Customer နဲ့တိုက်ရိုက်ထိတွေ့ပြီး ဝန်ဆောင်မှုပေးရတဲ့အလုပ်တွေတိုင်းမှာ Customer ရဲ့မကျေနပ်ချက်လေးတွေကို ရံဖန်ရံခါကြုံတွေ့ဖြေရှင်းရလေ့ရှိပါတယ်နော်။ဒီလိုဖြစ်လာတဲ့အခါ ပြဿနာကိုအကောင်းဘက်ရောက်လာအောင်ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိဖို့လိုပါတယ်။ ဒီလိုဖြေရှင်းနိုင်စွမ်းဟာ မန်နေဂျာတင်မကဘဲအောက်ခြေဝန်ထမ်းတွေမှာလည်းရှိနေဖို့လိုပါတယ်။ပြဿနာကိုကိုယ်ကကောင်းကောင်းဖြေရှင်းနိုင်ခဲ့ရင် Customer နဲ့အရင်ထက်ပိုပြီးဆက်ဆံရေးခိုင်မာသွားစေနိုင်သလို ကိုယ့်ကုမ္ပဏီအမှတ်တံဆိပ်ကို လည်းပိုပြီးနာမည် ကောင်းရသွားစေနိုင်ပါတယ်။ Customer Service ကောင်းမှလည်း ကိုယ့်ပြိုင်ဘက်တွေထက်ခြေတစ်လှမ်းသာနေမှာဖြစ်ပါတယ်။ တကယ်လို့ ပြဿနာကိုအဆင်ပြေအောင် မကိုင်တွယ်နိုင်ခဲ့ရင်တော့ အပေါ်ကအချက်တွေနဲ့ပြောင်းပြန်ရလဒ်တွေဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် Customer နဲ့ပြဿနာဖြစ်လာချိန်တိုင်းဒီအချက်တွေကို […]