Melissa McCarthy ရဲ့နဖူးပေါ်မှာလက်မှတ်ထိုးခဲ့တဲ့ Billie Eilish

သရုပ်ဆောင် Melissa McCarthy က “ငါဘယ်တော့မှမျက်နှာမသစ်တော့ဘူး၊ ငါ့ဘဝမှာဖြစ်ချင်တဲ့ဆန္ဒတွေထဲကတစ်ခုကတော့ ပြည့်မြောက်သွားပြန်ပြီ” လို့ သူမရဲ့ Instagram Post မှာရေးခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ SAG Awards အခမ်းအနားမှာ Billie Eilish က သူမရဲ့နဖူးပေါ်လက်မှတ်ရေးထိုးပေးခဲ့တာကြောင့်ဖြစ်ပါတယ်။ပြီးခဲ့တဲ့ စနေနေ့ကကျင်းပခဲ့တဲ့ SAG Awards ပွဲမှာ Billie Eilish နဲ့ Melissa McCarthy တို့နှစ်ယောက်ကဟာသဇာတ်လမ်းတွဲထဲကအကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ထူးချွန်ဆုကိုအတူကြေညာကြရတာဖြစ်ပါတယ်။

Melissa McCarthy က ဂရမ်မီဆု 9 ဆုရထားတဲ့ Billie Eilish ကို သူမရဲ့ဂါဝန်ပေါ်မှာအမှတ်တရလက်မှတ်ရေးထိုးပေးစေချင်တယ်လို့ ပြောခဲ့တဲ့အခါမှာတော့ Billie Eilish အဝတ်အစားကိုပျက်စီးမှာစိုးတယ်ဆိုပြီးငြင်းခဲ့တာပါ။ Melissa ကဒါဆိုရင်နဖူးပေါ်မှာထိုးပေးပါဆိုပြီးပြောခဲ့လို့ Billie Eilish က လက်မှတ်ထိုးလိုက်တာဖြစ်ပါတယ်။သူမရဲ့လက်မှတ်မှာ အသဲပုံလေးနှစ်ခုပါ ထည့်ပေးခဲ့တာတွေ့ရပါတယ်။ SAG Awards ရဲ့ Winner ဖြစ်သွားသူတွေကတော့ Cillian Murphy (Oppenheimer)၊Lily Gladstone (Killers of the Flower Moon) တို့ဖြစ်ကြပါတယ်။

Ju Ju

zawgyi

သ႐ုပ္ေဆာင္ Melissa McCarthy က “ငါဘယ္ေတာ့မွမ်က္ႏွာမသစ္ေတာ့ဘူး၊ ငါ့ဘဝမွာျဖစ္ခ်င္တဲ့ဆႏၵေတြထဲကတစ္ခုကေတာ့ ျပည့္ေျမာက္သြားျပန္ၿပီ” လို႔ သူမရဲ႕ Instagram Post မွာေရးခဲ့တာပါ။ ဘာေၾကာင့္လဲဆိုေတာ့ SAG Awards အခမ္းအနားမွာ Billie Eilish က သူမရဲ႕နဖူးေပၚလက္မွတ္ေရးထိုးေပးခဲ့တာေၾကာင့္ျဖစ္ပါတယ္။ၿပီးခဲ့တဲ့ စေနေန႔ကက်င္းပခဲ့တဲ့ SAG Awards ပြဲမွာ Billie Eilish နဲ႔ Melissa McCarthy တို႔ႏွစ္ေယာက္ကဟာသဇာတ္လမ္းတြဲထဲကအေကာင္းဆုံးအမ်ိဳးသမီးသ႐ုပ္ေဆာင္ထူးခြၽန္ဆုကိုအတူေၾကညာၾကရတာျဖစ္ပါတယ္။

Melissa McCarthy က ဂရမ္မီဆု 9 ဆုရထားတဲ့ Billie Eilish ကို သူမရဲ႕ဂါဝန္ေပၚမွာအမွတ္တရလက္မွတ္ေရးထိုးေပးေစခ်င္တယ္လို႔ ေျပာခဲ့တဲ့အခါမွာေတာ့ Billie Eilish အဝတ္အစားကိုပ်က္စီးမွာစိုးတယ္ဆိုၿပီးျငင္းခဲ့တာပါ။ Melissa ကဒါဆိုရင္နဖူးေပၚမွာထိုးေပးပါဆိုၿပီးေျပာခဲ့လို႔ Billie Eilish က လက္မွတ္ထိုးလိုက္တာျဖစ္ပါတယ္။သူမရဲ႕လက္မွတ္မွာ အသဲပုံေလးႏွစ္ခုပါ ထည့္ေပးခဲ့တာေတြ႕ရပါတယ္။ SAG Awards ရဲ႕ Winner ျဖစ္သြားသူေတြကေတာ့ Cillian Murphy (Oppenheimer)၊Lily Gladstone (Killers of the Flower Moon) တို႔ျဖစ္ၾကပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*