လမ်းမှားရောက်နေကြောင်းသိနိုင်တဲ့ လက္ခဏာ (၄)ခု

တခါတရံမှာ ကိုယ့်ရဲ့ဦးတည်ရာက သေချာမှုရှိရဲ့လား၊ ကိုယ့်ရဲ့ဆန္ဒများနဲ့မကိုက်ညီတဲ့လမ်းကြောင်းမှာ ရောက်နေသလားလို့ သံသယဖြစ်တတ်ကြပါတယ်။လမ်းကြောင်းမှားနေတယ်လို့ ညွှန်ပြတဲ့ လက္ခဏာများကို သတိပြုမိဖို့ အရေးကြီးပါတယ်။

စိတ်အားထက်သန်မှု မရှိတာ

သင်က လမ်းမှားကိုရောက်နေပြီဖြစ်တဲ့ အထင်ရှားဆုံးလက္ခဏာတခုကတော့သင်လုပ်နေတဲ့အရာကို ဝါသနာမပါတာပဲဖြစ်ပါတယ်။ စိတ်လှုပ်ရှားတာ ဒါမှမဟုတ်စိတ်အားထက်သန်မှုမရှိဘဲ သင်ဖြတ်သန်းနေရပြီဆိုရင် ဒါက တခုခုမှားယွင်းနေပြီဆိုတဲ့လက္ခဏာပါပဲ။

အမြဲတစေ မကျေနပ်မှု

အပြင်ပန်းအောင်မြင်မှု ဒါမှမဟုတ် သင့်ရည်မှန်းချက်များ ပြည့်မီပေမဲ့ မကျေမနပ်ဖြစ်တာ၊မပြည့်စုံဘူးလို့ မကြာခဏခံစားနေရပါသ လား။ ဒီခံစားချက်က သင့်တန်းဖိုးများ၊ ဒါမှမဟုတ်မျှော်မှန်းချက်များနဲ့ လိုက်လျောညီထွေစွာ နေထိုင်နေတာမဟုတ်ဘူးဆိုတာညွှန်ပြနိုင်ပါလိမ့်မယ်။ သင့်အတွင်းစိတ်အသံကိုနားထောင်ပြိး ပိုမိုပြည့်စုံတဲ့ဘဝတခုကိုဖန်တီးဖို့အတွက် အပြောင်းအလဲများကို စူးစမ်းပါ။

စဉ်ဆက်မပြတ်ရုန်းကန်နေရတာ

ဘဝက စိန်ခေါ်မှုများနဲ့ပြည့်နှက်နေပေမဲ့ သင်က အတားအဆီးများကိုအဆက်မပြတ်တိုက်ခိုက်နေရတာမျိုး ကြုံရပါသလား။ အခက်အခဲများကိုကျော်လွှားဖို့ခံနိုင်ရည်ကို တည်ဆောက်နိုင်ပေမဲ့ တိုးတက်မှုမရှိဘဲ ဆက်တိုက်ရုန်းကန်နေရတာကသင့်ဘဝခရီးအတွက် အဆင်မပြေတာကို ပြနေတာပါ။ ပိုမိုလွယ်ကူပြီးတခြားလမ်းကြောင်းများရှိ၊ မရှိကို သုံးသပ်ပါ။

အလိုလိုသိစိတ်က ပြောတာ

မင်းရဲ့နှလုံးသားကခံစားချက်ကို ယုံကြည်ပါ။ မကြာခဏဆိုသလို အလိုလိုသိစိတ်ကနေလမ်းညွှန်တတ်ပါတယ်။ ဆက်တိုက်မသာယာတဲ့ခံစားမှု ဒါမှမဟုတ် တစုံတရာမမှန်ကန်ဘူးလို့ခံစားနေရတယ်ဆိုရင် သင့်ရဲ့လက်ရှိလမ်းကြောင်းက မှားနေလို့ပါပဲ။

