Career ပြောင်းတာရဲ့ အားသာချက် (၄)ချက်

အသက်မွေးဝမ်းကြောင်းအသစ်တစ်ခုကို ကူးပြောင်းခြင်းက ရဲရင့်သောလှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ လက်ရှိအသက်မွေးဝမ်းကြောင်းကနေတခြားတခုကိုထပ်ပြောင်းလိုက်တာက ကိုယ့်အတွက် စိန်ခေါ်မှုလည်းဖြစ်သလို တဖက်မှာလည်းအားသာချက်တွေအခွင့်အလမ်းတွေအများကြီးရှိနိုင်ပါတယ်။ အခုဖော်ပြပေးမှာကတော့အသက်မွေးဝမ်းကြောင်းပြောင်းလဲတာရဲ့ အားသာချက်တွေပဲဖြစ်ပါတယ်။

ကျွမ်းကျင်မှုအသစ်များကို လေ့လာပါ

တစ်သက်တာသင်ယူခြင်းဆိုတဲ့အချက်ကို သင်မေ့ပစ်လိုက်လို့မရပါဘူး။ပုံမှန်အသက်မွေးဝမ်းကြောင်းတခုမှာပဲ နှစ်ရှည်လုပ်တာရဲ့အား နည်းချက်က သင်ယူမှု၊လေ့လာမှုတွေ အားပျက်သွားစေပါတယ်။ အလုပ်သစ်တခုကိုပြောင်းရွေ့လိုက်တာရဲ့အားသာချက်က ကျွမ်းကျင်မှုအသစ်တွေ၊ ကိရိယာအသစ်တွေကိုသင်ယူဖို့အတွက်စိန်ခေါ်မှုအသစ်များနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ဖို့ အခွင့်အလမ်းပေးပါတယ်။

အမြင်သစ်တစ်ခုကိုရယူပါ

တူညီတဲ့အနေအထားတွင်ရှိနေခြင်းက နှစ်သိမ့်မှုနဲ့ ရင်းနှီးမှုရစေနိုင်ပါတယ်။ တည်ငြိမ်မှုကိုတောင့်တခြင်းကနေ ဘာတစ်ခုမှ အမှားယွင်း မရှိနိုင်ပေမဲ့ တူညီတဲ့အရာများစွာကသင့်ကိုတုံ့ဆိုင်းသွားစေပါတယ်။ သင့်ကအဖွဲ့အစည်း ဒါမှမဟုတ် အလုပ်မှာပျော်ရွှင်နေပေမဲ့အခွင့်အ လမ်းအသစ်များရှာဖွေတာကနေ အတွေ့အကြုံအသစ်တွေရရှိနိုင်ပါတယ်။အသွင်ကူးပြောင်းတာကနေ သင့်ကိုအားသာချက်၊အားနည်း ချက်များပြန်လည်အကဲဖြတ်ဖို့အတွက်နဲ့ ကိုယ်ပိုင်တန်ဖိုးများနဲ့ မျှော်မှန်းချက်များကိုပြန်လည်ချိန်ညှိနိုင်ပါတယ်။

ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်မောင်းနှင်ပါ

အလုပ်များပြောင်းခြင်းက သင့်လုပ်ငန်းခွင်လမ်းကြောင်းကို ထိန်းချုပ်စေပြီးစိတ်လှုပ်ရှားမှုအသစ်များကို ဖြည့်ဆည်းပေးနိုင်ပါတယ်။
အပြုသဘောဆောင်တဲ့ချဉ်းကပ်မှုကနေ သင့်ကို ပရောက်ဖက်ရှင်နယ်လမ်းခရီးကိုပုံဖော်ရန်အတွက်နဲ့ အသက်မွေးဝမ်းကြောင်းအမြင်နဲ့ ကိုက်ညီတဲ့ အခန်းကဏ္ဍများကိုတက်ကြွစွာလုပ်ဆောင်ရန် ခွန်အားပေးပါတယ်။ Career ချိန်းလိုက်တာကကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကိုတိုးမြှင့်စေနိုင်ပြီး စွမ်းရည်နဲ့ ဆုံးဖြတ်ချက်ချခြင်းအပေါ်မှာယုံကြည်မှုအားကောင်းစေပါတယ်။

ပင်မအရည်အချင်းကိုရှာပါ

အသက်မွေးဝမ်းကြောင်းအပြောင်းအရွှေ့တစ်ခုက သင့်အတွက် ပင်မစွမ်းရည်များနဲ့အားသာချက်များကို အကဲဖြတ်ရန် လိုအပ်ပါတယ်။ ဒီတွေးခေါ်မှုဖြစ်စဉ်ကသင့်ကိုအမှန်တကယ်တွန်းအားဖြစ်စေတဲ့အရာကို အကောင်အထည်ဖော်ဖို့ ကူညီပေးပါတယ်။ဒီအချက်က ခက်ခဲတဲ့လုပ်ငန်းစဉ်ဖြစ်ပေမဲ့ သင့်ရဲ့အရည်အချင်းများကိုအရင်းအနှီးပြုပြီးပိုမိုကောင်းမွန်တဲ့ အလုပ်ကို စိတ်ကျေနပ်မှုရရှိစေမယ့် အခန်းကဏ္ဍတခုမှာ သင့်ကိုယ်သင်နေရာကချထားဖို့ ကူညီပေးနိုင်ပါတယ်။

MYit

zawgyi










MYit

Be the first to comment

Leave a Reply

Your email address will not be published.


*