ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ခေါင်းဆောင်မှု အပြုအမူများ

ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ခေါင်းဆောင်မှုအပြုအမူ(Developmental leadership behaviors)တွေက ဘာတွေများဖြစ်မလဲ။ ဒီခေါင်း ဆောင်မှုကလည်းထိရောက်တဲ့ခေါင်းဆောင်မှုအပြုအမူများထဲက အုပ်စုတခုဖြစ်ပါတယ်။ ဒီတပတ်မှာတော့ထိရောက်တဲ့ခေါင်းဆောင်မှုအုပ်စုတွေထဲက တခုဖြစ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာခေါင်းဆောင်မှုအပြုအမူများအကြောင်းကို မျှဝေသွားမှာဖြစ်ပါတယ်။

တခြားသူများကို ခွန်အားပေးတာ

တခြားသူများကို ခွန်အားပေးတာက သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်များချမှတ်ဖို့တိုက်တွန်းတာကို ဆိုလိုပါတယ်။ တခါတလေ လုပ်ငန်းခွင်ခေါင်းဆောင်မှုတွေထဲမှာအသေးစိတ်ကစပြီး စီမံခန့်ခွဲနေမယ်ဆိုရင် အလုပ်လုပ်ချင်စိတ်ကို တွန်အားပေးရာမရောက်ပါဘူး။ ခိုင်းတဲ့အ တိုင်းလုပ်၊ ပြောတဲ့အတိုင်း လုပ်ဆိုတာမျိုးပဲဖြစ်နေပါတယ်။ခွန်အားပေးတယ်ဆိုတာမျိုးကတော့ ကိုယ်တိုင်အလုပ်လုပ်ချင်လာအောင်၊ကိုယ့်ရဲ့အကြံဉာဏ်တွေနဲ့ အလုပ်ထဲမှာ စိတ်ရော၊ ကိုယ်ပါနှစ်မြှုပ်ပြီး လုပ်ဆောင်ဖို့အတွက်ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကို ချမှတ်ဖို့ အခွင့် အာဏာပေးတာပဲဖြစ်ပါတယ်။ ဒါကဝန်ထမ်းတွေရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပေါ်မှာလည်း သက်ရောက်မှုဖြစ်စေပါတယ်။

ထိရောက်စွာ တာဝန်လွှဲအပ်တာ

ထိရောက်စွာ တာဝန်လွှဲအပ်တာကတော့ သင့်အဖွဲ့ရဲ့ အားသာချက်များနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်တဲ့ နေရာများကို အခြေခံပြီး အလုပ်များကို တာဝန်ပေးတာပါပဲ။ လူမှန်၊နေရာမှန်ဖြစ်ဖို့အရေးကြီးပါတယ်။ ကိုယ်တာဝန်ပေးလိုက်တဲ့သူက အဲဒီတာဝန်ကို ယူနိုင်တဲ့အရည်အချင်းရှိသူတယောက်ဖြစ်ဖို့လိုပါတယ်။ ဒီလူက ဒီတာဝန်ကို ယူနိုင်၊ မယူနိုင်သုံးသပ်နိုင်တဲ့ စွမ်းရည်က ခေါင်းဆောင်တိုင်းမှာ ရှိသင့်ပါတယ်။

နည်းပြစိတ်ထား

နည်းပြစိတ်ထားကတော့ တခြားသူများရဲ့ စွမ်းဆောင်ရည်အလားအလာကိုအပြည့်အဝရောက်ရှိဖို့အတွက် ကူညီပေးဖို့ အချိန်ကို မြှုပ်နှံတာပဲဖြစ်ပါတယ်။ အဖွဲ့ဝင်တိုင်းရဲ့ကိုယ်ပိုင်ရည်မှန်းချက်များကို သတ်မှတ်ဖို့ကူညီပေးပြီး အပြုသဘောဆောင်တဲ့တုံ့ပြန်ချက်များကို ပေးကာ သူတို့ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးကြသူတွေပဲဖြစ်ပါတယ်။

