
ဘဝက မမျှော်လင့်တဲ့ အရာတွေနဲ့ ပြည့်နှက်နေပြီး တစ်ခါတစ်ရံမှာ ခက်ခဲတဲ့ အခြေအနေတွေနဲ့ရင်ဆိုင်ရတတ်ပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ စိတ်ဓာတ်ကျပြီး အထီးကျန်တယ်လို့ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်တဲ့ နည်းလမ်းတွေအမြဲရှိပါတယ်။ ဒီလိုအချိန်မှာ ဒီအချက်တွေကသင့်ကိုတစိတ်တပိုင်းအကူအညီဖြစ်စေပါလိမ့်မယ်။
ပြဿနာကို မဟုတ်ဘဲ ဖြေရှင်းနည်းကို အာရုံစိုက်ပါ
ဘဝမှာ ဘယ်အရာမှ ထာဝရ မတည်မြဲပါဘူး။ ဘဝမှာ ကောင်းတဲ့ အချိန်တွေလိုပဲ ခက်ခဲတဲ့အချိန်တွေကလည်း ယာယီပဲဖြစ်တယ်ဆိုတာ သတိရပါ။ ပြဿနာ၊ စိန်ခေါ်မှုတွေကဘယ်လောက်ပဲကြီးမားပါစေ ဒါက ယာယီပဲဆိုတာကိုသတိရပါ။ ဒီအရာတွေအားလုံးက တနေ့မှာ
ရယ်ရယ်မောမောပြန်ပြောရမယ့် အတွေ့အကြုံတခုအဖြစ်ပြီးသွားမယ်ဆိုတာကို သတိရပါ။ဒါကြောင့် ဒီအချိန်မှာ ပြဿနာကိုမဟုတ်ဘဲ ဘယ်လိုဖြေရှင်းရမလဲဆိုတာတဲ့ အချက်ကိုပဲအာရုံစိုက်ပါ။
အခြေအနေကို နားလည်ပြီး လက်ခံခြင်း
ပထမဆုံးအချက်ကတော့ အခြေအနေကို ကောင်းစွာနားလည်လက်ခံဖို့ပါပဲ။ဘာတွေဖြစ်နေတာလဲ၊ ဘယ်လိုတွေပြောင်းလဲသွားသလဲဆိုတာကို သေချာအောင်နားလည်အောင်ကြိုးစားပါ။ မထင်မှတ်တဲ့ အခြေအနေမှာ ဝမ်းနည်းတာ၊ ဒေါသထွက်တာ၊ကြောက်ရွံ့တာ၊ စိုးရိမ်တာ စတဲ့ ခံစားချက်တွေကို ဖုံးကွယ်မထားပါနဲ့။ သူတို့ကိုအသိအမှတ်ပြုပြီး ခံစားခွင့်ပေးလိုက်ပါ။ ပြီးရင်တော့ဒီအခြေအနေကပြောင်းလဲလို့မရဘူးဆိုရင် လက်ခံလိုက်ဖို့ပါ။ ဒီလိုလက်ခံလိုက်တာကရှေ့ဆက်ဖို့အတွက် ပထမခြေလှမ်းဖြစ်ပါတယ်။ တကယ်လို့သင်ကလက်ရှိအခြေအနေကိုလက်မခံဘူးဆိုရင် ရှေ့ဆက်ဖို့ဘယ်လိုမှမဖြစ်နိုင်ပါဘူး။
အပြုသဘောဆောင်တဲ့ အတွေးအခေါ်ကို ထိန်းသိမ်းတာ
