မေးလေ့မေးထရှိတဲ့ အလုပ်အင်တာဗျူးမေးခွန်းများ

ဒီနေ့မှာတော့ အလုပ်အင်တာဗျူးတွေမှာ မေးလေ့မေးထရှိတဲ့ အင်တာဗျူးမေးခွန်းလေးတွေကိုဖော်ပြပေးချင်ပါတယ်။ ဒီမေးခွန်းတွေထဲမှာ လွယ်ကူတဲ့ မေးခွန်းတွေကိုတော့ထည့်မထားတော့ပါဘူး။ ဥပမာ မင်းအကြောင်းပြောပြပါဦးတို့၊ဒီအလုပ်ခေါ်စာကိုဘယ်ကနေသိတာလဲတို့ စတဲ့ ယေဘူယျမေးခွန်းတွေကိုတော့ထည့်မထားတော့ပါဘူး။ ဒီအင်တာဗျူးမေးခွန်းထဲက တချို့မေးခွန်းတွေကအလုပ်အခုမှစလျှောက်တဲ့သူတွေအတွက်လည်း သိထားသင့်တဲ့မေးခွန်းတွေပါပါတယ်။အဓိကတော့ အလုပ်အတွေ့အကြုံရှိပြီးသား လက်ရှိအလုပ်ကနေနောက်အလုပ်သစ်တခုကိုပြောင်းတဲ့သူတွေအတွက်တော့ ပိုပြီးကိုက်ညီတဲ့မေးခွန်းတွေဖြစ်ပါလိမ့်မယ်။

ဘာကြောင့်အလုပ်ခန့်သင့်တာလဲ

ကုမ္ပဏီအင်တာဗျူးသူတွေက သင့်ကိုမေးလေ့ရှိတဲ့ မေးခွန်းတွေထဲမှာ ဒီမေးခွန်းကလည်းပါဝင်နေတတ်ပါတယ်။ သင့်က သူတို့ကုမ္ပဏီမှာ ဘာကြောင့်အလုပ်ခန့်သင့်တာလဲ၊သင့်ရဲ့အရည်အချင်းနဲ့ သူတို့ကုမ္ပဏီဘယ်လိုကိုက်ညီမှုရှိသလဲဆိုတာမျိုးပေါ်လွင်အောင်ဖြေဆိုတတ်ဖို့လိုပါလိမ့်မယ်။ ဒီမေးခွန်းမေးခံရတဲ့အခါ ကြိုတင်ပြင်ဆင်ထားမှုမရှိရင် ဖြေဆိုဖို့ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်။ ကြိုတင်စဉ်းစားပြီး ပြင်ဆင်ထားမယ်ဆိုရင်အကောင်းဆုံးဖြတ်ကျော်နိုင်ပါလိမ့်မယ်။

မင်းက ဒီကုမ္ပဏီအတွက် ဘာတွေယူဆောင်လာသလဲ

ဒီမေးခွန်းကိုဖြေဖို့အတွက်တော့ ကိုယ့်ရဲ့ အရင်အလုပ်ကအတွေ့အကြုံတွေ၊ အောင်မြင်မှုတွေနဲ့ရောချိတ်ပြီး ဖြေဆိုနိုင်ပါတယ်။ သူတို့လို ချင်တဲ့အရာနဲ့ ကိုက်ညီအောင်ဖြေဆိုနိုင်မယ်ဆိုရင်အလုပ်ရရှိဖို့ အခွင့်အလမ်းများပါတယ်။ ခေါ်ဆိုတဲ့ရာထူးနဲ့ကိုက်ညီတဲ့ အရည်အချင်းတွေနဲ့ကိုယ့်ရဲ့အောင်မြင်မှုတွေ၊ အတွေ့အကြုံတွေကို မျှဝေပေးလို့ရပါတယ်။