လှုံ့ဆော်မှုပေးနိုင်တာ

ကောင်းမွန်တဲ့ ခေါင်းဆောင်မှုမှာ ခေါင်းဆောင်တွေက ကိုယ့်ရဲ့အဖွဲ့သားတွေကိုလှုံ့ဆော်ပေးနိုင်ပါတယ်။ အလုပ်ကို အကောင်းဆုံးလုပ် ဆောင်ဖို့ စိတ်အားထက်သန်တဲ့ခံစားချက်ကို ဖြစ်ပေါ်စေပါတယ်။ ခိုင်မာတဲ့ လူမှုအသိုင်းအဝိုင်း ဖြစ်စေတဲ့ခံစားချက်ကိုဖန်တီးပေးတာ၊ အောင်မြင်မှုများကို ပုံမှန်ဂုဏ်ပြုပေးတာ၊ စွမ်းဆောင်ရည်အတွက်မြင့်မားတဲ့ စံနှုန်းများကို သတ်မှတ်ပေးတာ စတာတွေနဲ့ အဖွဲ့ကို လှုံ့ဆော်ကြပါတယ်။ဒီအချက်တွေကတော့ ထိရောက်တဲ့ခေါင်းဆောင်မှုအုပ်စုဝင်တွေထဲက တခုဖြစ်တဲ့ ဖွံဖြိုးမှုဆိုင်ရာခေါင်းဆောင်မှုအပြုအမူတွေပဲဖြစ်ပါတယ်။

ကျော့ကေခိုင်

zawgyi

ဖြံ႕ၿဖိဳးတိုးတက္မႈဆိုင္ရာ ေခါင္းေဆာင္မႈအျပဳအမူ(Developmental leadership behaviors)ေတြက ဘာေတြမ်ားျဖစ္မလဲ။ ဒီေခါင္း ေဆာင္မႈကလည္းထိေရာက္တဲ့ေခါင္းေဆာင္မႈအျပဳအမူမ်ားထဲက အုပ္စုတခုျဖစ္ပါတယ္။ ဒီတပတ္မွာေတာ့ထိေရာက္တဲ့ေခါင္းေဆာင္မႈအုပ္စုေတြထဲက တခုျဖစ္တဲ့ ဖြံ႕ၿဖိဳးတိုးတက္မႈဆိုင္ရာေခါင္းေဆာင္မႈအျပဳအမူမ်ားအေၾကာင္းကို မွ်ေဝသြားမွာျဖစ္ပါတယ္။

တျခားသူမ်ားကို ခြန္အားေပးတာ

တျခားသူမ်ားကို ခြန္အားေပးတာက သူတို႔ရဲ႕ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္မ်ားခ်မွတ္ဖို႔တိုက္တြန္းတာကို ဆိုလိုပါတယ္။ တခါတေလ လုပ္ငန္းခြင္ေခါင္းေဆာင္မႈေတြထဲမွာအေသးစိတ္ကစၿပီး စီမံခန႔္ခြဲေနမယ္ဆိုရင္ အလုပ္လုပ္ခ်င္စိတ္ကို တြန္အားေပးရာမေရာက္ပါဘူး။ ခိုင္းတဲ့အ တိုင္းလုပ္၊ ေျပာတဲ့အတိုင္း လုပ္ဆိုတာမ်ိဳးပဲျဖစ္ေနပါတယ္။ခြန္အားေပးတယ္ဆိုတာမ်ိဳးကေတာ့ ကိုယ္တိုင္အလုပ္လုပ္ခ်င္လာေအာင္၊ကိုယ့္ရဲ႕အႀကံဉာဏ္ေတြနဲ႔ အလုပ္ထဲမွာ စိတ္ေရာ၊ ကိုယ္ပါႏွစ္ျမႇဳပ္ၿပီး လုပ္ေဆာင္ဖို႔အတြက္ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ေတြကို ခ်မွတ္ဖို႔ အခြင့္ အာဏာေပးတာပဲျဖစ္ပါတယ္။ ဒါကဝန္ထမ္းေတြရဲ႕ ကိုယ့္ကိုယ္ကိုယုံၾကည္မႈအေပၚမွာလည္း သက္ေရာက္မႈျဖစ္ေစပါတယ္။

