အလုပ်အင်တာဗျူးမှာကိုယ့်ဘက်ကပြန်မမေးသင့်တဲ့ မေးခွန်း ၇ ခု

ပထမဆုံးအလုပ်အင်တာဗျူးတွေမှာ အလုပ်ရှင်ကိုကိုယ့်ဘက်ကမေးခွန်းတွေပြန်မေးတဲ့အခါသတိထားရပါတယ်။ ဘာကြောင့်လဲဆိုတော့ တချို့သောမေးခွန်းတွေဟာကိုယ့်ကိုအထင်သေးစရာဖြစ်သွားစေနိုင်လို့ပါ။ ကိုယ်ကသိချင်စိတ်နဲ့မေးလိုက်ပေမယ့်သူတို့စိတ်ထဲမှာကိုယ်ဟာ အလုပ်ထက်ရပိုင်ခွင့်တွေကိုပဲစိတ်ဝင်စားသူ၊ စူးစမ်းလေ့လာမှုအားနည်းသူ၊သက်သက်သာသာပဲအလုပ်လုပ်ချင်သူလို့ထင်သွားတတ်ကြပါတယ်။ ဒါကြောင့်ပထမဆုံးအင်တာဗျူးမှာဒါတွေမမေးသင့်ပါဘူး။

လစာနဲ့ခံစားခွင့်တွေအကြောင်း
ပထမဆုံးအင်တာဗျူးဟာ ကိုယ်နဲ့သူတို့ကုမ္ပဏီအဆင်ပြေမပြေသိနိုင်ဖို့ ကိုယ့်ရဲ့အရည်အချင်းနဲ့အတွေ့အကြုံတွေကို စတင်မေးမြန်းအကဲ ဖြတ်တဲ့အင်တာဗျူးဖြစ်ပါတယ်။ဒီလိုပထမဆုံးအင်တာဗျူးမှာ အင်တာဗျူးမေးသူတွေဘက်ကနေ လစာကိစ္စ၊ ခံစားခွင့်ကိစ္စတွေကိုစတင်ပြီးမဆွေးနွေးမချင်း ကိုယ့်ဘက်ကနေအသဲအသန်စမမေးသင့်ပါဘူး။အလုပ်ချိန်ကဘယ်လောက်ထိလဲ၊ အားလပ်ရက်ခရီးတွေရောလိုက်ပို့လားဆိုတာမျိုးတွေကိုလည်းမမေးပါနဲ့နော်။ ဒီမေးခွန်းတွေကို Second Interview ဒါမှမဟုတ် သူတို့ဘက်ကစတင်ဆွေးနွေးလာတော့မှ
သေသေချာချာပြန်မေးသင့်ပါတယ်။

သေချာမလေ့လာထားဘဲမေးတာ
ကုမ္ပဏီအကြောင်း၊ အလုပ်အကြောင်းကို မေးခွန်းပြန်ထုတ်တာက ကိုယ့်ကိုစဉ်းစားတွေးခေါ်တတ်သူ၊အလုပ်ကိုစိတ်ဝင်တစားရှိသူလို့ထင်စေနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ဘက်ကသေသေချာချာမလေ့လာထားဘဲ မေးခွန်းတွေကောက်မေးလိုက်တာကကိုယ့်ကိုအထင်သေးသွားစေနိုင်ပါတယ်။ အလုပ်နဲ့ပတ်သက်တဲ့သိပ်ပြီးရှာဖွေစရာမလိုတဲ့အကြောင်းအရာတွေ ဒါမှမဟုတ်ယေဘုယျသိထားပြီးသင့်တဲ့အကြောင်း အရာတွေကို ကောက်မေးလိုက်မယ်ဆိုရင်ကိုယ်ညံ့တာကိုဖော်ပြလိုက်သလိုဖြစ်သွားစေပါတယ်။

