ကေတီပယ်ရီပွဲကိုလာအားပေးတဲ့အော်လန်ဒိုဘလွန်းနဲ့သမီးလေး
ကေတီပယ်ရီရဲ့ Show နောက်ဆုံးဖျော်ဖြေပွဲညကို တက်ရောက်ခဲ့ကြသူတွေထဲမှာတော်ဝင်မင်းသားဟယ်ရီ၊ မီဂန်မာကယ်လ်၊ စလင်းဒီယွန်နဲ့အော်လန်ဒိုဘလွန်းတို့လည်းပါဝင်ခဲ့တယ်လို့သိရပါတယ်။ ဟယ်ရီနဲ့မီဂန်မာကယ်လ်တို့ကယ်လ်ဖိုးနီးယားကိုပြောင်းရွှေ့လာချိန်မှာ ကေတီပယ်ရီနဲ့အိမ်နီးချင်းဖြစ်ခဲ့ပြီးခင်မင်ရင်းနှီးခဲ့ကြတယ်လို့သိရပါတယ်။ နေပြန်ကောင်းလာပြီဖြစ်တဲ့အဆိုတော်ကြီးစလင်းဒီယွန်ကလည်း ကေတီပယ်ရီ Show ရဲ့ VIP နေရာမှာကျန်းမာလှပစွာဓာတ်ပုံအရိုက်ခံခဲ့တာကိုတွေ့မြင်ရပါတယ်။ ပြီးခဲ့တဲ့စနေကကျင်းပခဲ့တဲ့ ကေတီပယ်ရီရဲ့ဖျော်ဖြေပွဲနောက်ဆုံးညမှာ အော်လန်ဒိုဘလွန်းကလည်းသူနဲ့ကေတီပယ်ရီတို့ရဲ့ ၃ နှစ်အရွယ်သမီးလေး Daisy Dove Bloom နဲ့အတူတက်ရောက်လာခဲ့တာဖြစ်ပါတယ်။ဖျော်ဖြေပွဲအတွင်းကေတီပယ်ရီက သီချင်းကိုခဏရပ်ပြီး သမီးလေးဒေစီကိုအော်ခေါ်ကာအားလုံးနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ […]