စိတ်ဖိစီးမှုကို အလုပ်မှာဘယ်လိုအသုံးချမလဲ

အရွယ်ရောက်လာတဲ့လူတိုင်းမှာ စိတ်ဖိစီးမှုအမျိုးမျိုးကြုံလာရတာသဘာဝပါ။လုပ်ငန်းခွင်ဝင်နေတဲ့သူတိုင်းမှာလည်း အလုပ်နဲ့ပတ်သက်တဲ့စိတ်ဖိစီးမှုရှိကြတာချည်းပါပဲ။လေ့လာချက်တွေအရ စိတ်ဖိစီးမှုကိုစိန်ခေါ်မှုလို့မြင်တတ်သူတွေကို Positive Stress Mindset ရှိသူလို့ခေါ်ပြီး ဒီလိုလူတွေဟာဘဝမှာအောင်မြင်မှုတွေရနိုင်ကြတယ်လို့ဆိုထားပါတယ်။ သူတို့တွေဟာအလုပ်မှာပိုပျော်ကြပြီး ကြုံလာသမျှ Stress ကိုကောင်းကောင်း ကိုင်တွယ်နိုင်ကြပါတယ်။ဝန်ထမ်းတွေကို ဒီလိုကောင်းမွန်တဲ့Positive Stress Mindsetရှိလာအောင်ဒီအချက်တွေနဲ့လုပ်ဆောင်ပေးနိုင်ပါတယ်။

-အလုပ်သမားတွေ၊ ဝန်ထမ်းတွေပျော်စေဖို့အဓိကစဥ်းစားပေးတတ်ခြင်း
-ဝန်ထမ်းတွေစိတ်ဖိစီးမှုမများစေမယ့် Action Plan တွေကိုဖန်တီးပေးနိုင်ခြင်းစတဲ့အချက်တွေပဲဖြစ်ပါတယ်။ဝန်ထမ်းတွေရဲ့ ခံစားချက်ကိုလျစ်လျူရှုတာ၊ဝန်ထမ်းအချင်းချင်းကြား၊ ဝန်ထမ်းနဲ့မန်နေဂျာတွေကြားအငြင်းအခုန်နဲ့ဆက်ဆံရေးမပြေလည်တာမျိုးတွေက Negative Stress Mindset ကိုဖြစ်စေပါတယ်။မန်နေဂျာနဲ့ခေါင်းဆောင်ပိုင်းတွေဟာ ဝန်ထမ်းတွေကြား Positive သို့မဟုတ် Negative Stress Mindsetတွေဖြစ်စေနိုင်တဲ့အဓိကကျသူတွေဖြစ်ကြပါတယ်။

၂၀၂၂ ခုနစ်ရဲ့ Forrester Research အရ စိတ်ဖိစီးမှု (Stress) ကသာ ဝန်ထမ်းတွေကိုအလုပ်သစ်ရှာဖွေစေတဲ့အဓိကတရားခံလို့ဆိုထားပါတယ်။ဒါပေမဲ့ Positive Stress Mindset ကတော့ ဒီလိုအကျိုးတွေရစေပါတယ်။
-ဝန်ထမ်းတွေအနေနဲ့သူတို့ရဲ့နေ့စဥ်တာဝန်တွေကို ၃ ဆပိုပြီးတော့အာရုံစိုက်နိုင်စေပါတယ်
-အာရုံစူးစိုက်မှုမရှိခြင်းနဲ့အမှားလုပ်မိခြင်းကို ၂ ဆ လျော့ကျစေတယ်၊
-အလုပ်ထဲမှာ စိတ်ဆိုးမာန်ဆိုးပြောမိတာမျိုးကိုယ့်စိတ်ကိုမထိန်းနိုင်ဘဲအော်မိတာမျိုးတွေကိုလျော့စေပါတယ်
-စိတ်ဖိစီးမှုများတယ်ဆိုရင်တောင် ဒီစိတ်ဖိစီးမှုအတွက်နဲ့ အလုပ်သစ်ရှာနိုင်ခြေ ၁.၅ဆလျော့နည်းစေပါတယ်
ရောင်းအားအကောင်းဆုံးစာအုပ်တစ်အုပ်ဖြစ်တဲ့ Mindset စာအုပ်ရေးသားသူ စာရေးဆရာမ Carol Dweck က Growth Mindset ရှိသူ၊ပြဿနာတွေ ၊ အခက်အခဲတွေက ငါ့ကိုတိုးတက်အောင်လုပ်ပေးနိုင်တယ်၊ ငါတော့ဒါကိုမသိသေးဘူးလေ့လာရဦးမယ်လို့တွေးသူက အောင်မြင်မှုတွေတစ်ခုပြီးတစ်ခုရသွားကြတယ်လို့ဆိုထားပါတယ်။ကလေးတွေနဲ့ဥပမာပေးရရင် ဒီဘာသာရပ်ကိုငါမပိုင်သေးဘူး၊ငါဒီလိုနည်းနဲ့လေ့လာကြည့်ဦးမယ်လို့တွေးသူက ငါကညံ့ကိုညံ့နေတာ၊ဘယ်တော့မှတော်လာမှာမဟုတ်ဘူးလို့တွေးသူထက် ပိုတော်လာပြီးထက်မြက်လာကြပါတယ်တဲ့။

