အကူအညီအပေးတတ်ဆုံး ရာသီခွင် (၄)ခု

သူတပါးကို ကူညီပေးတတ်တဲ့သူတွေ၊ ဖော်ရွေတဲ့လက်တစုံဖြစ်ကြတဲ့ ရာသီခွင်တွေကဘယ်သူတွေများဖြစ်မလဲ။ တချို့လူတွေက တခြားသူတွေထက်ပိုပြီးအကူအညီပေးတတ်ကြပါတယ်။ သူတို့တွေကတော့ ဒီရာသီခွင်တွေပဲဖြစ်ကြပါတယ်။

Virgo
ဩဂုတ်လ ၂၃ရက်ကနေ စက်တင်ဘာ ၂၂ရက်အတွင်း မွေးဖွားကြသူများဖြစ်ပါတယ်။သူတို့တွေက လက်တွေ့ကျတဲ့အကူအညီများပေးရာမှာ ထူးချွန်ကြပါတယ်။အသေးစိတ်ကိုဦးတည်ပြီး စည်းစနစ်ကျတဲ့ အကူအညီမျိုးကိုပေးဖို့ မတွန့်ဆုတ်ကြပါဘူး။သူတို့က ပြဿနာများဖြေရှင်းရာမှာ ကျွမ်းကျင်သူများဖြစ်ပြီးအသေးစိတ်အချက်အလက်များကို အာရုံစိုက်တာကြောင့် ဘယ်နေရာကမှချော်ထွက်သွားမှာမ ဟုတ်ပါဘူး။

Cancer
ဇွန်လ ၂၁ရက်ကနေ ဇူလိုင် ၂၂ရက်အတွင်းမွေးဖွားသူများကို Cancer ရာသီခွင်များလို့ခေါ်ပါတယ်။ သူတို့က စိတ်ခံစားမှုကိုအာရုံခံနိုင်စွမ်းနဲ့
စာနာမှုကြောင့်လူသိများပါတယ်။ သူတို့က တခြားသူများရဲ့ ခံစားချက်များကို ချိတ်ဆက်နိုင်တဲ့မွေးရာပါစွမ်းရည်ရှိကြပြီး စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများပေးနိုင်ကြပါတယ်။ သူတို့ကတခြားသူများကို လုံခြုံစေပြီး ချစ်ခြင်းမေတ္တာခံစားရစေဖို့ ပံ့ပိုးနိုင်ကြပါတယ်။

Libra
စက်တင်ဘာ ၂၃ကနေ အောက်တိုဘာ ၂၂အတွင်းမွေးဖွားကြသူများကို Libra ရာသီခွင်များလို့ခေါ်ကြပါတယ်။ သူတို့က ငြိမ်းချမ်းရေးသံတမန်များဖြစ်ပြီးတခြားသူတွေကိုဖေးမကူညီတတ်တဲ့ သူငယ်ချင်းတွေဖြစ်ကြပါတယ်။ အပေးအယူ ဒါမှမဟုတ်ဖြေရှင်းမှုတခုခုလို အပ်လာတဲ့အခါတိုင်းမှာ သူတို့ရဲ့အကူအညီကိုရယူနိုင်ပါတယ်.

Pisces
ဖေဖော်ဝါရီ ၁၉ကနေ မတ်လ ၂၀အတွင်း မွေးဖွားသူများကို Pisces ရာသီဖွားများလို့ခေါ်ကြပါတယ်။ သူတို့က စာနာတတ်တဲ့သဘောက တခြားသူတွေရဲ့စိတ်ခံစားချက်တွေကိုနားလည်စေနိုင်ပါတယ်။ တခြားသူများရဲ့လိုအပ်ချက်များကို ကူညီဖို့ ဆန္ဒရှိကြပါတယ်။သူတို့က စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုနဲ့ ဘေးကင်းပြီး လုံခြုံမှုရှိတဲ့ခံစားချက်တွေကိုပံ့ပိုးပေးရာမှာ ထူးချွန်ကြပါတယ်။

MYit

zawgyi


Virgo

Cancer

Libra

Pisces

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*