ရောဘတ်ပတ်တင်ဆန်နဲ့ရတဲ့ရင်သွေးလေးလွယ်ထားရပြီဖြစ်တဲ့ ဆူကီ

မင်းသားရောဘတ်ပတ်တင်ဆန်နဲ့ သူ့ရဲ့ချစ်သူဆူကီဝါးတားဟောက်စ်တို့ဟာရင်သွေးလေးပိုင်ဆိုင်ထားနိုင်ပြီလို့သိရပါတယ်။ ဒီသတင်းကို ဆူကီက မက္ကဆီကိုမှာပြုလုပ်တဲ့ Corona Capital Music Festival ကိုတက်ရောက်ချိန်မှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။Daisy Jones and The Six ရဲ့မင်းသမီး ဆူကီဟာ သရုပ်ဆောင်အလုပ်အပြင် တေးရေး၊တေးဆိုနဲ့မော်ဒယ်လ်တစ်ယောက်လည်းဖြစ်ပါတယ်။ ဆူကီနဲ့ရောဘတ်ချစ်သူဖြစ်နေခဲ့တာ ၅ နှစ်ခန့်ရှိပြီဖြစ်ပါတယ်။ သူတို့နှစ်ဦိးဟာ ၂၀၂၂ခုနစ်၊ ဒီဇင်ဘာလကျမှ Dior Fashion Show ကိုအတူပွဲတက်ရင်း ချစ်သူတွေအဖြစ် တရားဝင်ကြေညာခဲ့တာပါ။

ရောဘတ်ပတ်တင်ဆန်ကသူ့ရဲ့ The Batman ရုပ်ရှင်ထွက်ရှိလာချိန် သူ့ချစ်သူရဲ့ချစ်စရာကောင်းတဲ့အပြုအမူအကြောင်းကို အမှတ်တရပြောခဲ့ပါသေးတယ်။“သူမက စူပါဟီးရိုးကားတွေကြည့်လေ့ရှိသူမဟုတ်ပါဘူး။ဒါပေမဲ့ကျွန်တော့်ရဲ့ရုပ်ရှင်ကိုကြည့်တဲ့အချိန်မှာစိတ်ဝင်စား မှုအပြည့်နဲ့ကြည့်တယ်။ကျွန်တော့်ရဲ့လက်ကိုကိုင်ထားပြီးသူ့ပါးဆီထိထားတဲ့အချိန် မျက်ရည်စတွေကိုကျွန်တော်ခံစားမိခဲ့တယ်”လို့ချစ်သူနဲ့ပတ်သက်ပြီးအမှတ်တရကိုပြောခဲ့ပါတယ်။ သူတို့နှစ်ဦိးရဲ့ Relationship ဟာတစ်နှစ်ထက်တစ်နှစ်ပိုခိုင်မြဲလာခဲ့တယ်လို့ သူတို့ရဲ့မိတ် ဆွေတွေက မှတ်ချက်ပေးထားကြပါတယ်။လက်ရှိမှာ ရောဘတ်ဟာ အသက် ၃၇ နှစ်၊ ဆူကီကတော့ ၃၁ နှစ်ရှိပြီဖြစ်ပါတယ်။

Ju Ju

zawgyi

မင္းသားေရာဘတ္ပတ္တင္ဆန္နဲ႔ သူ႔ရဲ႕ခ်စ္သူဆူကီဝါးတားေဟာက္စ္တို႔ဟာရင္ေသြးေလးပိုင္ဆိုင္ထားႏိုင္ၿပီလို႔သိရပါတယ္။ ဒီသတင္းကို ဆူကီက မကၠဆီကိုမွာျပဳလုပ္တဲ့ Corona Capital Music Festival ကိုတက္ေရာက္ခ်ိန္မွာ အတည္ျပဳခဲ့တာျဖစ္ပါတယ္။Daisy Jones and The Six ရဲ႕မင္းသမီး ဆူကီဟာ သ႐ုပ္ေဆာင္အလုပ္အျပင္ ေတးေရး၊ေတးဆိုနဲ႔ေမာ္ဒယ္လ္တစ္ေယာက္လည္းျဖစ္ပါတယ္။ ဆူကီနဲ႔ေရာဘတ္ခ်စ္သူျဖစ္ေနခဲ့တာ ၅ ႏွစ္ခန႔္ရွိၿပီျဖစ္ပါတယ္။ သူတို႔ႏွစ္ဦိးဟာ ၂၀၂၂ခုနစ္၊ ဒီဇင္ဘာလက်မွ Dior Fashion Show ကိုအတူပြဲတက္ရင္း ခ်စ္သူေတြအျဖစ္ တရားဝင္ေၾကညာခဲ့တာပါ။

ေရာဘတ္ပတ္တင္ဆန္ကသူ႔ရဲ႕ The Batman ႐ုပ္ရွင္ထြက္ရွိလာခ်ိန္ သူ႔ခ်စ္သူရဲ႕ခ်စ္စရာေကာင္းတဲ့အျပဳအမူအေၾကာင္းကို အမွတ္တရေျပာခဲ့ပါေသးတယ္။“သူမက စူပါဟီး႐ိုးကားေတြၾကည့္ေလ့ရွိသူမဟုတ္ပါဘူး။ဒါေပမဲ့ကြၽန္ေတာ့္ရဲ႕႐ုပ္ရွင္ကိုၾကည့္တဲ့အခ်ိန္မွာစိတ္ဝင္စား မႈအျပည့္နဲ႔ၾကည့္တယ္။ကြၽန္ေတာ့္ရဲ႕လက္ကိုကိုင္ထားၿပီးသူ႔ပါးဆီထိထားတဲ့အခ်ိန္ မ်က္ရည္စေတြကိုကြၽန္ေတာ္ခံစားမိခဲ့တယ္”လို႔ခ်စ္သူနဲ႔ပတ္သက္ၿပီးအမွတ္တရကိုေျပာခဲ့ပါတယ္။ သူတို႔ႏွစ္ဦိးရဲ႕ Relationship ဟာတစ္ႏွစ္ထက္တစ္ႏွစ္ပိုခိုင္ၿမဲလာခဲ့တယ္လို႔ သူတို႔ရဲ႕မိတ္ ေဆြေတြက မွတ္ခ်က္ေပးထားၾကပါတယ္။လက္ရွိမွာ ေရာဘတ္ဟာ အသက္ ၃၇ ႏွစ္၊ ဆူကီကေတာ့ ၃၁ ႏွစ္ရွိၿပီျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*