စေ့စပ်ထားတဲ့ ချစ်သူနဲ့ မိတ်ဆက်ပေးခဲ့တဲ့ လေဒီဂါဂါ

အဆိုတော်လေဒီဂါဂါကတော့ သူမရဲ့ ချစ်သူမိုက်ကယ်ပိုလန်စကီးကို ပါရီမှာစေ့စပ်ထားသူအဖြစ် မိတ်ဆက်ပေးခဲ့ပါတယ်။လေဒီဂါဂါအတွက် မင်္ဂလာခေါင်းလောင်းသံများ မကြာမီမြည်တော့မှာလားလို့ အားလုံးကသို့လော သို့လောတွေဖြစ်ခဲ့ကြပါတယ်။မင်းသမီးနဲ့ အဆို တော်က လေးနှစ်ကြာချစ်သူတွေအဖြစ် သိရှိထားခဲ့ကြပါတယ်။သူမရဲ့ချစ်သူကို ပြင်သစ်ဝန်ကြီးချုပ် ဂါဘရီရယ်အက်တဲလ်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။တနင်္ဂနွေ့နေက အိုလံပစ်ရေကူးပြိုင်ပွဲကိုတက်ရောက်စဉ်မှာ ဝန်ကြီးချုပ်နဲ့တွေ့ခဲ့တာဖြစ်ပါတယ်။

အော်စကာဆုရှင်က ၂၀၂၄ ခုနှစ် နွေရာသီ အိုလံပစ်ဖွင့်ပွဲ အခမ်းအနားမှာ ဖျော်ဖြေရန်ပဲရစ်ကိုရောက်ရှိနေတာဖြစ်ပါတယ်။နွေရာသီ အိုလံပစ်ဖွင့်ပွဲ အခမ်းအနားကို အဆိုတော် လေဒီဂါဂါက ပါရီမှာ သောကြာနေ့မှာဖျော်ဖြေမှာ ဖြစ်ပါတယ်။အဆိုတော်နဲ့ နည်းပညာသမားဖြစ်တဲ့ စွန့်ဦးတီထွင်သူတဦးဖြစ်သူ မိုက်ကယ်ပိုလန်စကီးနဲ့ ၂၀၂၀မှာ သူတို့ရဲ့ အချစ်ရေးကို တရားဝင်ဖွင့်ဟပြခဲ့တာဖြစ်ပါတယ်။

MYit

zawgyi



MYit

Be the first to comment

Leave a Reply

Your email address will not be published.


*