ဘာကြောင့်ဒီကုမ္ပဏီမှာ အလုပ်လုပ်ချင်တာလဲ

ဒီမေးခွန်းမှာတော့ အထူးသတိထားပြီးဖြေဆိုသင့်ပါတယ်။ ဒီမေးခွန်းရဲ့ အဖြေအတွက်နဲ့သင့်ကိုအလုပ်ခန့်နိုင်သလို၊ အလုပ်မခန့်ဖို့လည်း ချက်ခြင်းဆုံးဖြတ်နိုင်တဲ့ မေးခွန်းဖြစ်ပါတယ်။ဒီမေးခွန်းကိုတော့ သင့်ရဲ့ သုတေသနလုပ်ထားတဲ့ ကုမ္ပဏီရဲ့အချက်တွေကိုအခြေခံပြီးပြန် လည်ဖြေဆိုနိုင်ပါတယ်။ ဥပမာ ဒီကုမ္ပဏီ အလုပ်ပတ်ဝန်းကျင်နဲ့ဝန်ထမ်းတွေအပေါ်မှာထားတဲ့ တန်ဖိုးထားမှုကို သဘောကျလို့ဖြစ်စေ၊ ဒီကုမ္ပဏီမှာကိုယ့်ကိုယ်ကိုယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခွင့်အလမ်းတွေအများကြီးရှိတာကိုသဘောကျလို့ဆိုတာမျိုး၊ ကုမ္ပဏီရဲ့ရည်မှန်း ချက်၊ တန်ဖိုးတွေက ကိုယ့်နဲ့ကိုက်ညီလို့ဆိုတာမျိုးဖြေဆိုနိုင်ပါတယ်။ ဒီလိုတွေဖြေဆိုနိုင်ဖို့အတွက် ကုမ္ပဏီကိုသုတေသနသေသေချာချာလုပ်ထားဖို့တော့ လိုပါတယ်။

မင်းရဲ့ အားသာချက်၊ အားနည်းချက်တွေကဘာတွေလဲ

ဒီမေးခွန်းကတော့ အခုမှအလုပ်စဝင်တဲ့သူရော၊ အလုပ်တခုကနေ တခုပြောင်းတဲ့သူအတွက်ရောမေးလေ့မေးထရှိတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒီမေးခွန်းမှာ ကိုယ့်အတွက်အမှတ်များများရအောင်လုပ်နိုင်ပါတယ်။ ဒီမေးခွန်းကိုဖြေဖို့အတွက်တော့ ကိုယ့်ကိုယ်ကိုယ်ကောင်း ကောင်းသိဖို့လိုပါတယ်။

မင်းရဲ့အအောင်မြင်ဆုံးပရော်ဖက်ရှင်နယ်အလုပ်က ဘာလဲ

ဒီမေးခွန်းကတော့ အလုပ်တခုကနေတခုပြောင်းသူတွေ ကြိုတင်ပြင်ဆင်သွားသင့်တဲ့မေးခွန်းဖြစ်ပါတယ်။ အရင်အလုပ်မှာလုပ်ခဲ့တဲ့ ပရောဂျက်မှာ အအောင်မြင်ဆုံးဖြစ်ခဲ့တာကိုဖြေကြားလို့ရပါတယ်။ ဒီမေးခွန်းအတွက်လည်း ကြိုတင်စဉ်းစားပြီးပြင်ဆင်သွားမယ်ဆိုရင်အင် တာဗျူးမှာ အမှတ်ပိုကောင်းအောင် လုပ်နိုင်မှာဖြစ်ပါ။

