ju

zawgyi

Queen of Tears ရဲ႕ဇာတ္ေကာင္ ဟယ္အင္းေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ အဆိုေတာ္နဲ႔သ႐ုပ္ေဆာင္ IU က ပထမဆုံးကမ္းလွမ္းခံခဲ့ရတာျဖစ္တယ္လို႔သိရပါတယ္။လက္ရွိမွာ Queen of Tears ဟာ လူၾကည့္အမ်ားဆုံးစီးရီးထဲမွာပါဝင္ေနၿပီး ၾကည့္ရႈသူ 1.88 ဘီလ်ံအထိ
ရွိေနတာျဖစ္ပါတယ္။ လက္ရွိမွာ ဟယ္အင္းေနရာမွာသ႐ုပ္ေဆာင္တဲ့မင္းသမီး ကင္မ္ဂ်ီဝမ္ဟာေပၚျပဴလာအျဖစ္ဆုံးအႏုပညာရွင္အျဖစ္ရပ္တည္ေနပါတယ္။ ကိုရီးယားမီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ 2022 ခုနစ္၊ ဧၿပီမွာ Queen of Tears ႐ိုက္ကူးဖို႔အစပ်ိဳးခဲ့ၿပီး ဇာတ္ၫႊန္းဆရာမဘတ္ဂ်ီအမ္ကဇာတ္ေဆာင္မင္းသမီးေနရာမွာ IU ကိုရည္မွန္းထားခဲ့တာျဖစ္တယ္လို႔ေဖာ္ျပၾကပါတယ္။

IU အေနနဲ႔ဒါကိုလက္ခံခဲ့ရင္ မင္းသားကင္မ္ဆိုဟြန္း၊ ဇာတ္ၫႊန္းဆရာမဘတ္ဂ်ီအမ္တို႔နဲ႔ဒုတိယအႀကိမ္ေတြ႕ဆုံမႈ ျဖစ္သြားမွာပါ။ သူတို႔ဟာ The Producers မွာတုန္းကအတူအလုပ္လုပ္ခဲ့ၾကဖူးပါတယ္။ IU က ဒီဇာတ္ကားကိုျငင္းလိုက္တဲ့အတြက္ကင္မ္ဂ်ီဝမ္နဲ႔႐ိုက္ကူးျဖစ္ခဲ့တာျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ကင္မ္ဂ်ီဝမ္ရဲ႕ပီျပင္တဲ့သ႐ုပ္ေဆာင္ခ်က္ေတြက ဟယ္အင္းဇာတ္ေကာင္ကို အျပည့္အဝလႊမ္းမိုးအရယူသြားႏိုင္ၿပီ ျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*