အရာရာမှာ Perfect ဖြစ်ချင်လွန်းတဲ့ Boss အတွက်အလုပ်လုပ်ပေးရတာကနည်းနည်းတော့စိန်ခေါ်မှုဖြစ်နေတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့ Perfectionist တွေဟာအရာရာကိုစိတ်တိုင်းကျဖို့ခက်တာ၊ အသေးစိတ်လေးတွေကအစဂရုစိုက်လွန်းအားကြီးတာ၊နေ့စဉ်လုပ်နေရတဲ့သမားရိုးကျအလုပ်တွေမှာ ဝင်ပါတာမျိုးတွေရှိတတ်ကြလို့ပါ။ဒီလိုလူမျိုးနဲ့ဆုံရတဲ့အခါ ကိုယ့်ဘက်ကသူနဲ့အဆင်ပြေအောင် ပြောဆိုလုပ်ကိုင်တတ်ဖို့ကိုဖန်တီးယူရမှာဖြစ်ပါတယ်။ ပထမဆုံးအချက်ကတော့ အကောင်းဘက်ကနေပဲစဉ်းစားဖို့ဖြစ်ပါတယ်။ Perfect ဖြစ်ချင်လွန်းသူနဲ့တွေ့တဲ့အခါ ကိုယ်ကသူ့ရဲ့စံချိန်စံညွှန်းတွေကိုမီအောင်ကြိုးစားရင်းကိုယ့်ရဲ့လုပ်ရည်ကိုင်ရည်လည်းတက်လာပါတယ်။ ကိုယ်လုပ်ခဲ့တဲ့အလုပ်ရဲ့ရလဒ်တိုင်းဟာသပ်ရပ်ကောင်းမွန်နေတာမို့ CV ကိုလှစေတယ်လို့လည်းဆိုရမှာပါ။ Boss ကကိုယ့်ကိုဝေဖန်လွန်းတဲ့အခါမျိုးမှာ ဒါဟာ Perfectionist တစ်ယောက်ရဲ့သနားစရာအဖြစ်လို့သာတွေးလိုက်ပါ။ကိုယ့်တာဝန်ကိုအကောင်းဆုံးလုပ်ရင်း သူကငါ့တစ်ယောက်တည်းကိုပဲပြောဆိုဝေဖန်နေတာမဟုတ်ဘူး၊တခြားသူအားလုံးအပေါ်မှာလည်း […]