ကိုယ့်ရဲ့တစ်နေ့တာအကြောင်းမေးတဲ့အခါ ဖြေချင်သလိုဖြေလို့ရသလား

အလုပ်အင်တာဗျူးတစ်ခုဖြေတဲ့အခါ အလုပ်ရှင်လည်းမေးချင်ရာမေး၊ငါလည်းစိတ်ထဲရှိတဲ့အတိုင်ဖြေလိုက်မယ်ဆိုတဲ့ပုံစံမျိုးတကယ်လုပ်လို့ရပါသလား။ တကယ်တော့အင်တာဗျူးသူမေးတဲ့မေးခွန်းတိုင်းရဲ့နောက်ကွယ်မှာ ပုန်းကွယ်နေတဲ့အဓိပ္ပါယ်တွေဆိုတာရှိစမြဲပါ။မေးခွန်းတိုပေမယ့် သိုင်းသိုင်းဝိုင်းဝိုင်းဖြေဆိုပြီး ကိုယ့်အရည်အချင်းကိုပြရတာရှိသလိုရိုးရှင်းတယ်ထင်ရပေမယ့်သတိထားဖြေရမယ့်မေးခွန်းတွေလည်းရှိပါတယ်။အင်တာဗျူးတွေမှာမေးလေ့ရှိတဲ့ “မင်းရဲ့တစ်နေ့တာကဘယ်လိုလဲ၊ပုံမှန်အားဖြင့်ဘယ်လိုဖြတ်သန်းလေ့ရှိလဲ” ဆိုတဲ့မေး ခွန်းမျိုးကို ငါကတော့ရုံးသွားတယ်၊ကော်ဖီသောက်တယ်၊ အီးမေးလ်စစ်တယ်၊ အလုပ်နည်းနည်းပါးပါးလုပ်တယ်၊ ထမင်းစားတယ်စသ ဖြင့်ရိုးရှင်းတဲ့အဖြေတွေပဲဖြေလို့အဆင်မပြေပါဘူးနော်။ ဒီလိုမေးခွန်းမျိုးအတွက်အကောင်းမွန်ဆုံးဖြေကြားနည်းပုံစံတွေရှိနေပါတယ်။

ကိုယ်လာလျှောက်တဲ့ရာထူးရဲ့ Job Description ကိုကြည့်ပါ
“မင်းရဲ့တစ်နေ့တာကဘယ်လိုလဲ” ဆိုတဲ့မေးခွန်းကို လက်ရှိကိုယ်လာလျှောက်တဲ့ Position အတွက်လုပ်ရမယ့်တာဝန်တွေနဲ့ ကိုယ့်ရဲ့အရင်အလုပ်ကလုပ်ငန်းတာဝန်တွေ၊အတွေ့အကြုံတွေကိုရော‌နှောပြီး ပြောပြနိုင်ပါတယ်။ ကိုယ်က Communications Specialist နေရာလျှောက်တာမျိုးဆိုရင် “ကျွန်မရဲ့တစ်နေ့တာကတော့ ရုံးကိုအချိန်မီလာတယ်၊ အီးမေးလ်စစ်တယ်၊တစ်နေ့တာအတွက် to-do-list နဲ့ ဦိးစားပေးအလုပ်တွေကိုချရေးတယ်။ ပြီးရင်တော့ဆိုရှယ်မီဒီယာမှာတင်ဖို့စာတွေရေးတယ်၊ ဒီဇိုင်းလုပ်တယ်၊ မနက်ပိုင်းမှာ Creative ဖြစ်တာတွေများများလုပ်ပါတယ်။ Brainstorming လုပ်တယ်။ နေ့ခင်းမှာတော့ Social media campaign တွေရဲ့ Data တွေကို စုတယ်။ Report တင်ဖို့လုပ်တယ်” စသဖြင့် သူတို့လိုချင်နေတဲ့အရည်အချင်းနဲ့လုပ်ကိုင်တတ်မှုတွေကိုယ့်မှာရှိကြောင်းသိအောင် ပြောဆိုရမှာဖြစ်ပါတယ်။

ကိုယ်ဘယ်လောက်ထိတာဝန်တွေပြီးမြောက်အောင်လုပ်နိုင်ကြောင်းပြောပါ
နောက်တစ်ချက်ကကိုယ့်ရဲ့ Time Management အကြောင်းပြောဖို့ဖြစ်ပါတယ်။ အချိန်ကိုဘယ်လိုအကျိုးရှိရှိထိထိရောက်ရောက် စီမံခန့်ခွဲတယ်ဆိုတာမျိုးပြောတတ်ဖို့လိုပါတယ်။ တစ်နေ့တာမှာဘယ်အချိန်ဟာ ကိုယ့်အတွက်အပျော်ဆုံးလဲ၊ ဒါမှမဟုတ်နည်းနည်းခက်ခဲလဲ ဆိုတာလေးတွေထည့်ပြောနိုင်ပါတယ်။ လက်ရှိလျှောက်တဲ့ Position အတွက်လည်းဘာတွေဆောင်ရွက်နိုင်ဖို့မျှော်လင့်ထားပါတယ်ဆိုတာမျိုးပြောနိုင်ပါတယ်။