ထိေရာက္စြာ တာဝန္လႊဲအပ္တာ

ထိေရာက္စြာ တာဝန္လႊဲအပ္တာကေတာ့ သင့္အဖြဲ႕ရဲ႕ အားသာခ်က္မ်ားနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ဖို႔လိုအပ္တဲ့ ေနရာမ်ားကို အေျခခံၿပီး အလုပ္မ်ားကို တာဝန္ေပးတာပါပဲ။ လူမွန္၊ေနရာမွန္ျဖစ္ဖို႔အေရးႀကီးပါတယ္။ ကိုယ္တာဝန္ေပးလိုက္တဲ့သူက အဲဒီတာဝန္ကို ယူႏိုင္တဲ့အရည္အခ်င္းရွိသူတေယာက္ျဖစ္ဖို႔လိုပါတယ္။ ဒီလူက ဒီတာဝန္ကို ယူႏိုင္၊ မယူႏိုင္သုံးသပ္ႏိုင္တဲ့ စြမ္းရည္က ေခါင္းေဆာင္တိုင္းမွာ ရွိသင့္ပါတယ္။

နည္းျပစိတ္ထား

နည္းျပစိတ္ထားကေတာ့ တျခားသူမ်ားရဲ႕ စြမ္းေဆာင္ရည္အလားအလာကိုအျပည့္အဝေရာက္ရွိဖို႔အတြက္ ကူညီေပးဖို႔ အခ်ိန္ကို ျမႇဳပ္ႏွံတာပဲျဖစ္ပါတယ္။ အဖြဲ႕ဝင္တိုင္းရဲ႕ကိုယ္ပိုင္ရည္မွန္းခ်က္မ်ားကို သတ္မွတ္ဖို႔ကူညီေပးၿပီး အျပဳသေဘာေဆာင္တဲ့တုံ႔ျပန္ခ်က္မ်ားကို ေပးကာ သူတို႔ရဲ႕ စြမ္းေဆာင္ရည္ကို ျမႇင့္တင္ေပးၾကသူေတြပဲျဖစ္ပါတယ္။

လႈံ႕ေဆာ္မႈေပးႏိုင္တာ

ေကာင္းမြန္တဲ့ ေခါင္းေဆာင္မႈမွာ ေခါင္းေဆာင္ေတြက ကိုယ့္ရဲ႕အဖြဲ႕သားေတြကိုလႈံ႕ေဆာ္ေပးႏိုင္ပါတယ္။ အလုပ္ကို အေကာင္းဆုံးလုပ္ ေဆာင္ဖို႔ စိတ္အားထက္သန္တဲ့ခံစားခ်က္ကို ျဖစ္ေပၚေစပါတယ္။ ခိုင္မာတဲ့ လူမႈအသိုင္းအဝိုင္း ျဖစ္ေစတဲ့ခံစားခ်က္ကိုဖန္တီးေပးတာ၊ ေအာင္ျမင္မႈမ်ားကို ပုံမွန္ဂုဏ္ျပဳေပးတာ၊ စြမ္းေဆာင္ရည္အတြက္ျမင့္မားတဲ့ စံႏႈန္းမ်ားကို သတ္မွတ္ေပးတာ စတာေတြနဲ႔ အဖြဲ႕ကို လႈံ႕ေဆာ္ၾကပါတယ္။ဒီအခ်က္ေတြကေတာ့ ထိေရာက္တဲ့ေခါင္းေဆာင္မႈအုပ္စုဝင္ေတြထဲက တခုျဖစ္တဲ့ ဖြံၿဖိဳးမႈဆိုင္ရာေခါင္းေဆာင္မႈအျပဳအမူေတြပဲျဖစ္ပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*