ကျွန်မတို့တွေဟာ ကျောင်းပြီးလို့လုပ်ငန်းခွင်စဝင်ချိန်မှာ အလုပ်ကလူတွေကြောင့်စိတ်ထိခိုက်မှုကြုံရနိုင်သလို ဘဝတစ်လျှောက်လုံး ကိုယ့်ကိုစိတ်ထိခိုက်အောင်လုပ်သူတွေနဲ့တစ်ကွေ့မဟုတ်တစ်ကွေ့မှာ ကြုံရဦးမှာပဲဖြစ်ပါတယ်။ ရင့်ကျက်လာတဲ့တစ်နေ့မှာတော့ ကျွန်မတို့တွေဟာပတ်ဝန်းကျင်ကြောင့်စိတ်ထိခိုက်ရမှုနည်းပါးလာမှာဖြစ်သလို အရင်လောက်အချိန်ကြာကြာစိတ်ထိခိုက်ခံစားမနေတော့တာကိုလည်း သတိပြုမိလာမှာပါ။ ကိုယ်ဟာဒီလိုကိုယ့်ကိုစိတ်ထိခိုက်စေခဲ့တဲ့လူတွေနဲ့ အခြေအနေတွေကိုအောင်အောင်မြင်မြင်ကျော်လွှားနိုင်ပြီလားဆိုတာ ဒီအချက်တွေနဲ့ နှိုင်းယှဉ် သုံးသပ်ကြည့်နိုင်ပါတယ်။ ကိုယ့်ကမ္ဘာနဲ့ကိုယ်ပျော်နေပြီဆိုရင် ကိုယ်ဟာဘယ်သူမှမရှိလည်း ပျော်နေတယ်၊ ကိုယ်လုပ်ရမယ့်အလုပ်တွေကိုလုပ်ရင်း၊ကိုယ်ဝါသနာပါရာတွေကို အချိန်ပေးရင်းပျော်နေတတ်ပြီဆိုရင်တော့ဒါဟာသင်စိတ်ထိခိုက်မနေတော့ဘူးဆိုတဲ့သက်သေပြချက်တစ်ခုပါ။ အရင်ကဝါသနာဟောင်းတွေပြန်စတင်နိုင်ပြီဆိုရင် အရင်ကစာဖတ်ဝါသနာပါခဲ့သူ၊ ရုပ်ရှင်ကြည့်ရတာကြိုက်ခဲ့သူ၊ အစားအသောက်စားရတာကိုနှစ်သက်တဲ့သူဖြစ်ခဲ့ရင်တောင် တစ်ခုခုကြောင့် […]