ဘီယွန်းဆေးရဲ့အသစ်ထွက်မယ့်အယ်လ်ဘမ်ကို Cowboy Carter လို့နာမည်ပေး

ဘီယွန်းဆေးရဲ့အသစ်ထွက်မယ့်တေးအယ်လ်ဘမ်ကို Cowboy Carter လို့နာမည်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒီအယ်လ်ဘမ်မှာ Country သီချင်းတွေအဓိကပါဝင်မှာဖြစ်ပါတယ်။ဒါဟာ Three Act Project ရဲ့ Act II ဖန်တီးမှုဖြစ်ပါတယ်။ သူမဟာ 2022 ခုနစ်က Act 1 : Renaissance Album ကိုထုတ်ခဲ့ပြီးဖြစ်ပါတယ်။ Cowboy Carter Album အတွက် အကြိုသီချင်းမိတ်ဆက်မှုအနေနဲ့ Texas Hold Em နဲ့ 16 Carriages စတဲ့သီချင်းနှစ်ပုဒ်ထွက်ရှိလာခဲ့ပြီးပါပြီ။

Texas Hold Em ဟာ Billboard Hot 100 မှာနံပါတ် 1 ချိတ်ခဲ့ပြီး ဒါဟာဘီယွန်းဆေးရဲ့ Single သီချင်းတွေထဲမှာ 9 ပုဒ်မြောက်နံပါတ်တစ်ချိတ်ခြင်းလည်းဖြစ်ပါတယ်။ သူမရဲ့ Three Act Project ကိုကိုဗစ်ကာလမှာကတည်းကစတင်ခဲ့ပြီး သုံးနှစ်ကြာပြင်ဆင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ Cowboy Carter ဟာ ဘီယွန်ဆေးရဲ့ 8 ချပ်မြောက်စတူဒီယိုအယ်လ်ဘမ်ဖြစ်ပြီး 2024 ခုနစ်၊ မတ်လ 29 ရက်နေ့မှာထွက်ရှိလာတော့မှာဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*