ဒုတိယအချက်ကတော့ အပြုသဘောဆောင်တဲ့ အတွေးအမြင်တွေကို ထိန်းသိမ်းဖို့ပါ။အဆိုးမြင်တဲ့ အတွေးတွေကို ဖယ်ရှားပြီးအကောင်း ဘက်ကိုဦးတည်တဲ့အတွေးကိုအားပေးဖို့ပါပဲ။ ဒါကို အလေ့အကျင့်လုပ်ကြည့်ပါ။ မကောင်းတဲ့အတွေးတွေကကိုယ့်ကိုမကောင်းတာတွေပဲဖြစ်စေတယ်ဆိုတာကို သတိချပ်သင့်ပါတယ်။ကောင်းတဲ့အတွေးတွေ များများတွေးပြီး ဘဝကိုအကောင်းမြင်စိတ်နဲ့ရှေ့ဆက်ပါ။တချို့အ ခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ စမ်းသပ်မှုတွေက ပိုကောင်းဖို့အတွက်ဖြစ်လာတဲ့အရာတွေဖြစ်နေတတ်ပါတယ်။ သင့်မှာရှိတဲ့ ကောင်းမွန်တဲ့အရာတွေကို အာရုံစိုက်ပြီးရှေ့ဆက်ပါ။ ဒီအခက်အခဲတွေကိုကျော်လွှားနိုင်တယ်လို့ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ထားပါ။
ရင်းနှီးသူတွေရဲ့ အထောက်အပံ့ကိုရယူပါ
တတိယအချက်ကတော့ သင်ရဲ့ယုံကြည်ရတဲ့မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစုတွေကို ကြုံနေရတဲ့အခက်အခဲကိုဖွင့်ပြောပြီး အားပေးမှုရယူတာပါပဲ။သင့်လိုမျိုးအလားတူအခြေအနေမျိုးကြုံရတဲ့သူတွေ ဆီကနေ အတွေ့အကြုံကိုမေးမြန်းပါ။တခါတလေမှာ တယောက်ထဲဖြေရှင်းတာထက် အများနဲ့ ပူးပေါင်းပြီးအကြံဉာဏ်ရယူပြီးဖြေရှင်းတာက သင့်အတွက်ပိုပြီးအကျိုးဖြစ်စေပါတယ်။
ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ
ဒီမှာအရေးကြီးဆုံးကတော့ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့ပါပဲ။ စိတ်ဖိစီးမှုကိုလျှော့ချဖို့အတွက်အရင်ဆုံး အိပ်ရေးဝဝအိပ်ဖို့လိုပါတယ်။ အ ခက်အခဲတွေက ရေရှည်မတည်ရှိနိုင်ဘူးဆိုတာကိုသတိရပေးပါ။ ဒါကြောင့် ကိုယ့်ရဲ့ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ။လေ့ကျင့်ခန်းလုပ်တာကလည်း စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တာကြောင့် လုပ်သင့်ပါတယ်။ဒီအချိန်မှာ အနားယူတာကလည်း သင့်အတွက်ကောင်းမွန်တဲ့ အခြေအနေဖြစ်ပါတယ်။တရားထိုင်တာ၊ ယောဂကျင့်တာစတဲ့ နည်းလမ်းတွေနဲ့ စိတ်ကိုအနားယူသင့်ပါတယ်။
သင်ယူခြင်းနဲ့ တိုးတက်ခြင်း
