အချိန်နည်းပြီး အလုပ်များတဲ့ ပရော်ဖက်ရှင်နယ်တွေအတွက် ကုန်ထုတ်စွမ်းအားတက်စေမယ့် အချက် (၃)ချက်
ကနေ့ကမ္ဘာကြီးမှာ ကြီးမားတဲ့ စိန်ခေါ်မှုကတော့ ကုန်ထုတ်စွမ်းအားပဲဖြစ်ပါတယ်။သိပ္ပံနဲ့ကုန်ထုတ်လုပ်မှုဆိုင်ရာကျွမ်းကျင်သူများကတော့ အချိန်တိုအတွင်းအလုပ်ပြီးမြောက်အောင် လုပ်နိုင်တဲ့ အချက်ကို အကြံပြုမျှဝေထားပါတယ်။ လေ့ကျင့်ခန်းတစ်ခုခုလုပ်ပါ အချိန်းနည်းပါတယ်ဆိုမှ လေ့ကျင့်ခန်းလာလုပ်ခိုင်းနေတယ်လို့ မမြင်ပါနဲ့နော်။ တခါတလေမှာလေ့ကျင့်ခန်းလုပ်ဖို့ နာရီဝက်လောက်အချိန်ပေးလိုက်တာက သာမန် တနာရီလုပ်ရမယ့်အလုပ်ကိုမိနစ် ၂၀လောက်နဲ့လုပ်လို့ရသွားနိုင်ပါတယ်။ လေ့ကျင့်ခန်းက ကုန်ထုတ်စွမ်းအားအတွက်အံ့ဩစရာကောင်းလောက်အောင် အထောက်အကူဖြစ်စေပါတယ်။ အာရုံစူးစိုက်နိုင်စွမ်း၊ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်း၊ မှတ်ဉာဏ်နဲ့ စွမ်းဆောင်ရည်တွေကို တိုးတက်စေပါတယ်။ဒါတင်မကဘဲ စိတ်ခံစားချက်၊ […]