စိတ်ဖိစီးစရာမလိုဘဲ နေ့စဉ်အလုပ်ဘယ်လိုရှာမလဲ – အပိုင်း (၁)
အလုပ်ရှာရတာက သင့်အတွက် စိတ်ဖိစီးစရာ၊ စိတ်ပူပန်စရာတွေဖြစ်စေမှာ အမှန်ပါပဲ။အလုပ်တခုရဖို့က ဒီအချက်တွေကို လိုက်နာမယ်ဆိုရင် သင့်အတွက်အလုပ်ရှာဖွေရေးလမ်းစဉ်က အများကြီးမခက်ခဲနိုင်ပါဘူး။အခွင့်အလမ်းဂျာနယ်ပရိသတ်လေးတွေအတွက် ဒီအချက်တွေက အလုပ်ရှာဖွေတဲ့အခါမှာသင့်ရဲ့စိတ်ဖိစီးမှုကို အများကြီးလျှော့ချပေးနိုင်ပါလိမ့်မယ်။ မိမိကိုယ်ကို အကဲဖြတ်ခြင်း သင့်ကိုယ်သင် မေးခွန်းတွေများများမေးခြင်းက ကိုယ်တိုင်အကဲဖြတ်ဖို့အတွက်လုပ်ဆောင်မှုပထမအဆင့်ဖြစ်ပြီး အင်မတန်ရိုးရှင်ပါတယ်။ ဒီမေးခွန်းတွေကသင်ဘယ်သူဘယ်ဝါဖြစ်ကြောင်းနဲ့ သင်ဘာလုပ်ချင်လဲ၊ သင်ဘာတွေစိတ်ဝင်စားလဲဆိုတာကိုသိသာစေနိုင်ပါတယ်။ ကိုယ်ဘာလိုချင်သလဲဆိုတာကို ကိုယ်တိုင်သိမှအလုပ်ရှာဖွေရေးလမ်းစဉ်က မြန်ဆန်နိုင်မှာဖြစ်ပြီးသင်ဘာတွေလိုအပ်နေသလဲဆိုတာသေချာသိမှလည်း အဲဒီလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်မှာဖြစ်ပါတယ်။ […]