အလုပ်မှာ စိန်ခေါ်မှုတွေနဲ့ကြုံရတာနဲ့အခါ ဘယ်လိုကိုင်တွယ်သလဲ

ဒီမေးခွန်းကတော့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကြုံလာရတဲ့အခါ ကိုယ့်ရဲ့ဖြေရှင်းပုံနဲ့ကိုင်တွယ်ပုံကို သိချင်လို့မေးတဲ့ မေးခွန်းဖြစ်ပါတယ်။ခေါင်းဆောင်မှုအရည်အချင်းတွေမှာလည်း အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါကောင်းမွန်စွာဖြေရှင်းနိုင်တာက မရှိမဖြစ်လိုအပ်တဲ့ စွမ်းရည်တရပ်ဖြစ်ပါတယ်။ ဒါကြောင့်ဒီမေးခွန်းအတွက်လည်း ကိုယ့်မှာသင့်တော်တဲ့အဖြေရှိဖို့လိုပါတယ်။ အဖြေနဲ့ ကိုက်ညီတဲ့
ဖြေရှင်းနည်းမျိုး၊ စိတ်နေစိတ်ထားမျိုး အမှန်တကယ်ရှိဖို့လည်းလိုပါတယ်။ အင်တာဗျူးမှာအလုပ်ရလိုဇောနဲ့ ကိုယ်မလုပ်နိုင်တဲ့အရာတွေကို လိမ်လည်ပြီး ဖြေဆိုခဲ့မယ်ဆိုရင်အချိန်တိုအတွင်းမှာ အဲဒီလိမ်ညာမှုက ပေါ်ထွက်လာမှာပဲဖြစ်ပါတယ်။ ဒါကြောင့်ပြင်ပလောကမှာ၊ လုပ်ငန်းခွင်မှာ အခက်အခဲတွေကြုံရတဲ့အခါကိုယ်ဘယ်လိုဖြေရှင်းသလဲဆိုတာကို လေးလေးနက်နက်စဉ်းစားပြီး ဖြေဖို့လိုပါတယ်။

ဘာကြောင့်လက်ရှိအလုပ်ကထွက်ခဲ့တာလဲ

ဒီမေးခွန်းကတော့ အလုပ်တခုကနေ တခုပြောင်းတဲ့သူတွေကိုအများဆုံးမေးတဲ့မေးခွန်းဖြစ်ပါတယ်။ ဒီမေးခွန်းမှာ သတိထားစရာအချက်တခုပဲရှိပါတယ်။အဲဒါကတော့ အရင်အလုပ်အကြောင်း မကောင်းမပြောတာပါပဲ။ အဲဒီအလုပ်က တကယ်ပဲမကောင်းဘူးဆိုရင်တောင် အလုပ်အင်တာဗျူးမှာ မပြောဖို့ပါပဲ။ ဒီလိုဖြေလို့ရပါတယ်။ ပိုပြီးသင်ယူနိုင်မယ့်၊ အခွင့်အလမ်းပိုများမယ့်အလု့ပ်ကို ပြောင်းချင်တဲ့အတွက်
အလုပ်ကထွက်ခဲ့တာပါဆိုတဲ့ အပြုသဘောဆောင်တဲ့ အဖြေမျိုးဖြေလို့ရပါတယ်။

ဒီမေးခွန်းတွေကတော့ အလုပ်အင်တာဗျူးတွေမှာ မေးလေ့မေးထရှိတဲ့မေးခွန်းတချို့ပဲဖြစ်ပါတယ်။ ဒီမေးခွန်းတွေက ကြိုတင်စဉ်းစားမသွားရင်အလွယ်တကူဖြေဆိုဖို့ခက်ခဲပြီး ထောင်ချောက်မေးခွန်းတွေလည်းဖြစ်နေပါသေးတယ်။ဒါကြောင့် အထူးသတိထားပြီးဖြေဆိုနိုင်ဖို့ ကြိုတင်စဉ်းစားပြီး လေ့ကျင့်ဖြေဆိုမှသာ ဒီထောင်ချောက်ကို ကောင်းကောင်းကျော်လွှားနိုင်မှာဖြစ်ပါတယ်။