သင့်အနေနဲ့ ဒီအခက်အခဲတွေကနေ သင်ယူနိုင်တဲ့ သင်ခန်းစာကိုရှာဖွေသင့်ပါတယ်။ ဒါကအရှုံးထဲက အမြတ်တခုပါပဲ။ လူတိုင်းက အတွေ့ အကြုံဆိုတာကို လွယ်လွယ်ကူကူမရနိုင်ပါဘူး။သင်ယူလို့လည်း မရနိုင်ပါဘူး။ ကိုယ်တိုင်လုပ်ရင်းနဲ့ ရလာတဲ့အတွေ့အကြုံတွေကတန်ဖိုး မဖြတ်နိုင်ပါဘူး။ ရှုံးနိမ့်တာပဲဖြစ်ဖြစ်၊ အောင်မြင်မှုပဲဖြစ်ဖြစ် ဒီအောင်မြင်မှုတွေကနေသင်ယူစရာတွေအများကြီး ပေးနိုင်ပါတယ်။
ဒီအချက်တွေကနေကိုယ့်ကိုယ့်ကိုယ်တိုးတက်အောင်လုပ်ဖို့ပါပဲ။ ခက်ခဲတဲ့အခြေအနေတွေကနေ သင်ယူပြီးကိုယ့်ကိုယ်ကိုယ်တိုးတက်အောင်လုပ်ဖို့ အခွင့်အရေးတရပ်အနေနဲ့ အသုံးချပါ။အခက်အခဲတွေကိုရင်ဆိုင်ရတာက သင့်ကိုပိုပြီးသန်မာစေပါတယ်။ခက်ခဲတဲ့အခြေ အနေကြုံလာရပြီဆိုရင် ပြိုလဲမလား၊ ကျော်လွှားမလားဆိုတာကိုရွေးချယ်ရပါတယ်။ သင်က ဒီပြဿနာနဲ့ ပြိုလဲသွားခဲ့ရင် နောက်ပြဿနာတွေကြုံလာရတဲ့အခါတိုင်းမှာလည်း လွယ်လွယ်အရှုံးပေးနေဦးမှာပါပဲ။ လူတွေက သန်မာဖို့၊ ကြံ့ကြံ့ခံနိုင်ဖို့ဆိုရင်အခက်အခဲတွေဆီကနေပဲ လေ့လာသင်ယူပြီး ကျော်လွှားရတယ်ဆိုတာကို မမေ့လိုက်ပါနဲ့။ဘယ်အခက်အခဲကမှ ရေရှည်မတည်မြဲနိုင်ပါဘူး။
ကျော့ကေခိုင်
zawgyi
ဘဝက မေမွ်ာ္လင့္တဲ့ အရာေတြနဲ႔ ျပည့္ႏွက္ေနၿပီး တစ္ခါတစ္ရံမွာ ခက္ခဲတဲ့ အေျခအေနေတြနဲ႔ရင္ဆိုင္ရတတ္ပါတယ္။ ဒီလိုအခ်ိန္မ်ိဳးေတြမွာ စိတ္ဓာတ္က်ၿပီး အထီးက်န္တယ္လို႔ခံစားရႏိုင္ပါတယ္။ ဒါေပမဲ့ ဒီအခက္အခဲေတြကို ေက်ာ္လႊားႏိုင္တဲ့ နည္းလမ္းေတြအၿမဲရွိပါတယ္။ ဒီလိုအခ်ိန္မွာ ဒီအခ်က္ေတြကသင့္ကိုတစိတ္တပိုင္းအကူအညီျဖစ္ေစပါလိမ့္မယ္။
ျပႆနာကို မဟုတ္ဘဲ ေျဖရွင္းနည္းကို အာ႐ုံစိုက္ပါ
ဘဝမွာ ဘယ္အရာမွ ထာဝရ မတည္ၿမဲပါဘူး။ ဘဝမွာ ေကာင္းတဲ့ အခ်ိန္ေတြလိုပဲ ခက္ခဲတဲ့အခ်ိန္ေတြကလည္း ယာယီပဲျဖစ္တယ္ဆိုတာ သတိရပါ။ ျပႆနာ၊ စိန္ေခၚမႈေတြကဘယ္ေလာက္ပဲႀကီးမားပါေစ ဒါက ယာယီပဲဆိုတာကိုသတိရပါ။ ဒီအရာေတြအားလုံးက တေန႔မွာ
ရယ္ရယ္ေမာေမာျပန္ေျပာရမယ့္ အေတြ႕အႀကဳံတခုအျဖစ္ၿပီးသြားမယ္ဆိုတာကို သတိရပါ။ဒါေၾကာင့္ ဒီအခ်ိန္မွာ ျပႆနာကိုမဟုတ္ဘဲ ဘယ္လိုေျဖရွင္းရမလဲဆိုတာတဲ့ အခ်က္ကိုပဲအာ႐ုံစိုက္ပါ။