MYit

zawgyi

တခါတရံမွာ ကိုယ့္ရဲ႕ဦးတည္ရာက ေသခ်ာမႈရွိရဲ႕လား၊ ကိုယ့္ရဲ႕ဆႏၵမ်ားနဲ႔မကိုက္ညီတဲ့လမ္းေၾကာင္းမွာ ေရာက္ေနသလားလို႔ သံသယျဖစ္တတ္ၾကပါတယ္။လမ္းေၾကာင္းမွားေနတယ္လို႔ ၫႊန္ျပတဲ့ လကၡဏာမ်ားကို သတိျပဳမိဖို႔ အေရးႀကီးပါတယ္။

စိတ္အားထက္သန္မႈ မရွိတာ

သင္က လမ္းမွားကိုေရာက္ေနၿပီျဖစ္တဲ့ အထင္ရွားဆုံးလကၡဏာတခုကေတာ့သင္လုပ္ေနတဲ့အရာကို ဝါသနာမပါတာပဲျဖစ္ပါတယ္။ စိတ္လႈပ္ရွားတာ ဒါမွမဟုတ္စိတ္အားထက္သန္မႈမရွိဘဲ သင္ျဖတ္သန္းေနရၿပီဆိုရင္ ဒါက တခုခုမွားယြင္းေနၿပီဆိုတဲ့လကၡဏာပါပဲ။

အၿမဲတေစ မေက်နပ္မႈ

အျပင္ပန္းေအာင္ျမင္မႈ ဒါမွမဟုတ္ သင့္ရည္မွန္းခ်က္မ်ား ျပည့္မီေပမဲ့ မေက်မနပ္ျဖစ္တာ၊မျပည့္စုံဘူးလို႔ မၾကာခဏခံစားေနရပါသ လား။ ဒီခံစားခ်က္က သင့္တန္းဖိုးမ်ား၊ ဒါမွမဟုတ္ေမွ်ာ္မွန္းခ်က္မ်ားနဲ႔ လိုက္ေလ်ာညီေထြစြာ ေနထိုင္ေနတာမဟုတ္ဘူးဆိုတာၫႊန္ျပႏိုင္ပါလိမ့္မယ္။ သင့္အတြင္းစိတ္အသံကိုနားေထာင္ၿပိး ပိုမိုျပည့္စုံတဲ့ဘဝတခုကိုဖန္တီးဖို႔အတြက္ အေျပာင္းအလဲမ်ားကို စူးစမ္းပါ။

စဥ္ဆက္မျပတ္႐ုန္းကန္ေနရတာ

ဘဝက စိန္ေခၚမႈမ်ားနဲ႔ျပည့္ႏွက္ေနေပမဲ့ သင္က အတားအဆီးမ်ားကိုအဆက္မျပတ္တိုက္ခိုက္ေနရတာမ်ိဳး ႀကဳံရပါသလား။ အခက္အခဲမ်ားကိုေက်ာ္လႊားဖို႔ခံႏိုင္ရည္ကို တည္ေဆာက္ႏိုင္ေပမဲ့ တိုးတက္မႈမရွိဘဲ ဆက္တိုက္႐ုန္းကန္ေနရတာကသင့္ဘဝခရီးအတြက္ အဆင္မေျပတာကို ျပေနတာပါ။ ပိုမိုလြယ္ကူၿပီးတျခားလမ္းေၾကာင္းမ်ားရွိ၊ မရွိကို သုံးသပ္ပါ။

အလိုလိုသိစိတ္က ေျပာတာ

မင္းရဲ႕ႏွလုံးသားကခံစားခ်က္ကို ယုံၾကည္ပါ။ မၾကာခဏဆိုသလို အလိုလိုသိစိတ္ကေနလမ္းၫႊန္တတ္ပါတယ္။ ဆက္တိုက္မသာယာတဲ့ခံစားမႈ ဒါမွမဟုတ္ တစုံတရာမမွန္ကန္ဘူးလို႔ခံစားေနရတယ္ဆိုရင္ သင့္ရဲ႕လက္ရွိလမ္းေၾကာင္းက မွားေနလို႔ပါပဲ။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*