ပေါင်းစပ်ပြီး အသေးစိတ်ပြောဆိုပါ
ကိုယ်လုပ်ဆောင်ရတဲ့တစ်နေ့တာအလုပ်တွေကို စဉ်းစားလိုက်ပါ။ ဒါပေမဲ့တစ်နေ့တည်းမှာလုပ်ဆောင်တာတွေကိုပဲပြောပါလို့ ကန့်သတ်မထားပါဘူးနော်။ကိုယ်ကစားသောက်ဆိုင်ဝန်ထမ်းဆိုရင် တချို့နေ့တွေကျ‌တော့ Customer တွေဘယ်လိုကျတာ၊အဲလိုနေ့မျိုးဆိုရင်တော့ ဘယ်လိုကိုင်တွယ်ဖြေရှင်းတယ်၊ဘယ်လိုစီမံခန့်ခွဲပြီးလုပ်ရတယ်ဆိုတာမျိုးတွေပါ ထည့်ပြောနိုင်ပါတယ်။ကိုယ်ကြုံဖူးသမျှတွေကိုအားလုံးရောမွှေပြီး သိုင်းဝိုင်းဖြေလို့ရပါတယ်။ကိုယ့်ရဲ့တစ်နေ့တာအကြောင်းပြောပြရင်း ကိုယ့်ရဲ့ Soft Skills ၊ Hard Skills တော်တော်များများကိုဖော်ပြနိုင်ဖို့လိုပါတယ်။ ဒီလိုဖြေကြားတတ်ရင်တော့ ရိုးရှင်းတဲ့မေးခွန်းလေးကနေကိုယ့်ရဲ့အရည်အချင်းတွေကိုအများကြီးတွေ့ရှိသွားပြီး အလုပ်ရဖို့အခွင့်အလမ်းများပြားမှာဖြစ်ပါတယ်။

Ju Ju

zawgyi

အလုပ္အင္တာဗ်ဴးတစ္ခုေျဖတဲ့အခါ အလုပ္ရွင္လည္းေမးခ်င္ရာေမး၊ငါလည္းစိတ္ထဲရွိတဲ့အတိုင္ေျဖလိုက္မယ္ဆိုတဲ့ပုံစံမ်ိဳးတကယ္လုပ္လို႔ရပါသလား။ တကယ္ေတာ့အင္တာဗ်ဴးသူေမးတဲ့ေမးခြန္းတိုင္းရဲ႕ေနာက္ကြယ္မွာ ပုန္းကြယ္ေနတဲ့အဓိပၸါယ္ေတြဆိုတာရွိစၿမဲပါ။ေမးခြန္းတိုေပမယ့္ သိုင္းသိုင္းဝိုင္းဝိုင္းေျဖဆိုၿပီး ကိုယ့္အရည္အခ်င္းကိုျပရတာရွိသလို႐ိုးရွင္းတယ္ထင္ရေပမယ့္သတိထားေျဖရမယ့္ေမးခြန္းေတြလည္းရွိပါတယ္။အင္တာဗ်ဴးေတြမွာေမးေလ့ရွိတဲ့ “မင္းရဲ႕တစ္ေန႔တာကဘယ္လိုလဲ၊ပုံမွန္အားျဖင့္ဘယ္လိုျဖတ္သန္းေလ့ရွိလဲ” ဆိုတဲ့ေမး ခြန္းမ်ိဳးကို ငါကေတာ့႐ုံးသြားတယ္၊ေကာ္ဖီေသာက္တယ္၊ အီးေမးလ္စစ္တယ္၊ အလုပ္နည္းနည္းပါးပါးလုပ္တယ္၊ ထမင္းစားတယ္စသ ျဖင့္႐ိုးရွင္းတဲ့အေျဖေတြပဲေျဖလို႔အဆင္မေျပပါဘူးေနာ္။ ဒီလိုေမးခြန္းမ်ိဳးအတြက္အေကာင္းမြန္ဆုံးေျဖၾကားနည္းပုံစံေတြရွိေနပါတယ္။