ကျော့ကေခိုင်

zawgyi

ဒီေန႔မွာေတာ့ အလုပ္အင္တာဗ်ဴးေတြမွာ ေမးေလ့ေမးထရွိတဲ့ အင္တာဗ်ဴးေမးခြန္းေလးေတြကိုေဖာ္ျပေပးခ်င္ပါတယ္။ ဒီေမးခြန္းေတြထဲမွာ လြယ္ကူတဲ့ ေမးခြန္းေတြကိုေတာ့ထည့္မထားေတာ့ပါဘူး။ ဥပမာ မင္းအေၾကာင္းေျပာျပပါဦးတို႔၊ဒီအလုပ္ေခၚစာကိုဘယ္ကေနသိတာလဲတို႔ စတဲ့ ေယဘူယ်ေမးခြန္းေတြကိုေတာ့ထည့္မထားေတာ့ပါဘူး။ ဒီအင္တာဗ်ဴးေမးခြန္းထဲက တခ်ိဳ႕ေမးခြန္းေတြကအလုပ္အခုမွစေလွ်ာက္တဲ့သူေတြအတြက္လည္း သိထားသင့္တဲ့ေမးခြန္းေတြပါပါတယ္။အဓိကေတာ့ အလုပ္အေတြ႕အႀကဳံရွိၿပီးသား လက္ရွိအလုပ္ကေနေနာက္အလုပ္သစ္တခုကိုေျပာင္းတဲ့သူေတြအတြက္ေတာ့ ပိုၿပီးကိုက္ညီတဲ့ေမးခြန္းေတြျဖစ္ပါလိမ့္မယ္။

ဘာေၾကာင့္အလုပ္ခန႔္သင့္တာလဲ

 

ကုမၸဏီအင္တာဗ်ဴးသူေတြက သင့္ကိုေမးေလ့ရွိတဲ့ ေမးခြန္းေတြထဲမွာ ဒီေမးခြန္းကလည္းပါဝင္ေနတတ္ပါတယ္။ သင့္က သူတို႔ကုမၸဏီမွာ ဘာေၾကာင့္အလုပ္ခန႔္သင့္တာလဲ၊သင့္ရဲ႕အရည္အခ်င္းနဲ႔ သူတို႔ကုမၸဏီဘယ္လိုကိုက္ညီမႈရွိသလဲဆိုတာမ်ိဳးေပၚလြင္ေအာင္ေျဖဆိုတတ္ဖို႔လိုပါလိမ့္မယ္။ ဒီေမးခြန္းေမးခံရတဲ့အခါ ႀကိဳတင္ျပင္ဆင္ထားမႈမရွိရင္ ေျဖဆိုဖို႔ခက္ခဲေကာင္း ခက္ခဲႏိုင္ပါတယ္။ ႀကိဳတင္စဥ္းစားၿပီး ျပင္ဆင္ထားမယ္ဆိုရင္အေကာင္းဆုံးျဖတ္ေက်ာ္ႏိုင္ပါလိမ့္မယ္။

မင္းက ဒီကုမၸဏီအတြက္ ဘာေတြယူေဆာင္လာသလဲ

ဒီေမးခြန္းကိုေျဖဖို႔အတြက္ေတာ့ ကိုယ့္ရဲ႕ အရင္အလုပ္ကအေတြ႕အႀကဳံေတြ၊ ေအာင္ျမင္မႈေတြနဲ႔ေရာခ်ိတ္ၿပီး ေျဖဆိုႏိုင္ပါတယ္။ သူတို႔လို ခ်င္တဲ့အရာနဲ႔ ကိုက္ညီေအာင္ေျဖဆိုႏိုင္မယ္ဆိုရင္အလုပ္ရရွိဖို႔ အခြင့္အလမ္းမ်ားပါတယ္။ ေခၚဆိုတဲ့ရာထူးနဲ႔ကိုက္ညီတဲ့ အရည္အခ်င္းေတြနဲ႔ကိုယ့္ရဲ႕ေအာင္ျမင္မႈေတြ၊ အေတြ႕အႀကဳံေတြကို မွ်ေဝေပးလို႔ရပါတယ္။

