စင်ပေါ်မှာဖျော်ဖြေနေတဲ့အချိန်ထိုင်ခုံပေါ်ကနေပြုတ်ကျခဲ့တဲ့ မက်ဒေါနား

မက်ဒေါနားဟာ Seattle မှာပြုလုပ်ခဲ့တဲ့ Concert အတွင်းထိုင်ခုံပေါ်ကနေ မတော်တဆပြုတ်ကျခဲ့တယ်လို့သိရပါတယ်။သူမဟာ စင်ပေါ်မှာထိုင်ခုံတစ်ခုနဲ့ Performance လုပ်နေတဲ့အချိန်မှာ နောက်ပြန်လန်ပြုတ်ကျသွားတာဖြစ်ပါတယ်။သူမရဲ့၁၉၈၆ ခုနစ်ကထွက်ရှိခဲ့တဲ့ နာ မည်ကြီးသီချင်း Open Your Heart ကိုဖျော်ဖြေနေတဲ့အချိန်အတွင်း မတော်တဆဖြစ်သွားခဲ့တာပါ။ Performance လုပ်နေတဲ့အချိန် Dancer တစ်ယောက်က ထိုင်ခုံနဲ့သူမကိုအတူဖက်ပြီးဆွဲသွားရတဲ့အနေအထားမှာ ခလုတ်တိုက်မိသလိုဖြစ်သွားပြီး လဲကျခဲ့ရတာဖြစ်ပါတယ်။

မက်ဒေါနားက ကိုယ်လုံးကိုလှိမ့်ပြီးမှောက်ခုံအနေအထားလုပ်ကာရယ်မောရင်း သီချင်းကိုဆက်လက်ဖျော်ဖြေနိုင်ခဲ့ပါတယ်။ဒီအဖြစ်အ ပျက်ကို ပွဲကြည့်ပရိသတ်တစ်ယောက်က Video ရိုက်ယူပြီး Social Media ပေါ်တင်ခဲ့တာဖြစ်ပါတယ်။ဒီလို မတော်တတမှုလေးဖြစ်ခဲ့ပေမယ့် ဖျော်ဖြေပွဲကတော့ အဆင်ပြေပြေအောင်အောင်မြင်မြင်ပြီးဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ မက်ဒေါနားဟာ လက်ရှိမှာ အသက် ၆၅ နှစ်ရှိပြီဖြစ်ပါတယ်။

Ju Ju

zawgyi

မက္ေဒါနားဟာ Seattle မွာျပဳလုပ္ခဲ့တဲ့ Concert အတြင္းထိုင္ခုံေပၚကေန မေတာ္တဆျပဳတ္က်ခဲ့တယ္လို႔သိရပါတယ္။သူမဟာ စင္ေပၚမွာထိုင္ခုံတစ္ခုနဲ႔ Performance လုပ္ေနတဲ့အခ်ိန္မွာ ေနာက္ျပန္လန္ျပဳတ္က်သြားတာျဖစ္ပါတယ္။သူမရဲ႕၁၉၈၆ ခုနစ္ကထြက္ရွိခဲ့တဲ့ နာ မည္ႀကီးသီခ်င္း Open Your Heart ကိုေဖ်ာ္ေျဖေနတဲ့အခ်ိန္အတြင္း မေတာ္တဆျဖစ္သြားခဲ့တာပါ။ Performance လုပ္ေနတဲ့အခ်ိန္ Dancer တစ္ေယာက္က ထိုင္ခုံနဲ႔သူမကိုအတူဖက္ၿပီးဆြဲသြားရတဲ့အေနအထားမွာ ခလုတ္တိုက္မိသလိုျဖစ္သြားၿပီး လဲက်ခဲ့ရတာျဖစ္ပါတယ္။

မက္ေဒါနားက ကိုယ္လုံးကိုလွိမ့္ၿပီးေမွာက္ခုံအေနအထားလုပ္ကာရယ္ေမာရင္း သီခ်င္းကိုဆက္လက္ေဖ်ာ္ေျဖႏိုင္ခဲ့ပါတယ္။ဒီအျဖစ္အ ပ်က္ကို ပြဲၾကည့္ပရိသတ္တစ္ေယာက္က Video ႐ိုက္ယူၿပီး Social Media ေပၚတင္ခဲ့တာျဖစ္ပါတယ္။ဒီလို မေတာ္တတမႈေလးျဖစ္ခဲ့ေပမယ့္ ေဖ်ာ္ေျဖပြဲကေတာ့ အဆင္ေျပေျပေအာင္ေအာင္ျမင္ျမင္ၿပီးဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။ မက္ေဒါနားဟာ လက္ရွိမွာ အသက္ ၆၅ ႏွစ္ရွိၿပီျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*