ကိုယ္လာေလွ်ာက္တဲ့ရာထူးရဲ႕ Job Description ကိုၾကည့္ပါ
“မင္းရဲ႕တစ္ေန႔တာကဘယ္လိုလဲ” ဆိုတဲ့ေမးခြန္းကို လက္ရွိကိုယ္လာေလွ်ာက္တဲ့ Position အတြက္လုပ္ရမယ့္တာဝန္ေတြနဲ႔ ကိုယ့္ရဲ႕အရင္အလုပ္ကလုပ္ငန္းတာဝန္ေတြ၊အေတြ႕အႀကဳံေတြကိုေရာ‌ေႏွာၿပီး ေျပာျပႏိုင္ပါတယ္။ ကိုယ္က Communications Specialist ေနရာေလွ်ာက္တာမ်ိဳးဆိုရင္ “ကြၽန္မရဲ႕တစ္ေန႔တာကေတာ့ ႐ုံးကိုအခ်ိန္မီလာတယ္၊ အီးေမးလ္စစ္တယ္၊တစ္ေန႔တာအတြက္ to-do-list နဲ႔ ဦိးစားေပးအလုပ္ေတြကိုခ်ေရးတယ္။ ၿပီးရင္ေတာ့ဆိုရွယ္မီဒီယာမွာတင္ဖို႔စာေတြေရးတယ္၊ ဒီဇိုင္းလုပ္တယ္၊ မနက္ပိုင္းမွာ Creative ျဖစ္တာေတြမ်ားမ်ားလုပ္ပါတယ္။ Brainstorming လုပ္တယ္။ ေန႔ခင္းမွာေတာ့ Social media campaign ေတြရဲ႕ Data ေတြကို စုတယ္။ Report တင္ဖို႔လုပ္တယ္” စသျဖင့္ သူတို႔လိုခ်င္ေနတဲ့အရည္အခ်င္းနဲ႔လုပ္ကိုင္တတ္မႈေတြကိုယ့္မွာရွိေၾကာင္းသိေအာင္ ေျပာဆိုရမွာျဖစ္ပါတယ္။

ကိုယ္ဘယ္ေလာက္ထိတာဝန္ေတြၿပီးေျမာက္ေအာင္လုပ္ႏိုင္ေၾကာင္းေျပာပါ
ေနာက္တစ္ခ်က္ကကိုယ့္ရဲ႕ Time Management အေၾကာင္းေျပာဖို႔ျဖစ္ပါတယ္။ အခ်ိန္ကိုဘယ္လိုအက်ိဳးရွိရွိထိထိေရာက္ေရာက္ စီမံခန႔္ခြဲတယ္ဆိုတာမ်ိဳးေျပာတတ္ဖို႔လိုပါတယ္။ တစ္ေန႔တာမွာဘယ္အခ်ိန္ဟာ ကိုယ့္အတြက္အေပ်ာ္ဆုံးလဲ၊ ဒါမွမဟုတ္နည္းနည္းခက္ခဲလဲ ဆိုတာေလးေတြထည့္ေျပာႏိုင္ပါတယ္။ လက္ရွိေလွ်ာက္တဲ့ Position အတြက္လည္းဘာေတြေဆာင္႐ြက္ႏိုင္ဖို႔ေမွ်ာ္လင့္ထားပါတယ္ဆိုတာမ်ိဳးေျပာႏိုင္ပါတယ္။

ေပါင္းစပ္ၿပီး အေသးစိတ္ေျပာဆိုပါ
ကိုယ္လုပ္ေဆာင္ရတဲ့တစ္ေန႔တာအလုပ္ေတြကို စဥ္းစားလိုက္ပါ။ ဒါေပမဲ့တစ္ေန႔တည္းမွာလုပ္ေဆာင္တာေတြကိုပဲေျပာပါလို႔ ကန႔္သတ္မထားပါဘူးေနာ္။ကိုယ္ကစားေသာက္ဆိုင္ဝန္ထမ္းဆိုရင္ တခ်ိဳ႕ေန႔ေတြက်‌ေတာ့ Customer ေတြဘယ္လိုက်တာ၊အဲလိုေန႔မ်ိဳးဆိုရင္ေတာ့ ဘယ္လိုကိုင္တြယ္ေျဖရွင္းတယ္၊ဘယ္လိုစီမံခန႔္ခြဲၿပီးလုပ္ရတယ္ဆိုတာမ်ိဳးေတြပါ ထည့္ေျပာႏိုင္ပါတယ္။ကိုယ္ႀကဳံဖူးသမွ်ေတြကိုအားလုံးေရာေမႊၿပီး သိုင္းဝိုင္းေျဖလို႔ရပါတယ္။ကိုယ့္ရဲ႕တစ္ေန႔တာအေၾကာင္းေျပာျပရင္း ကိုယ့္ရဲ႕ Soft Skills ၊ Hard Skills ေတာ္ေတာ္မ်ားမ်ားကိုေဖာ္ျပႏိုင္ဖို႔လိုပါတယ္။ ဒီလိုေျဖၾကားတတ္ရင္ေတာ့ ႐ိုးရွင္းတဲ့ေမးခြန္းေလးကေနကိုယ့္ရဲ႕အရည္အခ်င္းေတြကိုအမ်ားႀကီးေတြ႕ရွိသြားၿပီး အလုပ္ရဖို႔အခြင့္အလမ္းမ်ားျပားမွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*