ဘာေၾကာင့္ဒီကုမၸဏီမွာ အလုပ္လုပ္ခ်င္တာလဲ

ဒီေမးခြန္းမွာေတာ့ အထူးသတိထားၿပီးေျဖဆိုသင့္ပါတယ္။ ဒီေမးခြန္းရဲ႕ အေျဖအတြက္နဲ႔သင့္ကိုအလုပ္ခန႔္ႏိုင္သလို၊ အလုပ္မခန႔္ဖို႔လည္း ခ်က္ျခင္းဆုံးျဖတ္ႏိုင္တဲ့ ေမးခြန္းျဖစ္ပါတယ္။ဒီေမးခြန္းကိုေတာ့ သင့္ရဲ႕ သုေတသနလုပ္ထားတဲ့ ကုမၸဏီရဲ႕အခ်က္ေတြကိုအေျခခံၿပီးျပန္ လည္ေျဖဆိုႏိုင္ပါတယ္။ ဥပမာ ဒီကုမၸဏီ အလုပ္ပတ္ဝန္းက်င္နဲ႔ဝန္ထမ္းေတြအေပၚမွာထားတဲ့ တန္ဖိုးထားမႈကို သေဘာက်လို႔ျဖစ္ေစ၊ ဒီကုမၸဏီမွာကိုယ့္ကိုယ္ကိုယ္ဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ အခြင့္အလမ္းေတြအမ်ားႀကီးရွိတာကိုသေဘာက်လို႔ဆိုတာမ်ိဳး၊ ကုမၸဏီရဲ႕ရည္မွန္း ခ်က္၊ တန္ဖိုးေတြက ကိုယ့္နဲ႔ကိုက္ညီလို႔ဆိုတာမ်ိဳးေျဖဆိုႏိုင္ပါတယ္။ ဒီလိုေတြေျဖဆိုႏိုင္ဖို႔အတြက္ ကုမၸဏီကိုသုေတသနေသေသခ်ာခ်ာလုပ္ထားဖို႔ေတာ့ လိုပါတယ္။

မင္းရဲ႕ အားသာခ်က္၊ အားနည္းခ်က္ေတြကဘာေတြလဲ

ဒီေမးခြန္းကေတာ့ အခုမွအလုပ္စဝင္တဲ့သူေရာ၊ အလုပ္တခုကေန တခုေျပာင္းတဲ့သူအတြက္ေရာေမးေလ့ေမးထရွိတဲ့ ေမးခြန္းျဖစ္ပါတယ္။ ဒီေမးခြန္းမွာ ကိုယ့္အတြက္အမွတ္မ်ားမ်ားရေအာင္လုပ္ႏိုင္ပါတယ္။ ဒီေမးခြန္းကိုေျဖဖို႔အတြက္ေတာ့ ကိုယ့္ကိုယ္ကိုယ္ေကာင္း ေကာင္းသိဖို႔လိုပါတယ္။

မင္းရဲ႕အေအာင္ျမင္ဆုံးပေရာ္ဖက္ရွင္နယ္အလုပ္က ဘာလဲ

ဒီေမးခြန္းကေတာ့ အလုပ္တခုကေနတခုေျပာင္းသူေတြ ႀကိဳတင္ျပင္ဆင္သြားသင့္တဲ့ေမးခြန္းျဖစ္ပါတယ္။ အရင္အလုပ္မွာလုပ္ခဲ့တဲ့ ပေရာဂ်က္မွာ အေအာင္ျမင္ဆုံးျဖစ္ခဲ့တာကိုေျဖၾကားလို႔ရပါတယ္။ ဒီေမးခြန္းအတြက္လည္း ႀကိဳတင္စဥ္းစားၿပီးျပင္ဆင္သြားမယ္ဆိုရင္အင္ တာဗ်ဴးမွာ အမွတ္ပိုေကာင္းေအာင္ လုပ္ႏိုင္မွာျဖစ္ပါ။