အိမ်ကနေအလုပ်လုပ်လို့ရလား
ကိုယ်က Work from home ကိုသဘောကျတယ်၊ လက်ရှိအလုပ်နဲ့ပတ်သက်ပြီးတော့လည်း Work from home ကိုတချို့အချိန်တွေမှာခွင့်ပြုတယ်လို့ကြားထားရင်တောင် Work from home ရောခွင့်ပြုလားဆိုတာမျိုးမမေးသင့်ပါဘူး။ သူတို့ဘက်က ကိုယ့်အရည်အချင်းကိုတကယ်သဘောကျပြီးအလုပ်ပြီးဖို့သာအဓိကလို့စတင်ပြောလာတဲ့အခါမျိုးမှာတော့ Work from home ကိစ္စကိုမေးရင်မေးနိုင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့တော့ Work from home ရောရမလားဆိုတာကလုံးဝမမေးသင့်တဲ့မေးခွန်းပါ။

တခြားလစ်လပ်နေရာရောရှိဦးမလား
ကိုယ်က Position တစ်ခုအတွက် အလုပ်အင်တာဗျူးဖြေနေချိန်မှာတခြားလစ်လပ်နေရာအကြောင်းမေးတာက ရိုင်းပျရာကျပါတယ်။ ကိုယ်ဟာလက်ရှိအလုပ်ရာထူးကိုအပြည့်အဝစိတ်ဝင်စားမှုရှိမနေဘူးဆိုတာကို ပြလိုက်သလိုပါပဲ။နောက်မေးခွန်းတစ်ခုက ဘယ်အချိန်လစာတိုးမလဲ၊ ရာထူးတက်မလဲ ဆိုတာမျိုးမေးခြင်းဖြစ်ပါတယ်။ဒီလိုမေးခွန်းတွေကို Second Interview လောက်ရောက်မှမေးသင့်ပါတယ်။

အာရုံစိုက်နားမထောင်ဘဲပြန်မေးခြင်း
သူတို့ပြောထားပြီးသား၊ ရှင်းပြထားပြီးသားအကြောင်းအရာတွေကို ကိုယ်ကအာရုံစိုက်နားမထောင်ဘဲပြန်မေးမိတာက ကိုယ့်ကိုစိတ်ပျက်စရာဖြစ်သွားစေနိုင်ပါတယ်။ ကိုယ်လုပ်ရမယ့်အလုပ် ဒါမှမဟုတ်အလုပ်ချိန်အကြောင်းကိုပြောနေပါလျက်နဲ့ ကိုယ်ကဒီအကြောင်းတစ်ခုခုကိုပြန်မေးလိုက်တယ်ဆိုရင်သူတို့ကိုမလေးစားရာကျနေပါတယ်။ သူတို့ပြောနေတဲ့အကြောင်းအရာနဲ့မသက်ဆိုင်တဲ့မေးခွန်းတစ်ခုကိုဖြတ်မေးလိုက်တာမျိုးကိုလည်း လုံးဝမလုပ်သင့်ပါဘူးနော်။ဒါတွေကတော့ အင်တာဗျူးဖြေချိန်မှာသတိထားသင့်တဲ့အချက်တွေပါနော်။အလုပ် ရှင်ဘက်ကမေးခွန်းမျိုးစုံကို မေးနိုင်တဲ့အခွင့်အရေးရှိပေမယ့်ကိုယ့်ဘက်ကတော့မှားယွင်းတဲ့မေးခွန်းတွေမေးမိရင် အင်တာဗျူးကျတတ်တာမို့အားလုံးပဲသတိပြုနိုင်ကြစေဖို့မျှော်လင့်ပါတယ်။

