ကေပေါ့(ပ်)အဖွဲ့ဝင် Ryeowook ရဲ့ မင်္ဂလာပွဲမှာ လူစုံတက်စုံတွေ့ရတဲ့ Super Junior အဖွဲ့ဝင်များ

ကေပေါ့(ပ်)အဖွဲ့ဝင်တွေအားလုံးရဲ့ ရှားရှားပါးပါး ပြန်လည်ဆုံဆည်းမှုတခုကတော့ Super Junior အဖွဲ့ဝင်တဦးဖြစ်တဲ့ Ryeowook ရဲ့ မင်္ဂလာပွဲမှာဖြစ်ပါတယ်။ ဒီပွဲမှာ အဖွဲ့ဝင် ၁၅ဦးလုံးကိုစုံစုံညီညီတွေ့ခဲ့ရပါတယ်။တောင်ကိုရီးယား ဖျော်ဖြေရေးအေဂျင်စီ SM Entertainment ကနေ ၂၀၀၅ ခုနှစ်ကပွဲဦးထွက်ခဲ့တဲ့ ဒီအဖွဲ့က ဆယ်စုနှစ်နှစ်ခုနီးပါးအတွင်းမှာ အဖွဲ့ဝင်အပြောင်းအလဲများစွာနဲ့အခုလို တစုတစည်းထဲတွေ့နိုင်ဖို့ မလွယ်တော့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်း Ryeowookရဲ့ မင်္ဂလာပွဲမှာတော့ သူတို့အားလုံးကို ပြန်လည်ဆုံစည်းစေခဲ့ပါတယ်။နိုင်ငံအသီးသီးမှာ ‌ရောက်နေကြတဲ့ အဖွဲ့ဝင်တွေအားလုံးကို ဒီမင်္ဂလာပွဲမှာပြန်လည်ဆုံတွေ့ရတာက Super Junior ပရိသတ်တွေအတွက်တော့ဝမ်းသာဖွယ်ရာမြင်ကွင်းတခုဖြစ်စေခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ် Ryeowook က မေလ ၂၆ ရက်နေ့မှာ ကေပေါ့(ပ်)မိန်းကလေးအဖွဲ့ Tahiti အဖွဲ့ဝင် Ari နဲ့ မင်္ဂလာပွဲကျင်းပခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာ အရင်က Super Junior အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Leeteuk၊ Heechul၊ Yesung၊ Shindong၊ Sungmin၊ Eunhyuk၊ Siwon၊ Donghae၊ Kyuhyun၊ Hangeng၊ Kangin၊ Kibum၊ Henry နဲ့ Zhou Mi တို့ တက်ရောက်ခဲ့ကြတာပါ။ဒီကနေ့မှာ အဖွဲ့ရဲ့တစိတ်တပိုင်းအဖြစ် အဖွဲ့ဝင်ကိုးဦးသာ ကျန်ပါတော့တယ်။ Super Junior အဖွဲ့က ၂၀၂၂ ခုနှစ်မှာ Singapore Indoor Stadium မှာနောက် ဆုံးဖျော်ဖြေခဲ့ပြီး လာမယ့်ဇူလိုင် ၁၄ရက်နေ့မှာ အဲဒီနေရာမှာပဲ ဖျော်ဖြေပွဲထပ်လုပ်မှာဖြစ်ပါတယ်။

MYit

zawgyi

ေကေပါ့(ပ္)အဖြဲ႕ဝင္ေတြအားလုံးရဲ႕ ရွားရွားပါးပါး ျပန္လည္ဆုံဆည္းမႈတခုကေတာ့ Super Junior အဖြဲ႕ဝင္တဦးျဖစ္တဲ့ Ryeowook ရဲ႕ မဂၤလာပြဲမွာျဖစ္ပါတယ္။ ဒီပြဲမွာ အဖြဲ႕ဝင္ ၁၅ဦးလုံးကိုစုံစုံညီညီေတြ႕ခဲ့ရပါတယ္။ေတာင္ကိုရီးယား ေဖ်ာ္ေျဖေရးေအဂ်င္စီ SM Entertainment ကေန ၂၀၀၅ ခုႏွစ္ကပြဲဦးထြက္ခဲ့တဲ့ ဒီအဖြဲ႕က ဆယ္စုႏွစ္ႏွစ္ခုနီးပါးအတြင္းမွာ အဖြဲ႕ဝင္အေျပာင္းအလဲမ်ားစြာနဲ႔အခုလို တစုတစည္းထဲေတြ႕ႏိုင္ဖို႔ မလြယ္ေတာ့တာလည္းျဖစ္ပါတယ္။ဒါေပမဲ့လည္း Ryeowookရဲ႕ မဂၤလာပြဲမွာေတာ့ သူတို႔အားလုံးကို ျပန္လည္ဆုံစည္းေစခဲ့ပါတယ္။ႏိုင္ငံအသီးသီးမွာ ‌ေရာက္ေနၾကတဲ့ အဖြဲ႕ဝင္ေတြအားလုံးကို ဒီမဂၤလာပြဲမွာျပန္လည္ဆုံေတြ႕ရတာက Super Junior ပရိသတ္ေတြအတြက္ေတာ့ဝမ္းသာဖြယ္ရာျမင္ကြင္းတခုျဖစ္ေစခဲ့ပါတယ္။

အသက္ ၃၆ ႏွစ္အ႐ြယ္ Ryeowook က ေမလ ၂၆ ရက္ေန႔မွာ ေကေပါ့(ပ္)မိန္းကေလးအဖြဲ႕ Tahiti အဖြဲ႕ဝင္ Ari နဲ႔ မဂၤလာပြဲက်င္းပခဲ့တာျဖစ္ပါတယ္။ဒီပြဲမွာ အရင္က Super Junior အဖြဲ႕ဝင္ေတြျဖစ္ၾကတဲ့ Leeteuk၊ Heechul၊ Yesung၊ Shindong၊ Sungmin၊ Eunhyuk၊ Siwon၊ Donghae၊ Kyuhyun၊ Hangeng၊ Kangin၊ Kibum၊ Henry နဲ႔ Zhou Mi တို႔ တက္ေရာက္ခဲ့ၾကတာပါ။ဒီကေန႔မွာ အဖြဲ႕ရဲ႕တစိတ္တပိုင္းအျဖစ္ အဖြဲ႕ဝင္ကိုးဦးသာ က်န္ပါေတာ့တယ္။ Super Junior အဖြဲ႕က ၂၀၂၂ ခုႏွစ္မွာ Singapore Indoor Stadium မွာေနာက္ ဆုံးေဖ်ာ္ေျဖခဲ့ၿပီး လာမယ့္ဇူလိုင္ ၁၄ရက္ေန႔မွာ အဲဒီေနရာမွာပဲ ေဖ်ာ္ေျဖပြဲထပ္လုပ္မွာျဖစ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*