အလုပ်မှာလည်းဒီအတိုင်းပါပဲ။ပမာဏသိပ်မများတဲ့ Stress တွေက ကိုယ့်ကိုအကျိုးများစေပါတယ်။ဒါကြောင့်အလုပ်မှာ စိတ်ဖိစီးမှုကြုံလာတဲ့အခါစိတ်မပျက်ဘဲ သူ့ကိုအသုံးချပြီးပိုသန်မာအောင်၊တော်အောင်လုပ် ဆောင်ပါ။စိတ်ဖိစီးမှုကြုံရတဲ့အခါကိုယ့်ကိုယ်ကိုယ်စကားပြောပြီးအဖြေရှာနိုင်ပါတယ်။ ကြုံလာသမျှတွေကိုစာအုပ်မှာချရေးပြီး ပြောင်းလဲပစ်ချင်တာတွေကိုလည်းချရေးလိုက်ပါ။ကြုံနေရတဲ့ပြဿနာအတွက်အဖြေရှာချိန်မှာ ကိုယ့်ယုံကြည်ချက်၊ခံယူချက်တွေနဲ့နှိုင်းယှဥ်ဆုံးဖြတ်နိုင်ပါတယ်။အလုပ်တွေကို ငါမနိုင်တော့ဘူးထင်တယ်လို့တွေးမယ့်အစား အလုပ်တွေများပေမယ့်ငါလုပ်နိုင်သားပဲ၊ဒါပေမဲ့ တစ်ချိန်မှာငါတစ်ခုပဲလုပ်နိုင်မယ် ၊ ဒါကိုမန်နေဂျာကနားလည်ပေးနိုင်မယ်ထင်တယ်ဆိုတာမျိုးစိတ်ကိုဖြည်လျှော့ပြီးတွေးနိုင်ပါတယ်။နောက်တစ်ချက်က ကိုယ့်အလုပ်ကို တန်ဖိုးထားမှု (Value) တွေအများကြီးနဲ့ဝန်းရံထားဖို့ဖြစ်ပါတယ်။ကိုယ်ရဲ့အလုပ်အပေါ်ထားတဲ့ ခံယူချက်ကောင်းရင် Stress အကြီးကြီးတွေကိုလည်းခံနိုင်ရည်ရှိပါတယ်။ငါလုပ်နေတဲ့အလုပ်က လူတွေအတွက်အကျိုးရှိတယ်လို့တွေးသူ (ဥပမာဘတ်စ်ကားမောင်းသူဖြစ်နေရင်တောင် လူတွေဘေးကင်းကင်းနဲ့အိမ်ပြန်ရောက်ပြီးမိသားစုတွေနဲ့ပျော်ရအောင်ငါလုပ်ပေးနေတာလို့ခံယူတယ်ဆိုရင်)သူ့ကိုဘယ်လိုပဲပြောကြပါစေ သူကတော့မမှုဘဲ အလုပ်မှာပျော်ရွှင်နေမှာပဲဖြစ်ပါတယ်။ဒါကြောင့် အခုဖော်ပြခဲ့တဲ့အချက်တွေနဲ့ စိတ်ဖိစီးမှုကိုတိုက်ထုတ်ပစ်ပြီးအောင်မြင်မှုတွေကိုအရယူကြပါစို့နော်။