Ju Ju

zawgyi

ပထမဆုံးအလုပ္အင္တာဗ်ဴးေတြမွာ အလုပ္ရွင္ကိုကိုယ့္ဘက္ကေမးခြန္းေတြျပန္ေမးတဲ့အခါသတိထားရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ တခ်ိဳ႕ေသာေမးခြန္းေတြဟာကိုယ့္ကိုအထင္ေသးစရာျဖစ္သြားေစႏိုင္လို႔ပါ။ ကိုယ္ကသိခ်င္စိတ္နဲ႔ေမးလိုက္ေပမယ့္သူတို႔စိတ္ထဲမွာကိုယ္ဟာ အလုပ္ထက္ရပိုင္ခြင့္ေတြကိုပဲစိတ္ဝင္စားသူ၊ စူးစမ္းေလ့လာမႈအားနည္းသူ၊သက္သက္သာသာပဲအလုပ္လုပ္ခ်င္သူလို႔ထင္သြားတတ္ၾကပါတယ္။ ဒါေၾကာင့္ပထမဆုံးအင္တာဗ်ဴးမွာဒါေတြမေမးသင့္ပါဘူး။

လစာနဲ႔ခံစားခြင့္ေတြအေၾကာင္း
ပထမဆုံးအင္တာဗ်ဴးဟာ ကိုယ္နဲ႔သူတို႔ကုမၸဏီအဆင္ေျပမေျပသိႏိုင္ဖို႔ ကိုယ့္ရဲ႕အရည္အခ်င္းနဲ႔အေတြ႕အႀကဳံေတြကို စတင္ေမးျမန္းအကဲ ျဖတ္တဲ့အင္တာဗ်ဴးျဖစ္ပါတယ္။ဒီလိုပထမဆုံးအင္တာဗ်ဴးမွာ အင္တာဗ်ဴးေမးသူေတြဘက္ကေန လစာကိစၥ၊ ခံစားခြင့္ကိစၥေတြကိုစတင္ၿပီးမေဆြးေႏြးမခ်င္း ကိုယ့္ဘက္ကေနအသဲအသန္စမေမးသင့္ပါဘူး။အလုပ္ခ်ိန္ကဘယ္ေလာက္ထိလဲ၊ အားလပ္ရက္ခရီးေတြေရာလိုက္ပို႔လားဆိုတာမ်ိဳးေတြကိုလည္းမေမးပါနဲ႔ေနာ္။ ဒီေမးခြန္းေတြကို Second Interview ဒါမွမဟုတ္ သူတို႔ဘက္ကစတင္ေဆြးေႏြးလာေတာ့မွ
ေသေသခ်ာခ်ာျပန္ေမးသင့္ပါတယ္။

ေသခ်ာမေလ့လာထားဘဲေမးတာ
ကုမၸဏီအေၾကာင္း၊ အလုပ္အေၾကာင္းကို ေမးခြန္းျပန္ထုတ္တာက ကိုယ့္ကိုစဥ္းစားေတြးေခၚတတ္သူ၊အလုပ္ကိုစိတ္ဝင္တစားရွိသူလို႔ထင္ေစႏိုင္ပါတယ္။ ဒါေပမဲ့ ကိုယ့္ဘက္ကေသေသခ်ာခ်ာမေလ့လာထားဘဲ ေမးခြန္းေတြေကာက္ေမးလိုက္တာကကိုယ့္ကိုအထင္ေသးသြားေစႏိုင္ပါတယ္။ အလုပ္နဲ႔ပတ္သက္တဲ့သိပ္ၿပီးရွာေဖြစရာမလိုတဲ့အေၾကာင္းအရာေတြ ဒါမွမဟုတ္ေယဘုယ်သိထားၿပီးသင့္တဲ့အေၾကာင္း အရာေတြကို ေကာက္ေမးလိုက္မယ္ဆိုရင္ကိုယ္ညံ့တာကိုေဖာ္ျပလိုက္သလိုျဖစ္သြားေစပါတယ္။

