အရေးပါ်ခွဲစိတ်မှုခံယူလိုက်ရတဲ့ လီ‌ဂျေဟွန်း

Taxi Driver ၊ Move to Heaven ၊ Signal ဇာတ်လမ်းတွဲတွေအပြင် Just Friends? ၊ My paparotti စတဲ့ရုပ်ရှင်ကားတွေနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရထားတဲ့ မင်းသားကြီး လီဂျေဟွန်းကအရေးပေါ်ခွဲစိတ်မှုခံယူလိုက်ရတယ်လို့သိရပါတယ်။မင်းသားလီဂျေဟွန်းဟာ ရုတ်တရက်အစာအိမ်အောင့်ခြင်းကြောင့်ဆေးရုံတက်ခဲ့ရပြီးအူမကြီးဆီသွေးစီးဆင်းမှုရုတ်တရက်လျော့နည်းတဲ့ပြဿနာဖြစ်တယ်လို့ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ Company On ကဆိုထားပါတယ်။ လက်ရှိမှာတော့ ခွဲစိတ်မှုအောင်မြင်ခဲ့ပြီးနေကောင်းကျန်းမာလာပြီလို့သိရပါတယ်။

သူဟာ ၂၈ ကြိမ်မြောက် ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ အစီအစဉ်တင်ဆက်သူအဖြစ်လုပ်ဆောင်ဖို့တာဝန်ယူထားပေမယ့်ကျန်းမာ ရေးကိစ္စကြောင့် လွဲချော်ခဲ့ရပါတယ်။ရှေ့နေမလေးဝူယောင်းဝူလို့သိကြတဲ့ မင်းသမီးပတ်အွန်ဘင်နဲ့အတူ အစီအစဉ်တင်ဆက်ရမှာဖြစ်ပေမယ့်လီဂျေဟွန်းရဲ့အရေးပေါ်အခြေအနေကြောင့် ပတ်အွန်ဘင်တစ်ယောက်တည်းသာအစီအစဉ်တင်ဆက်သူလုပ်ခဲ့ရတယ်လို့ဆိုပါတယ်။ ဒါဟာ ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာပထမဆုံးအကြိမ်အမျိုးသမီး MC တစ်ယောက်တည်းတင်ဆက်ရခြင်းအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။လီဂျေဟွန်းဟာ လက်ရှိမှာ MBC ရဲ့ Chief’s Inspector: The Beginning ကိုရိုက်ကူးနေပြီးသူနေပြန်ကောင်းလာချိန်မှရိုက် ကူးရေးပြန်လုပ်မယ်လို့သိရပါတယ်။

Ju Ju

zawgyi

Taxi Driver ၊ Move to Heaven ၊ Signal ဇာတ္လမ္းတြဲေတြအျပင္ Just Friends? ၊ My paparotti စတဲ့႐ုပ္ရွင္ကားေတြနဲ႔ ပရိသတ္အားေပးမႈအခိုင္အမာရထားတဲ့ မင္းသားႀကီး လီေဂ်ဟြန္းကအေရးေပၚခြဲစိတ္မႈခံယူလိုက္ရတယ္လို႔သိရပါတယ္။မင္းသားလီေဂ်ဟြန္းဟာ ႐ုတ္တရက္အစာအိမ္ေအာင့္ျခင္းေၾကာင့္ေဆး႐ုံတက္ခဲ့ရၿပီးအူမႀကီးဆီေသြးစီးဆင္းမႈ႐ုတ္တရက္ေလ်ာ့နည္းတဲ့ျပႆနာျဖစ္တယ္လို႔ သူ႔ရဲ႕ေအဂ်င္စီျဖစ္တဲ့ Company On ကဆိုထားပါတယ္။ လက္ရွိမွာေတာ့ ခြဲစိတ္မႈေအာင္ျမင္ခဲ့ၿပီးေနေကာင္းက်န္းမာလာၿပီလို႔သိရပါတယ္။

သူဟာ ၂၈ ႀကိမ္ေျမာက္ ဘူဆန္ႏိုင္ငံတကာ႐ုပ္ရွင္ပြဲေတာ္မွာ အစီအစဥ္တင္ဆက္သူအျဖစ္လုပ္ေဆာင္ဖို႔တာဝန္ယူထားေပမယ့္က်န္းမာ ေရးကိစၥေၾကာင့္ လြဲေခ်ာ္ခဲ့ရပါတယ္။ေရွ႕ေနမေလးဝူေယာင္းဝူလို႔သိၾကတဲ့ မင္းသမီးပတ္အြန္ဘင္နဲ႔အတူ အစီအစဥ္တင္ဆက္ရမွာျဖစ္ေပမယ့္လီေဂ်ဟြန္းရဲ႕အေရးေပၚအေျခအေနေၾကာင့္ ပတ္အြန္ဘင္တစ္ေယာက္တည္းသာအစီအစဥ္တင္ဆက္သူလုပ္ခဲ့ရတယ္လို႔ဆိုပါတယ္။ ဒါဟာ ဘူဆန္ႏိုင္ငံတကာ႐ုပ္ရွင္ပြဲေတာ္မွာပထမဆုံးအႀကိမ္အမ်ိဳးသမီး MC တစ္ေယာက္တည္းတင္ဆက္ရျခင္းအျဖစ္မွတ္တမ္းဝင္သြားခဲ့ပါတယ္။လီေဂ်ဟြန္းဟာ လက္ရွိမွာ MBC ရဲ႕ Chief’s Inspector: The Beginning ကို႐ိုက္ကူးေနၿပီးသူေနျပန္ေကာင္းလာခ်ိန္မွ႐ိုက္ ကူးေရးျပန္လုပ္မယ္လို႔သိရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*