Ju Ju

zawgyi

အ႐ြယ္ေရာက္လာတဲ့လူတိုင္းမွာ စိတ္ဖိစီးမႈအမ်ိဳးမ်ိဳးႀကဳံလာရတာသဘာဝပါ။လုပ္ငန္းခြင္ဝင္ေနတဲ့သူတိုင္းမွာလည္း အလုပ္နဲ႔ပတ္သက္တဲ့စိတ္ဖိစီးမႈရွိၾကတာခ်ည္းပါပဲ။ေလ့လာခ်က္ေတြအရ စိတ္ဖိစီးမႈကိုစိန္ေခၚမႈလို႔ျမင္တတ္သူေတြကို Positive Stress Mindset ရွိသူလို႔ေခၚၿပီး ဒီလိုလူေတြဟာဘဝမွာေအာင္ျမင္မႈေတြရႏိုင္ၾကတယ္လို႔ဆိုထားပါတယ္။ သူတို႔ေတြဟာအလုပ္မွာပိုေပ်ာ္ၾကၿပီး ႀကဳံလာသမွ် Stress ကိုေကာင္းေကာင္း ကိုင္တြယ္ႏိုင္ၾကပါတယ္။ဝန္ထမ္းေတြကို ဒီလိုေကာင္းမြန္တဲ့Positive Stress Mindsetရွိလာေအာင္ဒီအခ်က္ေတြနဲ႔လုပ္ေဆာင္ေပးႏိုင္ပါတယ္။

-အလုပ္သမားေတြ၊ ဝန္ထမ္းေတြေပ်ာ္ေစဖို႔အဓိကစဥ္းစားေပးတတ္ျခင္း
-ဝန္ထမ္းေတြစိတ္ဖိစီးမႈမမ်ားေစမယ့္ Action Plan ေတြကိုဖန္တီးေပးႏိုင္ျခင္းစတဲ့အခ်က္ေတြပဲျဖစ္ပါတယ္။ဝန္ထမ္းေတြရဲ႕ ခံစားခ်က္ကိုလ်စ္လ်ဴရႈတာ၊ဝန္ထမ္းအခ်င္းခ်င္းၾကား၊ ဝန္ထမ္းနဲ႔မန္ေနဂ်ာေတြၾကားအျငင္းအခုန္နဲ႔ဆက္ဆံေရးမေျပလည္တာမ်ိဳးေတြက Negative Stress Mindset ကိုျဖစ္ေစပါတယ္။မန္ေနဂ်ာနဲ႔ေခါင္းေဆာင္ပိုင္းေတြဟာ ဝန္ထမ္းေတြၾကား Positive သို႔မဟုတ္ Negative Stress Mindsetေတြျဖစ္ေစႏိုင္တဲ့အဓိကက်သူေတြျဖစ္ၾကပါတယ္။

၂၀၂၂ ခုနစ္ရဲ႕ Forrester Research အရ စိတ္ဖိစီးမႈ (Stress) ကသာ ဝန္ထမ္းေတြကိုအလုပ္သစ္ရွာေဖြေစတဲ့အဓိကတရားခံလို႔ဆိုထားပါတယ္။ဒါေပမဲ့ Positive Stress Mindset ကေတာ့ ဒီလိုအက်ိဳးေတြရေစပါတယ္။
-ဝန္ထမ္းေတြအေနနဲ႔သူတို႔ရဲ႕ေန႔စဥ္တာဝန္ေတြကို ၃ ဆပိုၿပီးေတာ့အာ႐ုံစိုက္ႏိုင္ေစပါတယ္
-အာ႐ုံစူးစိုက္မႈမရွိျခင္းနဲ႔အမွားလုပ္မိျခင္းကို ၂ ဆ ေလ်ာ့က်ေစတယ္၊
-အလုပ္ထဲမွာ စိတ္ဆိုးမာန္ဆိုးေျပာမိတာမ်ိဳးကိုယ့္စိတ္ကိုမထိန္းႏိုင္ဘဲေအာ္မိတာမ်ိဳးေတြကိုေလ်ာ့ေစပါတယ္
-စိတ္ဖိစီးမႈမ်ားတယ္ဆိုရင္ေတာင္ ဒီစိတ္ဖိစီးမႈအတြက္နဲ႔ အလုပ္သစ္ရွာႏိုင္ေျခ ၁.၅ဆေလ်ာ့နည္းေစပါတယ္
ေရာင္းအားအေကာင္းဆုံးစာအုပ္တစ္အုပ္ျဖစ္တဲ့ Mindset စာအုပ္ေရးသားသူ စာေရးဆရာမ Carol Dweck က Growth Mindset ရွိသူ၊ျပႆနာေတြ ၊ အခက္အခဲေတြက ငါ့ကိုတိုးတက္ေအာင္လုပ္ေပးႏိုင္တယ္၊ ငါေတာ့ဒါကိုမသိေသးဘူးေလ့လာရဦးမယ္လို႔ေတြးသူက ေအာင္ျမင္မႈေတြတစ္ခုၿပီးတစ္ခုရသြားၾကတယ္လို႔ဆိုထားပါတယ္။ကေလးေတြနဲ႔ဥပမာေပးရရင္ ဒီဘာသာရပ္ကိုငါမပိုင္ေသးဘူး၊ငါဒီလိုနည္းနဲ႔ေလ့လာၾကည့္ဦးမယ္လို႔ေတြးသူက ငါကညံ့ကိုညံ့ေနတာ၊ဘယ္ေတာ့မွေတာ္လာမွာမဟုတ္ဘူးလို႔ေတြးသူထက္ ပိုေတာ္လာၿပီးထက္ျမက္လာၾကပါတယ္တဲ့။

