တကိုယ်တည်းဘဝကို တွယ်တာတတ်တဲ့ ရာသီခွင် (၄)ခု

ဒီရာသီခွင်လေးခုကတော့ တကိုယ်တည်းဘဝကိုခင်တွယ်တတ်သူတွေဖြစ်ကြပါတယ်။တယောက်ထဲ တောက်ပရတာ ကြိုက်ကြသူတွေဖြစ်ပြီး တကိုယ်ရေဘဝမှာပြီးပြည့်စုံမှုကိုရှာဖွေပြီး လွတ်လပ်မှုနဲ့ စွန့်စားမှုတွေကိုရှာဖွေချင်သူတွေဖြစ်ပါတယ်။

Aquarius
Aquarians များက လွတ်လပ်မှုရဲ့ ရှေ့ဆောင်များဖြစ်ကြပါတယ်။ သူတို့တွေကလိုက်လျောညီထွေလုပ်ရတာတွေကို မလိုလားကြပါဘူး။ ဒါကြောင့်ပဲ တကိုယ်တည်းရှင်သန်ဖို့ရွေးကြတာများပါတယ်။ သူတို့ရဲ့ဘဝအပေါ်ရှုမြင်မှုက စိတ်ကူးယဉ်ဆန်ပြီးအနှောင့်အယှက်များထက် တကိုယ်ရေဖွံ့ဖြိုးမှုကိုဦစားပေးပြီးတယောက်ထဲလွတ်လွတ်လပ်လပ်နေချင်ကြသူများဖြစ်ပါတယ်။

Virgo
သူတို့တွေကလက်တွေ့ကျပြီး ပိုင်းခြားသိမြင်နိုင်တဲ့ ရာသီခွင်များဖြစ်ကြပါတယ်။လက်တွေ့ကျတဲ့ အတွေးအမြင်နဲ့ ချဉ်းကပ်ကြပါတယ်။ သူတို့ကကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုတန်ဖိုးထားပြီး အချစ်ရေးမှာလည်း လက်တွဲဖော်ရဲ့အနှောင့်အယှက်မရှိဘဲ ရည်မှန်းချက်များ၊ ဆန္ဒများကို အာရုံစိုက်လိုကြပါတယ်။သူတို့ရဲ့ကိုယ်ပိုင်စံနှုန်းများနဲ့အညိ ဘဝကိုစေ့စေ့စပ်စပ်ဖန်တီးပုံဖော်လိုကြပါတယ်။

Sagittarius
Sagittarians များက ထာဝရစွန့်စားကြသူများဖြစ်ပြီး စိတ်လှုပ်ရှားမှုကို ဒေါင့်ပေါင်းစုံကနေစူးစမ်းရှာဖွေသူများဖြစ်ပါတယ်။ သူတို့က တကိုယ်ရေဘဝကို နှစ်သက်ကြပြီးစိတ်ဆန္ဒရှိသလောက် နေရာတိုင်းမှာ လွတ်လပ်စွာသွားလာခွင့်ကို နှစ်သက်ကြပါတယ်။ သူတို့ကအ ကောင်းမြင်စိတ်နဲ့ ဘဝအတွက်စိတ်အားထက်သန်မှုတို့ပေါင်းစပ်ပြိး စွန့်စားခန်းတွေကိုရှာဖွေနေတတ်ကြပါတယ်။

Aries
မီးတောက်နဲ့ အမှီအခိုကင်းတဲ့ Aries များက တကိုယ်ရေဘဝမှာရှင်သန်လိုကြပြီးသူတို့ရဲ့ဝါသနာများကို မယိမ်ယိုင်တဲ့ ဆုံးဖြတ်ချက်များနဲ့ လျှောက်လှမ်းချင်ကြပါတယ်။အတားအဆီးများမပါဘဲ သူတို့ရဲ့စိတ်ကူးအိပ်မက်များကိုလျှောက်လှမ်းရတာကိုနှစ်သက်ကြပါတယ်။ သူတို့ရဲ့ ကြီးမားတဲ့စွမ်းအင်နဲ့ ရည်မှန်းချက်များကိုကြိုးပမ်းဖို့ စိတ်အားထက်သန်ကြပါတယ်။ ဒါကြောင့်ပဲ လက်တွဲဖော်ဆိုတာထက်တကိုယ်ရေနေရတာကို ပိုနှစ်သက်ပါတယ်။

MYit

zawgyi


Aquarius

Virgo

Sagittarius

Aries

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*