အေျခအေနကို နားလည္ၿပီး လက္ခံျခင္း
ပထမဆုံးအခ်က္ကေတာ့ အေျခအေနကို ေကာင္းစြာနားလည္လက္ခံဖို႔ပါပဲ။ဘာေတြျဖစ္ေနတာလဲ၊ ဘယ္လိုေတြေျပာင္းလဲသြားသလဲဆိုတာကို ေသခ်ာေအာင္နားလည္ေအာင္ႀကိဳးစားပါ။ မထင္မွတ္တဲ့ အေျခအေနမွာ ဝမ္းနည္းတာ၊ ေဒါသထြက္တာ၊ေၾကာက္႐ြံ႕တာ၊ စိုးရိမ္တာ စတဲ့ ခံစားခ်က္ေတြကို ဖုံးကြယ္မထားပါနဲ႔။ သူတို႔ကိုအသိအမွတ္ျပဳၿပီး ခံစားခြင့္ေပးလိုက္ပါ။ ၿပီးရင္ေတာ့ဒီအေျခအေနကေျပာင္းလဲလို႔မရဘူးဆိုရင္ လက္ခံလိုက္ဖို႔ပါ။ ဒီလိုလက္ခံလိုက္တာကေရွ႕ဆက္ဖို႔အတြက္ ပထမေျခလွမ္းျဖစ္ပါတယ္။ တကယ္လို႔သင္ကလက္ရွိအေျခအေနကိုလက္မခံဘူးဆိုရင္ ေရွ႕ဆက္ဖို႔ဘယ္လိုမွမျဖစ္ႏိုင္ပါဘူး။
အျပဳသေဘာေဆာင္တဲ့ အေတြးအေခၚကို ထိန္းသိမ္းတာ
ဒုတိယအခ်က္ကေတာ့ အျပဳသေဘာေဆာင္တဲ့ အေတြးအျမင္ေတြကို ထိန္းသိမ္းဖို႔ပါ။အဆိုးျမင္တဲ့ အေတြးေတြကို ဖယ္ရွားၿပီးအေကာင္း ဘက္ကိုဦးတည္တဲ့အေတြးကိုအားေပးဖို႔ပါပဲ။ ဒါကို အေလ့အက်င့္လုပ္ၾကည့္ပါ။ မေကာင္းတဲ့အေတြးေတြကကိုယ့္ကိုမေကာင္းတာေတြပဲျဖစ္ေစတယ္ဆိုတာကို သတိခ်ပ္သင့္ပါတယ္။ေကာင္းတဲ့အေတြးေတြ မ်ားမ်ားေတြးၿပီး ဘဝကိုအေကာင္းျမင္စိတ္နဲ႔ေရွ႕ဆက္ပါ။တခ်ိဳ႕အ ခက္အခဲေတြ၊ စိန္ေခၚမႈေတြ၊ စမ္းသပ္မႈေတြက ပိုေကာင္းဖို႔အတြက္ျဖစ္လာတဲ့အရာေတြျဖစ္ေနတတ္ပါတယ္။ သင့္မွာရွိတဲ့ ေကာင္းမြန္တဲ့အရာေတြကို အာ႐ုံစိုက္ၿပီးေရွ႕ဆက္ပါ။ ဒီအခက္အခဲေတြကိုေက်ာ္လႊားႏိုင္တယ္လို႔ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈအျပည့္ထားပါ။
ရင္းႏွီးသူေတြရဲ႕ အေထာက္အပံ့ကိုရယူပါ
တတိယအခ်က္ကေတာ့ သင္ရဲ႕ယုံၾကည္ရတဲ့မိတ္ေဆြ၊ သူငယ္ခ်င္း၊ မိသားစုေတြကို ႀကဳံေနရတဲ့အခက္အခဲကိုဖြင့္ေျပာၿပီး အားေပးမႈရယူတာပါပဲ။သင့္လိုမ်ိဳးအလားတူအေျခအေနမ်ိဳးႀကဳံရတဲ့သူေတြ ဆီကေန အေတြ႕အႀကဳံကိုေမးျမန္းပါ။တခါတေလမွာ တေယာက္ထဲေျဖရွင္းတာထက္ အမ်ားနဲ႔ ပူးေပါင္းၿပီးအႀကံဉာဏ္ရယူၿပီးေျဖရွင္းတာက သင့္အတြက္ပိုၿပီးအက်ိဳးျဖစ္ေစပါတယ္။