အိမ္ကေနအလုပ္လုပ္လို႔ရလား
ကိုယ္က Work from home ကိုသေဘာက်တယ္၊ လက္ရွိအလုပ္နဲ႔ပတ္သက္ၿပီးေတာ့လည္း Work from home ကိုတခ်ိဳ႕အခ်ိန္ေတြမွာခြင့္ျပဳတယ္လို႔ၾကားထားရင္ေတာင္ Work from home ေရာခြင့္ျပဳလားဆိုတာမ်ိဳးမေမးသင့္ပါဘူး။ သူတို႔ဘက္က ကိုယ့္အရည္အခ်င္းကိုတကယ္သေဘာက်ၿပီးအလုပ္ၿပီးဖို႔သာအဓိကလို႔စတင္ေျပာလာတဲ့အခါမ်ိဳးမွာေတာ့ Work from home ကိစၥကိုေမးရင္ေမးႏိုင္ပါတယ္။ အဲဒီလိုမဟုတ္ဘဲနဲ႔ေတာ့ Work from home ေရာရမလားဆိုတာကလုံးဝမေမးသင့္တဲ့ေမးခြန္းပါ။

တျခားလစ္လပ္ေနရာေရာရွိဦးမလား
ကိုယ္က Position တစ္ခုအတြက္ အလုပ္အင္တာဗ်ဴးေျဖေနခ်ိန္မွာတျခားလစ္လပ္ေနရာအေၾကာင္းေမးတာက ႐ိုင္းပ်ရာက်ပါတယ္။ ကိုယ္ဟာလက္ရွိအလုပ္ရာထူးကိုအျပည့္အဝစိတ္ဝင္စားမႈရွိမေနဘူးဆိုတာကို ျပလိုက္သလိုပါပဲ။ေနာက္ေမးခြန္းတစ္ခုက ဘယ္အခ်ိန္လစာတိုးမလဲ၊ ရာထူးတက္မလဲ ဆိုတာမ်ိဳးေမးျခင္းျဖစ္ပါတယ္။ဒီလိုေမးခြန္းေတြကို Second Interview ေလာက္ေရာက္မွေမးသင့္ပါတယ္။

အာ႐ုံစိုက္နားမေထာင္ဘဲျပန္ေမးျခင္း
သူတို႔ေျပာထားၿပီးသား၊ ရွင္းျပထားၿပီးသားအေၾကာင္းအရာေတြကို ကိုယ္ကအာ႐ုံစိုက္နားမေထာင္ဘဲျပန္ေမးမိတာက ကိုယ့္ကိုစိတ္ပ်က္စရာျဖစ္သြားေစႏိုင္ပါတယ္။ ကိုယ္လုပ္ရမယ့္အလုပ္ ဒါမွမဟုတ္အလုပ္ခ်ိန္အေၾကာင္းကိုေျပာေနပါလ်က္နဲ႔ ကိုယ္ကဒီအေၾကာင္းတစ္ခုခုကိုျပန္ေမးလိုက္တယ္ဆိုရင္သူတို႔ကိုမေလးစားရာက်ေနပါတယ္။ သူတို႔ေျပာေနတဲ့အေၾကာင္းအရာနဲ႔မသက္ဆိုင္တဲ့ေမးခြန္းတစ္ခုကိုျဖတ္ေမးလိုက္တာမ်ိဳးကိုလည္း လုံးဝမလုပ္သင့္ပါဘူးေနာ္။ဒါေတြကေတာ့ အင္တာဗ်ဴးေျဖခ်ိန္မွာသတိထားသင့္တဲ့အခ်က္ေတြပါေနာ္။အလုပ္ ရွင္ဘက္ကေမးခြန္းမ်ိဳးစုံကို ေမးႏိုင္တဲ့အခြင့္အေရးရွိေပမယ့္ကိုယ့္ဘက္ကေတာ့မွားယြင္းတဲ့ေမးခြန္းေတြေမးမိရင္ အင္တာဗ်ဴးက်တတ္တာမို႔အားလုံးပဲသတိျပဳႏိုင္ၾကေစဖို႔ေမွ်ာ္လင့္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*