အလုပ္မွာလည္းဒီအတိုင္းပါပဲ။ပမာဏသိပ္မမ်ားတဲ့ Stress ေတြက ကိုယ့္ကိုအက်ိဳးမ်ားေစပါတယ္။ဒါေၾကာင့္အလုပ္မွာ စိတ္ဖိစီးမႈႀကဳံလာတဲ့အခါစိတ္မပ်က္ဘဲ သူ႔ကိုအသုံးခ်ၿပီးပိုသန္မာေအာင္၊ေတာ္ေအာင္လုပ္ ေဆာင္ပါ။စိတ္ဖိစီးမႈႀကဳံရတဲ့အခါကိုယ့္ကိုယ္ကိုယ္စကားေျပာၿပီးအေျဖရွာႏိုင္ပါတယ္။ ႀကဳံလာသမွ်ေတြကိုစာအုပ္မွာခ်ေရးၿပီး ေျပာင္းလဲပစ္ခ်င္တာေတြကိုလည္းခ်ေရးလိုက္ပါ။ႀကဳံေနရတဲ့ျပႆနာအတြက္အေျဖရွာခ်ိန္မွာ ကိုယ့္ယုံၾကည္ခ်က္၊ခံယူခ်က္ေတြနဲ႔ႏႈိင္းယွဥ္ဆုံးျဖတ္ႏိုင္ပါတယ္။အလုပ္ေတြကို ငါမႏိုင္ေတာ့ဘူးထင္တယ္လို႔ေတြးမယ့္အစား အလုပ္ေတြမ်ားေပမယ့္ငါလုပ္ႏိုင္သားပဲ၊ဒါေပမဲ့ တစ္ခ်ိန္မွာငါတစ္ခုပဲလုပ္ႏိုင္မယ္ ၊ ဒါကိုမန္ေနဂ်ာကနားလည္ေပးႏိုင္မယ္ထင္တယ္ဆိုတာမ်ိဳးစိတ္ကိုျဖည္ေလွ်ာ့ၿပီးေတြးႏိုင္ပါတယ္။ေနာက္တစ္ခ်က္က ကိုယ့္အလုပ္ကို တန္ဖိုးထားမႈ (Value) ေတြအမ်ားႀကီးနဲ႔ဝန္းရံထားဖို႔ျဖစ္ပါတယ္။ကိုယ္ရဲ႕အလုပ္အေပၚထားတဲ့ ခံယူခ်က္ေကာင္းရင္ Stress အႀကီးႀကီးေတြကိုလည္းခံႏိုင္ရည္ရွိပါတယ္။ငါလုပ္ေနတဲ့အလုပ္က လူေတြအတြက္အက်ိဳးရွိတယ္လို႔ေတြးသူ (ဥပမာဘတ္စ္ကားေမာင္းသူျဖစ္ေနရင္ေတာင္ လူေတြေဘးကင္းကင္းနဲ႔အိမ္ျပန္ေရာက္ၿပီးမိသားစုေတြနဲ႔ေပ်ာ္ရေအာင္ငါလုပ္ေပးေနတာလို႔ခံယူတယ္ဆိုရင္)သူ႔ကိုဘယ္လိုပဲေျပာၾကပါေစ သူကေတာ့မမႈဘဲ အလုပ္မွာေပ်ာ္႐ႊင္ေနမွာပဲျဖစ္ပါတယ္။ဒါေၾကာင့္ အခုေဖာ္ျပခဲ့တဲ့အခ်က္ေတြနဲ႔ စိတ္ဖိစီးမႈကိုတိုက္ထုတ္ပစ္ၿပီးေအာင္ျမင္မႈေတြကိုအရယူၾကပါစို႔ေနာ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*