ကိုယ့္ကိုယ္ကို ဂ႐ုစိုက္ပါ
ဒီမွာအေရးႀကီးဆုံးကေတာ့ ကိုယ့္ကိုယ္ကိုယ္ဂ႐ုစိုက္ဖို႔ပါပဲ။ စိတ္ဖိစီးမႈကိုေလွ်ာ့ခ်ဖို႔အတြက္အရင္ဆုံး အိပ္ေရးဝဝအိပ္ဖို႔လိုပါတယ္။ အ ခက္အခဲေတြက ေရရွည္မတည္ရွိႏိုင္ဘူးဆိုတာကိုသတိရေပးပါ။ ဒါေၾကာင့္ ကိုယ့္ရဲ႕က်န္းမာေရးကိုလည္း ဂ႐ုစိုက္ပါ။ေလ့က်င့္ခန္းလုပ္တာကလည္း စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ေပးႏိုင္တာေၾကာင့္ လုပ္သင့္ပါတယ္။ဒီအခ်ိန္မွာ အနားယူတာကလည္း သင့္အတြက္ေကာင္းမြန္တဲ့ အေျခအေနျဖစ္ပါတယ္။တရားထိုင္တာ၊ ေယာဂက်င့္တာစတဲ့ နည္းလမ္းေတြနဲ႔ စိတ္ကိုအနားယူသင့္ပါတယ္။
သင္ယူျခင္းနဲ႔ တိုးတက္ျခင္း
သင့္အေနနဲ႔ ဒီအခက္အခဲေတြကေန သင္ယူႏိုင္တဲ့ သင္ခန္းစာကိုရွာေဖြသင့္ပါတယ္။ ဒါကအရႈံးထဲက အျမတ္တခုပါပဲ။ လူတိုင္းက အေတြ႕ အႀကဳံဆိုတာကို လြယ္လြယ္ကူကူမရႏိုင္ပါဘူး။သင္ယူလို႔လည္း မရႏိုင္ပါဘူး။ ကိုယ္တိုင္လုပ္ရင္းနဲ႔ ရလာတဲ့အေတြ႕အႀကဳံေတြကတန္ဖိုး မျဖတ္ႏိုင္ပါဘူး။ ရႈံးနိမ့္တာပဲျဖစ္ျဖစ္၊ ေအာင္ျမင္မႈပဲျဖစ္ျဖစ္ ဒီေအာင္ျမင္မႈေတြကေနသင္ယူစရာေတြအမ်ားႀကီး ေပးႏိုင္ပါတယ္။
ဒီအခ်က္ေတြကေနကိုယ့္ကိုယ့္ကိုယ္တိုးတက္ေအာင္လုပ္ဖို႔ပါပဲ။ ခက္ခဲတဲ့အေျခအေနေတြကေန သင္ယူၿပီးကိုယ့္ကိုယ္ကိုယ္တိုးတက္ေအာင္လုပ္ဖို႔ အခြင့္အေရးတရပ္အေနနဲ႔ အသုံးခ်ပါ။အခက္အခဲေတြကိုရင္ဆိုင္ရတာက သင့္ကိုပိုၿပီးသန္မာေစပါတယ္။ခက္ခဲတဲ့အေျခ အေနႀကဳံလာရၿပီဆိုရင္ ၿပိဳလဲမလား၊ ေက်ာ္လႊားမလားဆိုတာကိုေ႐ြးခ်ယ္ရပါတယ္။ သင္က ဒီျပႆနာနဲ႔ ၿပိဳလဲသြားခဲ့ရင္ ေနာက္ျပႆနာေတြႀကဳံလာရတဲ့အခါတိုင္းမွာလည္း လြယ္လြယ္အရႈံးေပးေနဦးမွာပါပဲ။ လူေတြက သန္မာဖို႔၊ ႀကံ့ႀကံ့ခံႏိုင္ဖို႔ဆိုရင္အခက္အခဲေတြဆီကေနပဲ ေလ့လာသင္ယူၿပီး ေက်ာ္လႊားရတယ္ဆိုတာကို မေမ့လိုက္ပါနဲ႔။ဘယ္အခက္အခဲကမွ ေရရွည္မတည္ၿမဲႏိုင္ပါဘူး။
ေက်ာ့ေကခိုင္
Leave a Reply