အလုပ္မွာ စိန္ေခၚမႈေတြနဲ႔ႀကဳံရတာနဲ႔အခါ ဘယ္လိုကိုင္တြယ္သလဲ

ဒီေမးခြန္းကေတာ့ အခက္အခဲေတြ၊ စိန္ေခၚမႈေတြႀကဳံလာရတဲ့အခါ ကိုယ့္ရဲ႕ေျဖရွင္းပုံနဲ႔ကိုင္တြယ္ပုံကို သိခ်င္လို႔ေမးတဲ့ ေမးခြန္းျဖစ္ပါတယ္။ေခါင္းေဆာင္မႈအရည္အခ်င္းေတြမွာလည္း အခက္အခဲေတြကို ကိုင္တြယ္ေျဖရွင္းတဲ့အခါေကာင္းမြန္စြာေျဖရွင္းႏိုင္တာက မရွိမျဖစ္လိုအပ္တဲ့ စြမ္းရည္တရပ္ျဖစ္ပါတယ္။ ဒါေၾကာင့္ဒီေမးခြန္းအတြက္လည္း ကိုယ့္မွာသင့္ေတာ္တဲ့အေျဖရွိဖို႔လိုပါတယ္။ အေျဖနဲ႔ ကိုက္ညီတဲ့
ေျဖရွင္းနည္းမ်ိဳး၊ စိတ္ေနစိတ္ထားမ်ိဳး အမွန္တကယ္ရွိဖို႔လည္းလိုပါတယ္။ အင္တာဗ်ဴးမွာအလုပ္ရလိုေဇာနဲ႔ ကိုယ္မလုပ္ႏိုင္တဲ့အရာေတြကို လိမ္လည္ၿပီး ေျဖဆိုခဲ့မယ္ဆိုရင္အခ်ိန္တိုအတြင္းမွာ အဲဒီလိမ္ညာမႈက ေပၚထြက္လာမွာပဲျဖစ္ပါတယ္။ ဒါေၾကာင့္ျပင္ပေလာကမွာ၊ လုပ္ငန္းခြင္မွာ အခက္အခဲေတြႀကဳံရတဲ့အခါကိုယ္ဘယ္လိုေျဖရွင္းသလဲဆိုတာကို ေလးေလးနက္နက္စဥ္းစားၿပီး ေျဖဖို႔လိုပါတယ္။

ဘာေၾကာင့္လက္ရွိအလုပ္ကထြက္ခဲ့တာလဲ

ဒီေမးခြန္းကေတာ့ အလုပ္တခုကေန တခုေျပာင္းတဲ့သူေတြကိုအမ်ားဆုံးေမးတဲ့ေမးခြန္းျဖစ္ပါတယ္။ ဒီေမးခြန္းမွာ သတိထားစရာအခ်က္တခုပဲရွိပါတယ္။အဲဒါကေတာ့ အရင္အလုပ္အေၾကာင္း မေကာင္းမေျပာတာပါပဲ။ အဲဒီအလုပ္က တကယ္ပဲမေကာင္းဘူးဆိုရင္ေတာင္ အလုပ္အင္တာဗ်ဴးမွာ မေျပာဖို႔ပါပဲ။ ဒီလိုေျဖလို႔ရပါတယ္။ ပိုၿပီးသင္ယူႏိုင္မယ့္၊ အခြင့္အလမ္းပိုမ်ားမယ့္အလု႔ပ္ကို ေျပာင္းခ်င္တဲ့အတြက္
အလုပ္ကထြက္ခဲ့တာပါဆိုတဲ့ အျပဳသေဘာေဆာင္တဲ့ အေျဖမ်ိဳးေျဖလို႔ရပါတယ္။

ဒီေမးခြန္းေတြကေတာ့ အလုပ္အင္တာဗ်ဴးေတြမွာ ေမးေလ့ေမးထရွိတဲ့ေမးခြန္းတခ်ိဳ႕ပဲျဖစ္ပါတယ္။ ဒီေမးခြန္းေတြက ႀကိဳတင္စဥ္းစားမသြားရင္အလြယ္တကူေျဖဆိုဖို႔ခက္ခဲၿပီး ေထာင္ေခ်ာက္ေမးခြန္းေတြလည္းျဖစ္ေနပါေသးတယ္။ဒါေၾကာင့္ အထူးသတိထားၿပီးေျဖဆိုႏိုင္ဖို႔ ႀကိဳတင္စဥ္းစားၿပီး ေလ့က်င့္ေျဖဆိုမွသာ ဒီေထာင္ေခ်ာက္ကို ေကာင္းေကာင္းေက်ာ္လႊားႏိုင္မွာျဖစ္ပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*